North America
၂၀၂၄ ခုနှစ်တွင် အမေရိကန် စစ်ဘက်စက်မှုကုမ္ပဏီလုပ်ငန်းများ၏ ဝင်ငွေမှာ ကမ္ဘာ့ထိပ်တန်း ၁၀၀ စာရင်းဝင်ကုမ္ပဏီလုပ်ငန်းများ၏ ဝင်ငွေတစ်ဝက်နီးပါး ရှိသည်ဟု ဆွီဒင် Think Tank အစီရင်ခံစာတွင် ဖော်ပြ
ဟယ်လ်ဆင်ကီ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရေးနှင့် စစ်ရေးဝန်ဆောင်မှု ကုမ္ပဏီ ၁၀၀ ၏ စုစုပေါင်းဝင်ငွေမှာ ကန်ဒေါ်လာ ၆၇၉ ဘီလီယံရှိပြီး ယင်းအနက် အမေရိကန်ကုမ္ပဏီများ၏ ဝင်ငွေမှာ ကန်ဒေါ်လာ ၃၃၄ ဘီလီယံဖြစ်ကာ စုစုပေါင်းဝင်ငွေ၏ တစ်ဝက်နီးပါးရှိသည်ဟု ဆွီဒင်နိုင်ငံ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (SIPRI) ၏ ဒီဇင်ဘာလ ၁ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်း လက်နက်ထုတ်လုပ်ရေးနှင့် စစ်ရေးဝန်ဆောင်မှုကုမ္ပဏီ ၁၀၀ ၏ ဝင်ငွေမှာ ယမန်နှစ် ကာလတူထက် ၅.၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဒေသအလိုက် ခွဲခြားကြည့်လျှင် ပမာဏတိုးတက်လာမှုမှာ အဓိကအားဖြင့် ဥရောပနှင့် အမေရိကန်ကုမ္ပဏီများမှ ဖြစ်ကြောင်း၊ ထိပ်တန်း ၁၀၀ စာရင်းဝင် အမေရိကန်ကုမ္ပဏီ ၃၉ ခု၏ စုစုပေါင်းဝင်ငွေ တိုးတက်မှုမှာ ၃.၈ ရာခိုင်နှုန်းရှိပြီး ကန်ဒေါ်လာ ၃၃၄ ဘီလီယံအထိ ရောက်ရှိကြောင်း၊ ယင်းအနက်မှ အမေရိကန် အာကာသစူးစမ်းရေး နည်းပညာကုမ္ပဏီ (SpaceX) သည် ပထမဆုံးအကြိမ် ထိပ်တန်း ၁၀၀ စာရင်းသို့ ဝင်ရောက်လာပြီး ယင်း၏ လက်နက်ရောင်းချမှုဝင်ငွေမှာ ၂၀၂၃ ခုနှစ်၏ နှစ်ဆရှိပြီး ကန်ဒေါ်လာ ၁.၈ ဘီလီယံအထိ ရှိကြောင်း ဖော်ပြထားသည်။
လွန်ခဲ့သည့်နှစ် ကမ္ဘာ့လုံးဆိုင်ရာ လက်နက်ထုတ်လုပ်ရေးနှင့် စစ်ရေးဝန်ဆောင်မှု ကုမ္ပဏီများ၏ ဝင်ငွေသည် SIPRI တွင် မှတ်တမ်းတင်ခဲ့သည့်အချိန်မှစ၍ အမြင့်ဆုံးအဆင့် ရောက်ရှိခဲ့ပြီး ယင်းမှာ အဓိကအားဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ ကမ္ဘာ့တစ်ဝန်းနှင့် ဒေသတွင်း ပထဝီဝင်နိုင်ငံရေး တင်းမာမှု ဆိုးရွားလာခြင်းနှင့် နိုင်ငံအသီးသီး၏ စစ်ရေးကုန်ကျစရိတ် စဉ်ဆက်မပြတ် မြှင့်တင်ခြင်းကြောင့် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
SIPRI ကို ၁၉၆၆ ခုနှစ်တွင် ထူထောင်ခဲ့ပြီး လက်နက်ထိန်းချုပ်ရေးနှင့် လက်နက်လျှော့ချရေးကိစ္စရပ်များကို လေ့လာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ (Xinhua)
…………………….
(Chinese Version)
瑞典智库:2024年美国军工企业收入占全球百强近一半
新华社赫尔辛基12月1日电(记者朱昊晨 徐谦)斯德哥尔摩消息:瑞典斯德哥尔摩国际和平研究所12月1日发布报告说,2024年全球百强武器制造和军事服务公司总收入为6790亿美元,其中美国公司收入3340亿美元,占到总额的近一半。
报告说,2024年全球百强武器制造和军事服务公司收入同比增长5.9%。从地区分布来看,增量主要来自欧洲和美国的公司。百强榜单中的39家美国公司合计收入增长3.8%,达到3340亿美元。其中,美国太空探索技术公司(SpaceX)首次跻身百强榜单,其武器销售收入是2023年的两倍,达到18亿美元。
报告说,去年,全球武器制造和军事服务公司收入达到斯德哥尔摩国际和平研究所有记录以来的最高水平,这主要源于俄乌冲突、巴以冲突、全球和地区地缘政治紧张加剧以及各国军费开支持续走高。
斯德哥尔摩国际和平研究所成立于1966年,是一家研究军备控制和裁军问题的机构。(完)
图说:这是10月21日在美国华盛顿拍摄的国会大厦。新华社记者 李睿 摄
