Europe
NATO အဖွဲ့က ရုရှားအပေါ် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” ဟူသော ပြောဆိုချက်က “အလွန်အမင်း တာဝန်ယူမှု မရှိရာကျ” သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို
မော်စကို၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova သည် ဒီဇင်ဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ NATO အဖွဲ့ စစ်ရေးကော်မတီ ဥက္ကဋ္ဌ Giuseppe Cavo Dragone က ဗြိတိန် Financial Times ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ NATO အဖွဲ့က ရုရှားအပေါ် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” လုပ်ဆောင်မည် ဟူသော ပြောဆိုချက်အား ဝေဖန်ခဲ့ပြီး ယင်းသည် “အလွန်အမင်း တာဝန်ယူမှု မရှိရာကျတဲ့ လုပ်ရပ်” ဖြစ်သည်ဟု ယူဆကြောင်း ဆိုခဲ့သည်။
Financial Times ဝက်ဘ်ဆိုက်၏ နိုဝင်ဘာ ၃၀ ရက် သတင်းဖော်ပြချက်အရ Giuseppe Cavo Dragone က အဆိုပါမီဒီယာအား NATO အဖွဲ့အနေဖြင့် ရုရှား “ရောနှောစစ်ပွဲ” အား ကိုင်တွယ်စီမံမှုအတိုင်းအတာကို မြှင့်တင်ရန် စီစဉ်နေကြောင်း၊ ရုရှားအပေါ် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” သည် “ကာကွယ်ရေးလှုပ်ရှားမှု” တစ်မျိုးဟု ရှုမြင်နိုင်ကြောင်း ပြောကြားခဲ့သည်။
Maria Zakharova က အဆိုပါပြောကြားချက်သည် NATO အနေဖြင့် အချိန်မရွေး အခြေအနေအား အဆင့်မြှင့်တင်ရန် ပြင်ဆင်နေပြီး ယူကရိန်းအကျပ်အတည်းအား ဖြေရှင်းရန် ကြိုးပမ်းမှုများကို တမင်ဖျက်ဆီးလိုသည်ကို ဖော်ပြနေသည်ဟု ဆိုသည်။ ထိုကဲ့သို့ပြောကြားသူသည် NATO အဖွဲ့ဝင်နိုင်ငံများအပေါ် ဖြစ်ပေါ်လာစေမည့် သက်ရောက်မှုအပါအဝင် ယင်းကြောင့်ဖြစ်ပေါ်လာသည့် အန္တရာယ်နှင့် အလားအလာရှိသည့် နောက်ဆက်တွဲရလဒ်များအား သိမြင်ရမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
NATO အဖွဲ့က ရုရှားဆန့်ကျင်ရေးကို လှုံ့ဆော်ပြီး ရုရှားသည် NATO အဖွဲ့အား “မကြာမီတိုက်ခိုက်တော့မည်” ဟူသော ထိတ်လန့်ဖွယ်ခံစားချက်များ ဖြန့်ချိနေသည့် အခြေအနေအောက်တွင် ထိုကဲ့သို့ပြောဆိုချက်က ရှိပြီးသားအတိုက်အခံဖြစ်မှုကို ပြင်းထန်စွာ ဆိုးရွားသွားစေပြီး မီးလောင်ရာလေပင့်ခြင်းပင်ဖြစ်ကြောင်း၊ ထို့အပြင် “လက်ဦးမှုယူ၍ တိုက်ခိုက်မှု” ဟူသော ပြောဆိုချက်သည် NATO အဖွဲ့က အကြိမ်ကြိမ်ထုတ်ပြောဆိုထားသော “ကာကွယ်ရေးသီးသန့်” ဟူသည့် မုသားစကားကို ချေဖျက်လိုက်ခြင်းလည်းဖြစ်သည်ဟု Maria Zakharova က ထောက်ပြပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
俄外交部:北约对俄“先发制人打击”言论“极不负责任”
新华社莫斯科12月1日电(记者陈汀)俄罗斯外交部发言人扎哈罗娃12月1日发布声明,批评北约军事委员会主席朱塞佩·卡沃·德拉戈内接受英国《金融时报》采访时有关北约要对俄罗斯进行“先发制人打击”言论,认为这是“极其不负责任的举动”。
据《金融时报》网站11月30日报道,德拉戈内对该媒体表示,北约正计划加强对俄罗斯“混合战争”的应对力度,称对俄“先发制人打击”可被视为一种“防御性行动”。
扎哈罗娃说,此番言论表明北约随时准备升级局势,蓄意破坏解决乌克兰危机的努力。她警告说,发表此类言论的人必须意识到由此产生的风险和潜在后果,包括对北约成员国自身产生的影响。
扎哈罗娃指出,在北约煽动反俄情绪并散布俄罗斯“即将攻击”北约的恐慌情绪背景下,此类言论严重激化了业已存在的对抗,是火上浇油。此外,“先发制人打击”的论述还粉碎了北约反复宣称的所谓“纯粹防御性本质”的谎言。(完)
图说:11月18日,俄罗斯外交部发言人扎哈罗娃在莫斯科接受新华社记者专访。新华社记者孟菁摄
