Connect with us

Latin America

အချုပ်အခြာအာဏာအား ထိပါးခြင်းက စစ်ကြေညာခြင်းပင်ဖြစ်သည်ဟု ကိုလံဘီယာ သမ္မတက အမေရိကန်၏ ခြိမ်းခြောက်မှုအပေါ် တုံ့ပြန်

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာရှိ ဘိုလီဗာရင်ပြင်၌ အမှာစကားပြောကြားနေသော ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာကြောင့် “တိုက်ခိုက်မှုခံရနိုင်သည်” ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုချက်နှင့်စပ်လျဉ်း၍ ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro က ကိုလံဘီယာ၏ အချုပ်အခြာအာဏာအား မခြိမ်းခြောက်ရန် ၊ “ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာက စစ်ကြေညာတာပဲ” ဟု ထိုနေ့တွင် လူမှုမီဒီယာမှတစ်ဆင့် သတိပေးပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် ထရမ့်က ကိုလံဘီယာနိုင်ငံပြည်တွင်း၌ မူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းများသည် ကိုကင်းများထုတ်လုပ်၍ အမေရိကန်သို့ ရောင်းချနေကြောင်း၊ အမေရိကန်သို့ “မူးယစ်ဆေးဝါးရောင်းချ” သည့် နိုင်ငံမှန်သမျှသည် “တိုက်ခိုက်မှုခံရမည်” ဟု အိမ်ဖြူတော်တွင်ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ မီဒီယာများကို ပြောကြားခဲ့သည်။
ယင်းအပေါ် Gustavo Petro က ကိုလံဘီယာအစိုးရသည် မူးယစ်ဆေးဝါးထုတ်လုပ်သည့်စခန်းပေါင်း ၁၈,၄၀၀ ကျော်အား ဖမ်းဆီးဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ “နေ့စဉ် စခန်း ၉ ခုကို ဖမ်းဆီးဖျက်ဆီးနေတဲ့ လှုပ်ရှားမှုကို ကိုယ်တိုင်သက်သေထူဖို့” ထရမ့်အား ကိုလံဘီယာနိုင်ငံသို့ လာရောက်ရန် ၎င်းအနေဖြင့်ဖိတ်ခေါ်ကြောင်း၊ တစ်ချိန်တည်းတွင် ကိုလံဘီယာနိုင်ငံက အမေရိကန်သို့စီးဝင်မည့် ကိုကင်းတန်ချိန်ထောင်နှင့်ချီကို တားဆီးနိုင်ခဲ့ကြောင်းလည်း ထောက်ပြပြောကြားခဲ့သည်။
Gustavo Petro က အမေရိကန်အနေဖြင့် ထိုမတိုင်မီ ၎င်းကိုယ်တိုင်နှင့် ပတ်သက်သော ပြောဆိုချက်သည် အသရေဖျက်မှုဖြစ်နေသောကြောင့် မှားယွင်းသောလမ်းထက်တွင် ဆက်လက်ရှေ့မဆက်သင့်ကြောင်းလည်း ဆိုသည်။
ယခုနှစ် အောက်တိုဘာ ၁၉ ရက်နှင့် ၂၂ ရက်တွင် ထရမ့်က Gustavo Petro အား “မူးယစ်ရာဇာ” ဟု နှစ်ကြိမ်တိုင် ထုတ်ဖော်ခေါ်ဆိုခဲ့သည်။ ၎င်းက Gustavo Petro နှင့် ကိုလံဘီယာနိုင်ငံအပေါ် “အလွန်တင်းကျပ်သည့် လှုပ်ရှားမှု လုပ်ဆောင်မည်” ဟုလည်း ခြိမ်းခြောက်ခဲ့ပြီး ကိုလံဘီယာဘက်အပေါ် ကူညီမှုအားလုံးကို ဖြတ်တောက်လိုက်ပြီးဖြစ်ကြောင်း ဆိုခဲ့သည်။
Gustavo Petro က အောက်တိုဘာ ၂၂ ရက်တွင် လူမှုမီဒီယာ၌ “အမေရိကန် ပြည်တွင်းအဆင့်မြင့်အရာရှိက ကျွန်တော့်အပေါ် အသရေဖျက်စွဲဆိုမှုနှင့် စပ်လျဉ်းပြီး ကျွန်တော်က အမေရိကန်ရှေ့နေကနေတစ်ဆင့် အမေရိကန် တရားစီရင်မှုစနစ်အတွင်းကနေ တရားဥပဒေအရ ထုချေတင်ပြမှု လုပ်ဆောင်သွားမှာပါ” ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ကိုလံဘီယာနိုင်ငံသည် တစ်ချိန်က အမေရိကန်၏ လက်တင်အမေရိကတိုက်ရှိ အစဉ်အလာမဟာမိတ်ဖြစ်ခဲ့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးသည် လတ်တလောကာလများအတွင်း တင်းမာမှုများ ရှိလာသည်။ အမေရိကန်ဘက်က လတ်တလောကာလတွင် “မူးယစ်ဆေးဝါးရောင်းချသူများအား တိုက်ဖျက်ခြင်း” ဟူသော အကြောင်းပြချက်ဖြင့် ကာရေဘီယံပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာ၌ သင်္ဘောများစွာကို တိုက်ခိုက်ခဲ့ရာ ၎င်းအနက် ကိုလံဘီယာမှသင်္ဘောများလည်း ပါဝင်သည်။ ကူညီမှုရပ်တန့်သည်ဟု ထုတ်ပြန်ကြေညာမှုအပြင် ထရမ့်က ကိုလံဘီယာနိုင်ငံအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည်ဟုလည်း ခြိမ်းခြောက်ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
哥伦比亚总统回应美国威胁:侵犯主权即宣战
新华社加拉加斯12月2日电(记者李子健 田睿)波哥大消息:针对美国总统特朗普2日声称哥伦比亚可能因毒品问题而“遭受攻击”的言论,哥伦比亚总统佩特罗当天通过社交媒体警告说,切勿威胁哥方主权,“侵犯我们的主权即宣战”。
当天早些时候,特朗普在白宫的内阁会议上对媒体称,哥伦比亚境内的制毒窝点制造可卡因并销往美国,任何向美国“贩毒”的国家都将“遭受攻击”。
佩特罗对此回应说,哥伦比亚政府已捣毁1.84万个制毒窝点。他邀请特朗普来哥伦比亚“亲自见证每天摧毁9个窝点的行动”,同时指出哥伦比亚拦截了数千吨流向美国的可卡因。
佩特罗还说,美方此前有关他本人的言论已构成诽谤,不应在错误的道路上继续下去。
今年10月19日和22日,特朗普两度公开宣称佩特罗是“毒品头子”。他还威胁可能对佩特罗及哥伦比亚“采取非常严厉的行动”,并表示已切断对哥方所有援助。佩特罗当月22日在社交媒体回应说:“针对美国境内高级官员对我提出的诽谤指控,我将通过美国律师在美国司法体系中进行法律辩护。”
哥伦比亚曾是美国在拉丁美洲的传统盟友,但两国关系近来趋紧。美方近期以“打击贩毒”为由在加勒比海和东太平洋袭击多艘船只,其中包括哥伦比亚船只。除宣布暂停援助,特朗普还威胁对哥加征关税。(完)
图说:10月24日,哥伦比亚总统佩特罗在首都波哥大的玻利瓦尔广场发表讲话。新华社发(安德烈斯·莫雷诺摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.