Asia
တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်ဆွေးနွေးမှု လုံးဝပြတ်တောက်သည့် အနေအထားတွင် ရှိနေဟု တောင်ကိုရီးယား သမ္မတ ပြောကြား
ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားသည် လက်ရှိတွင် ဆွေးနွေးမှုနှင့် အရေးပေါ် ဆက်သွယ်ရေးကွန်ရက် လုံးဝပြတ်တောက်သည့် အနေအထားတွင် ရှိကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတ လီဂျေမြောင်က ဒီဇင်ဘာ ၃ ရက် နိုင်ငံခြားမီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“တောင်ကိုရီးယားဘက်က “ပျော့ပျောင်းတဲ့သဘောထားကို ဆက်လက်ပြသသွားမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် မြောက်ကိုရီးယားကို ရေဒီယိုထုတ်လွှင့်မှုများ ရပ်ဆိုင်းခြင်း၊ အထင်လွဲမှားမှုဖြစ်စေနိုင်တဲ့ စစ်ရေးလှုပ်ရှားမှုများကို အတတ်နိုင်ဆုံးလျှော့ချခြင်း စတာတွေ ဖြစ်တယ်” ဟု လီဂျေမြောင်က ပြောကြားခဲ့သည်။
မြောက်ကိုရီး-အမေရိကန်ဆက်ဆံရေးကို ပြောကြားရာတွင် လီဂျေမြောင်က တောင်ကိုရီးယားဘက်အနေဖြင့် မြောက်ကိုရီးယား-အမေရိကန် တွေ့ဆုံဆွေးနွေးမည့်အခြေအနေကို အစွမ်းကုန် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်အောင်ဆောင်ရွက်ခြင်းက ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းရန် သို့မဟုတ် ပြေလျော့စေရန် အထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ အပြည့်အဝ ဆွေးနွေးနိုင်ကြောင်း၊ ယင်းမှာ အမေရိကန်နှင့် မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးမှုနှင့် စေ့စပ်ညှိနှိုင်းမှုလုပ်ဆောင်ရန်အတွက် အထောက်အကူဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
——————-
(Chinese Version)
韩国总统:韩朝处于对话联络完全中断状态
新华社首尔12月3日电(记者陆睿 黄昕欣)韩国总统李在明3日举行外媒记者会时表示,韩国和朝鲜目前处于对话和紧急联络网完全中断状态。
李在明表示,韩方将“继续展现柔和姿态,比如中断对朝鲜广播、最小化可能引起误会的军事行动等”。
谈及朝美关系时,李在明表示,韩方将全力为朝美对话创造条件,改善朝美关系有助于解决或缓和朝鲜半岛问题。他还表示,可就韩美联合军演等议题进行充分讨论,这有助于美国与朝鲜展开对话和磋商。(完)
1. 11月1日,韩国总统李在明在欢迎仪式现场。 当地时间11月1日下午,国家主席习近平出席韩国总统李在明举行的欢迎仪式。 新华社记者 李琰 摄
