Connect with us

Asia

အိန္ဒိယရူပီးနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း စံချိန်တင် အနိမ့်ဆုံးသို့ ကျဆင်း

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ Chhatrapati Shivaji မီးရထားဘူတာ အပြင်ဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယရူပီးနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းမှာ ဒီဇင်ဘာ ၃ ရက်တွင် ပထမဆုံးအကြိမ် ၁ ဒေါ်လာလျှင် ရူပီး ၉၀ အထိ ကျဆင်းခဲ့ပြီး စံချိန်တင် အနိမ့်ဆုံးဖြစ်ခဲ့သည်။
ရူပီးငွေတန်ဖိုး သိသိသာသာ ကျဆင်းမှုကြောင့် ထိုနေ့တွင် အိန္ဒိယ၏ အဓိက စတော့ရှယ်ယာ အညွှန်းကိန်းဖြစ်သော Nifty 50 သည် ၂၆,၀၀၀ ပွိုင့် ကျဆင်းခဲ့ပြီး မွမ်ဘိုင်းစတော့အိတ်ချိန်း၏ BSE SENSEX မှာမူ အစောပိုင်း ကုန်သွယ်မှုတွင် ၂၀၀ ပွိုင့် နီးပါး ကျဆင်းခဲ့သည်။

အိန္ဒိယနှင့် အမေရိကန် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု မသေချာမရေရာခြင်းသည် ရူပီးငွေလဲလှယ်နှုန်း ဖိအားပေးခံရခြင်း အဓိကအကြောင်းရင်းဖြစ်သည်ဟု အချို့သော ဈေးကွက်လေ့လာသုံးသပ်သူများက ယူဆကြသည်။ အမေရိကန်က အိန္ဒိယနိုင်ငံကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် စုစုပေါင်းသည် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ရာ နှစ်ဖက်ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းရေး တိုးတက်မှုမှာ နှေးကွေးပေသည်။ ထို့အပြင် အိန္ဒိယဗဟိုဘဏ်ကလည်း ငွေလဲလှယ်နှုန်းကို ထိန်းထားရန် အစီအမံများ မချမှတ်ခဲ့သောကြောင့် ဈေးကွက်၏ ရူပီးငွေ တန်ဖိုးကျဆင်းမှုဆိုင်ရာ စိုးရိမ်မှုကို ဆိုးရွားစေခဲ့သည်။
အိန္ဒိယသည် ရေနံ၊ အီလက်ထရောနစ်ပစ္စည်း၊ ဓာတ်မြေဩဇာစသည့် ကုန်ပစ္စည်းများကို တင်သွင်းမှုအပေါ် မှီခိုနေရကြောင်း ဒေသခံမီဒီယာများက ဖော်ပြကြသည်။ ရူပီးငွေတန်ဖိုးကျဆင်းမှုသည် သက်ဆိုင်ရာကုန်စည်များ၏ ဈေးနှုန်းများကို တစ်ဆင့်တိုး မြင့်တက်စေနိုင်ခြေရှိပြီး အိန္ဒိယပြည်သူများ၏ လူနေမှုဘဝများကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။ (Xinhua)
………………….
(Chinese Version)
印度卢比对美元汇率跌至历史新低
新华社新德里12月3日电 印度卢比对美元汇率3日首次跌破90卢比兑换1美元关口,创历史新低。
当天,受卢比大幅贬值影响,印度主要股指Nifty 50指数跌破26000点,孟买证券交易所敏感指数早盘交易下跌近200点。
一些市场分析人士认为,印度和美国贸易谈判的不确定性是卢比汇率承压的重要原因。美国对印度产品征收的关税税率累计高达50%,而双方贸易谈判进展缓慢。此外,印度央行未采取措施维持汇率,加剧了市场对卢比贬值的担忧。
当地媒体称,印度的石油、电子产品、化肥等依赖进口。卢比疲软或进一步推高相关商品价格,影响印度民众生活。(完)
图说:这是8月24日在印度孟买拍摄的贾特拉帕蒂·希瓦吉火车站外景。新华社记者 伍岳 摄