Asia
နိုင်ငံဖြတ်ကျော် လိမ်လည်မှုဂိုဏ်းများစွာမှ ထိုင်းဘတ် ၁၀ ဘီလီယံကျော် ရှိသော ပိုင်ဆိုင်မှုများကို စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း ထိုင်းနိုင်ငံ ကြေညာ
ဘန်ကောက်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
မကြာသေးမီရက်က လှုပ်ရှားမှုများတွင် နိုင်ငံဖြတ်ကျော် လိမ်လည်မှုဂိုဏ်းများစွာမှ ထိုင်းဘတ် ၁၀ ဘီလီယံကျော် (ယွမ် ၂.၂၁၅ ဘီလီယံခန့်) ရှိသော ပိုင်ဆိုင်မှုများကို စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း ထိုင်းနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးက ဒီဇင်ဘာ ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပ၍ ကြေညာခဲ့ကြောင်း ထိုင်းမီဒီယာများက ဒီဇင်ဘာ ၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး အနူတင် ချန်ဗီရာကူးလ်၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ကော်မရှင်နာနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး အထွေထွေအတွင်းရေးမှူးချုပ်စသည့် အရာရှိများ တက်ရောက်ခဲ့ကြပြီး ထိုင်းနည်းပညာဆိုင်ရာ ပြစ်မှုတိုက်ဖျက်ရေး စင်တာနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့ လတ်တလော ပူးပေါင်းလုပ်ဆောင်သည့် နိုင်ငံဖြတ်ကျော် လိမ်လည်မှုတိုက်ဖျက်ရေး လှုပ်ရှားမှုများမှ ရလဒ်များကို အတူတကွကြေညာခဲ့သည်။ ယင်းတို့မှာ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံဖြတ်ကျော် လိမ်လည်မှုဂိုဏ်း ၄ ခုမှ ဇိမ်ခံကား၊ အပျော်စီးသင်္ဘော၊ ဘဏ်အကောင့်နှင့် မြေကွက်များအပါအဝင် စုစုပေါင်း ထိုင်းဘတ် ၁၀.၁၆၅ ဘီလီယံကျော်တန်ဖိုးရှိသော ပိုင်ဆိုင်မှုများကို စစ်ဆေးသိမ်းဆည်းခဲ့သည်။ ထို့အပြင် ရဲတပ်ဖွဲ့က သံသယရှိသူ ၄၂ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ရာ ၂၉ ဦး ဖမ်းဆီးရမိပြီး ၎င်းတို့ကို အစီအစဉ်ချ ပြစ်မှုကျူးလွန်မှု၊ လိမ်လည်မှုနှင့် ငွေကြေးခဝါချမှု စသည့် ပြစ်မှုများနှင့် တရားစွဲဆိုထားသည်။
ထိုင်းနိုင်ငံ အစိုးရသည် ဤကဲ့သို့ ပြစ်မှုကျူးလွန်သည့်လုပ်ရပ်များကို အထူးအလေးထားကာ သက်ဆိုင်ရာအဖွဲ့များက တရားဥပဒေနှင့်အညီ လုပ်ဆောင်မှုများကို အစွမ်းကုန် ထောက်ခံအားပေးသွားမည်ဖြစ်ပြီး မည်သည့်ဂိုဏ်းဂဏ သို့မဟုတ် မည်သူ့ကိုမျှ ခြွင်းချက်များ သို့မဟုတ် အထူးခံစားခွင့်များ ပေးမည်မဟုတ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အစိုးရအပေါ် ယုံကြည်စိတ်နှင့် ယုံကြည်မှုထားရှိရန် မျှော်လင့်ကြောင်း အနူတင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လတ်တလောတွင် ထိုင်းနိုင်ငံအစိုးရသည် ဆိုက်ဘာပြစ်မှုတိုက်ဖျက်ရေးကို အထူးအလေးထားလျက်ရှိသည်။ ထိုင်းနိုင်ငံသည် လိမ်လည်မှုနှင့် ဆိုက်ဘာပြစ်မှုတိုက်ဖျက်ရေးကို “အမျိုးသားအဆင့်လုပ်ငန်းစဉ်” အဖြစ် မြှင့်တင်ထားပြီး လိမ်လည်မှုဂိုဏ်း တိုက်ဖျက်ရေး နိုင်ငံတကာအသိုင်းအဝိုင်း၏ လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ရန် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးကို အသုံးပြုသွားမည်ဖြစ်ကြောင်း အနူတင်က ယင်းမတိုင်မီ ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
泰国宣布查获跨国诈骗集团超100亿泰铢资产
新华社曼谷12月4日电(记者常天童)泰国媒体4日报道,泰国反洗钱办公室3日召开新闻发布会宣布,在近日行动中查获多家跨国诈骗集团超过100亿泰铢(约合22.15亿人民币)资产。
泰国总理兼内政部长阿努廷、泰国警察总监和反洗钱办公室秘书长等官员出席发布会,共同宣布了泰国技术犯罪打击中心与反洗钱办公室近期合作开展的打击跨国诈骗行动的成果:泰国警方查获了4家跨国诈骗集团总额超过101.65亿泰铢的资产,包括豪车、游艇、银行账户和土地;警方还对42名嫌疑人发出逮捕令,并抓获29人,他们被控犯有组织犯罪、诈骗和洗钱等罪行。
阿努廷在发布会上表示,泰国政府高度重视此类犯罪行为,并将全力支持相关机构依法采取行动,不会对任何集团或任何人给予例外或特殊优待,希望公众对政府抱有信心和信任。
近期,泰国政府高度重视打击网络犯罪。阿努廷此前表示,泰国已将打击诈骗和网络犯罪提升为“国家议程”,将动用一切可能的手段积极参与国际社会打击诈骗集团的行动。(完)
图说:9月29日,在泰国首都曼谷,泰国总理阿努廷在出席国会会议时宣读施政方针。新华社发(拉亨摄)
