Connect with us

Asia

ဆာနာအဲ တာကာအိချိ စည်းကမ်းချိုးဖောက်၍ ကုမ္ပဏီ၏ နိုင်ငံရေးအလှူငွေ သံသယရှိကြောင်း စွဲဆိုခဲ့ရ

တိုကျို၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် စည်းကမ်းချိုးဖောက်၍ ကုမ္ပဏီ၏ နိုင်ငံရေးအလှူငွေ လက်ခံသည်ဟု ဂျပန်နိုင်ငံ ကိုဘဲကာကူအင်တက္ကသိုလ် ပါမောက္ခ ဟီရိုရှိ ကာမိဝါကီ က ဒီဇင်ဘာ ၄ ရက်တွင် အစိုးရရှေ့နေရုံးထံသို့ တရားစွဲဆိုခဲ့ကြောင်း ဂျပန်ကျိုဒိုသတင်းဌာန၏ သတင်းအရသိရသည်။
တရားစွဲဆိုထားသော စာရွက်စာတမ်းများအရ ဆာနာအဲ တာကာအိချိ ကိုယ်စားပြုသည့် “လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နာရခရိုင် အမှတ် ၂ မဲဆန္ဒနယ် ဌာနခွဲ” သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် တိုကျိုမြို့ ကုမ္ပဏီတစ်ခုထံမှ လှူဒါန်းငွေ ဂျပန်ယန်း သိန်း ၁၀၀ လက်ခံခဲ့ကြောင်း၊ သို့သော် ဂျပန်နိုင်ငံ၏ “နိုင်ငံရေးရန်ပုံငွေ စည်းမျဉ်းဥပဒေ” အရ အဆိုပါကုမ္ပဏီ မှတ်ပုံတင်ထားသော ရင်းနှီးငွေပမာဏအရ တစ်နှစ်ပတ်လုံးအတွင်း အများဆုံးလှူဒါန်းနိုင်သည့် ပမာဏမှာ ဂျပန်ယန်း ၇၅ သိန်းဖြစ်ကြောင်း၊ တရားစွဲဆိုခံရသည့်သူများတွင် ဆာနာအဲ တာကာအိချိ ကိုယ်တိုင်၊ ၎င်းနှင့်သက်ဆိုင်သည့် ဌာနခွဲ၏ စာရင်းကိုင်တာဝန်ခံနှင့် သက်ဆိုင်ရာကုမ္ပဏီ ကိုယ်စားလှယ်တို့ ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ ကိုယ်စားပြုသည့် “LDP ပါတီ ကန်နာဂါဝါခရိုင် အမှတ် ၁၁ မဲဆန္ဒနယ် ဌာနခွဲ” သည်လည်း အလားတူပြဿနာရှိကြောင်း သတင်းပေါ်ထွက်ခဲ့သည်။ ဟီရိုရှိ ကာမိဝါကီက ဒီဇင်ဘာ ၃ ရက်တွင် ယင်းနှင့်စပ်လျဉ်း၍ အစိုးရရှေ့နေရုံးထံ တရားစွဲချက်တင်ခဲ့ပြီးဖြစ်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ LDP ပါတီသည် “နိုင်ငံရေးရန်ပုံငွေ” နာမည်ပျက်သတင်း ပေါ်ထွက်ခဲ့သည်။ ယင်းမှာ အချို့သော ဂိုဏ်းဂဏအဖွဲ့ဝင်များက သက်ဆိုင်ရာ လွှတ်တော်အမတ်များကို သတ်မှတ်စံနှုန်းအတိုင်း နိုင်ငံရေးရန်ပုံငွေစုဆောင်းသည့်ပါတီပွဲလက်မှတ် ရောင်းချခိုင်းပြီး ပိုလျှံသောငွေပမာဏကို “ကော်မရှင်ခ” အနေဖြင့် လွှတ်တော်အမတ်များကို ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော်လည်း သက်ဆိုင်ရာရန်ပုံငွေသည် နိုင်ငံရေးရန်ပုံငွေ အရအသုံးအစီရင်ခံစာအတွင်း၌ မှတ်တမ်းတင်ထားခြင်းမရှိဘဲ စောင့်ကြပ်ခံရခြင်းမရှိသော လျှို့ဝှက်ရန်ပုံငွေ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဆာနာအဲ တာကာအိချိက ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ခန့်အပ်ခဲ့သည့် အဆင့်မြင့်အရာရှိများအနက် ၇ ဦးသည် LDP ပါတီ၏ “နိုင်ငံရေးရန်ပုံငွေ” အမည်ပျက်သတင်းနှင့် ပတ်သက်နေသည်။ ဆာနာအဲ တာကာအိချိက “နိုင်ငံရေးရန်ပုံငွေ” နာမည်ပျက်သတင်း အရေးကိစ္စတွင် သဘောထားပြတ်သားမှုမရှိဘဲ အရင်းအမြစ်မှ ပြုပြင်ရန် ဆန္ဒမရှိဟု ဂျပန်လူထုသဘောထားက ယူဆသည်။ (Xinhua)

———————-
(Chinese Version)
高市早苗被控涉嫌违规收受企业政治捐款
新华社东京12月4日电(记者李子越 陈泽安)据日本共同社报道,日本神户学院大学教授上脇博之4日向检察机关控告:日本首相高市早苗涉嫌违规收受企业的政治捐款。
报道说,根据控告文件,高市担任代表的“自民党奈良县第2选举区支部”2024年8月26日从东京都一家企业处收受了1000万日元捐款。但根据日本《政治资金规正法》,该企业按其注册资本规模全年可捐款上限为750万日元。控告对象包括高市本人、其所属支部的会计负责人以及相关企业代表。
此外,日本防卫大臣小泉进次郎担任代表的“自民党神奈川县第11选举区支部”也被曝存在类似问题。上脇已于3日就此向检察机关提出控告。
2023年11月,日本自民党曾被曝出“黑金”丑闻:部分派阀要求所属议员按指标出售政治筹款派对券,将超额部分以“回扣”形式返还给议员,而相关资金并未登记在政治资金收支报告中,成为不受监管的秘密资金。
今年10月高市就任首相后任命的高级官员中,有7人涉及自民党“黑金”丑闻。日本舆论认为,高市在“黑金”问题上态度含糊,无意从根本上改正。(完)
图说:10月21日,在日本东京,自民党总裁高市早苗(中)在临时国会众议院首相指名选举中胜出后起身致谢。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.