International Organizations
တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အတူတကွဆန့်ကျင်ရန် တရုတ်နိုင်ငံ တိုက်တွန်း
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
လက်ရှိတွင် တစ်ဖက်သတ်ဝါဒသည် အထိန်းအကွပ်မဲ့ပျံ့နှံ့နေပြီး တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဒီဇင်ဘာ ၄ ရက်တွင် ပထမဆုံးအကြိမ် အထိမ်းအမှတ်ပြုသော “တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများ ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့” ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေး၌ ဆွေးနွေးပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အနောက်နိုင်ငံ အနည်းစုအား တရားမျှတမှု၏ တောင်းဆိုမှုကို နားထောင်ကာ တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများကို ချက်ချင်း၊ ခြွင်းချက်မရှိ၊ အပြည့်အဝဖျက်သိမ်းရန် တိုက်တွန်းကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂစနစ်နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများအား ဤတရားမဝင်လုပ်ရပ်ကို အတူတကွဆန့်ကျင်ပြီး ပိတ်ဆို့အရေးယူခံရသော နိုင်ငံများ၏ အခက်အခဲကို ဖြေလျှော့ရေးအတွက် ကူညီပေးရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့်အခြေခံမူများကို အပြင်းအထန်ချိုးဖောက်ကာ နိုင်ငံတကာဥပဒေ၏ အခြေခံစံသတ်မှတ်ချက်နှင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအုတ်မြစ်ကို ပြင်းထန်စွာဖျက်ဆီးခဲ့ကြောင်း၊ အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများကို ပြင်းထန်စွာချိုးဖောက်ပြီး ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် လက်တွေ့အကောင်အထည်ဖော်မှုကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေကြောင်း၊ ထို့အပြင် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ နိုင်ငံတကာစည်းစနစ်နှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ပြင်းထန်စွာ ထိခိုက်စေကြောင်း၊ သို့သော် ယင်းအား ထိရောက်စွာ ဟန့်တားနိုင်ခြင်းမရှိသေးဘဲ ဖွံ့ဖြိုးဆဲနိုင်ငံများစွာနှင့် ၎င်းတို့၏ပြည်သူများသည် နက်ရှိုင်းစွာ ထိခိုက်ခံနေရကြောင်း စွန်းလေက ပြောကြားခဲ့သည်။
တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများကို ဆန့်ကျင်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းဒေသများ၏ ရေရှည်တောင်းဆိုမှုတစ်ခုဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံသည် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ယင်းနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် ၁၀၀ ကျော်ကို အတည်ပြုခဲ့ကြောင်း၊ ကုလသမဂ္ဂတည်ထောင်ခြင်း နှစ် ၈၀ ပြည့် အခါသမယတွင် တရုတ်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းအား “တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများ ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာနေ့” ကို အခွင့်အလမ်းများအဖြစ် မှတ်ယူကာ တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများ၏ ပြင်းထန်သော ထိခိုက်မှုများအပေါ် ရှင်းလင်းသော သိရှိနားလည်မှု လက်ကိုင်ထားရန်၊ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ကျင့်သုံးရန်၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းရန် ခိုင်ခံ့အားကောင်းသော စုပေါင်းအင်အားကို စုစည်းရန် တောင်းဆိုကြောင်း စွန်းလေက ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးပါသော အဖွဲ့ဝင်နှင့် တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများကြောင့် နစ်နာသူအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံကို လမ်းညွှန်ချက်အဖြစ် သက်ဆိုင်ရာဘက်အသီးသီးနှင့်အတူ တစ်ဖက်သတ်အကျပ်ကိုင်လုပ်ဆောင်သော အစီအမံများနှင့် ဗိုလ်ကျစိုးမိုးမှု၊ အနိုင်ကျင့်မှု၊ နိုင်ထက်စီးနင်းပြုမှု လုပ်ရပ်အားလုံးကို အတူတကွ ခုခံဆန့်ကျင်ရန်၊ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာ စနစ်၊ နိုင်ငံတကာ ဥပဒေအား အခြေခံသော နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုများကို ပိုမိုတရားမျှတ ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်အတိုင်း ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ပိုမိုကြီးမားသော ပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
中方呼吁国际社会共同抵制单边强制措施
新华社联合国12月4日电 中国常驻联合国副代表孙磊4日在纪念首个“反对单边强制措施国际日”联大会议上发言时表示,当前,单边主义肆意蔓延,单边强制措施大行其道。中方呼吁少数西方国家听从正义呼声,立即、无条件、彻底取消单边强制措施,呼吁会员国、联合国系统和其他国际组织共同抵制这一非法行径,并帮助受制裁国家缓解困难。
孙磊说,单边强制措施严重违背联合国宪章宗旨和原则,严重破坏国际法基本准则和国际法治根基,严重侵犯生命权、发展权等基本人权,严重阻碍2030年可持续发展议程落实,严重冲击多边主义、国际秩序和全球治理体系。然而,这一问题仍未得到有效遏制,许多发展中国家及其人民深受其害。
孙磊说,反对单边强制措施是国际社会特别是全球南方的长期呼吁,联大过去几十年来就此通过了100多份决议。在联合国成立80周年之际,中方呼吁国际社会以纪念“反对单边强制措施国际日”为契机,对单边强制措施的严重危害保持清醒认识,为践行真正的多边主义、维护国际公平正义汇聚强大合力。
孙磊表示,作为全球南方的重要成员和单边强制措施的受害者,中方将以全球治理倡议为指引,同有关各方一道,共同反对和抵制单边强制措施以及一切霸权、霸凌、霸道行径,维护以联合国为核心的国际体系、以国际法为基础的国际秩序,推动全球治理朝着更加公正合理的方向发展,为世界和平与发展事业作出更大贡献。(完)
