Europe
ဥရောပသမဂ္ဂက အမေရိကန် ဆိုရှယ်မီဒီယာ X အား ယူရို သန်း ၁၂၀ ဒဏ်ငွေ ချမှတ်
ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
ဥရောပကော်မရှင်က ဒီဇင်ဘာ ၅ ရက်တွင် “ဒစ်ဂျစ်တယ်ဝန်ဆောင်မှု ဥပဒေ (DSA)” အရ ပထမဆုံး “စည်းကမ်းလိုက်နာမှုမရှိသော ဆုံးဖြတ်ချက်” ကို ချမှတ်ကာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ်၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း X အား ယူရို သန်း ၁၂၀ ဒဏ်ငွေ ချမှတ်လိုက်ကြောင်း ဥရောပကော်မရှင်က ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပလက်ဖောင်း X ၏ “အပြာရောင် အတည်ပြုတံဆိပ် (blue checkmark)” သည် ငွေပေးချေရုံဖြင့် ရရှိနိုင်ပြီး စာမျက်နှာဒီဇိုင်းအရ အသုံးပြုသူများကို အထင်လွဲမှားမှုဖြစ်စေနိုင်ကြောင်း၊ ပလက်ဖောင်း X ၏ ကြော်ငြာဒေတာဘေ့စ်သည် ပွင့်လင်းမြင်သာမှုနှင့် ဝင်ရောက်ကြည့်ရှုနိုင်မှုတို့တွင် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိကြောင်း၊ ပလက်ဖောင်း X သည် သတ်မှတ်ချက်နှင့်ကိုက်ညီသော သုတေသီများအတွက် ပလက်ဖောင်း၏ အများပြည်သူဆိုင်ရာဒေတာများ ကြည့်ရှုခွင့်ကို စည်းကမ်းသတ်မှတ်ချက်အရ ဖွင့်လှစ်ပေးထားခြင်း မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းလုပ်ရပ်များသည် DSA ၏ ပွင့်လင်းမြင်သာမှုနှင့် သက်ဆိုင်သောစည်းကမ်းချက်များကို ချိုးဖောက်ခဲ့ပြီး ဥရောပကော်မရှင်အနေဖြင့် အထက်ဖော်ပြပါ စည်းကမ်းချိုးဖောက်သည့် လုပ်ရပ် ၃ ခုအပေါ် ယူရို ၄၅ သန်း၊ ယူရို ၃၅ သန်းနှင့် ယူရို သန်း ၄၀ ဖြင့်အသီးသီး ဒဏ်ငွေချမှတ်ခဲ့ကြောင်း ဖော်ပြချက်များအရ သိရသည်။
ဥရောပကော်မရှင်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှစ၍ ပလက်ဖောင်း X အပေါ် စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့သည်။ ယင်းမှာ DSA အောက်ရှိ ပထမဆုံး တရားဝင် စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ဖြစ်ကာ ယင်းက တရားမဝင်အကြောင်းအရာများ ဖြန့်ချိမှုကို တားဆီးထိန်းချုပ်ခြင်း၊ သတင်းအချက်အလက် ခြယ်လှယ်မှုကို ကိုင်တွယ်ဖြေရှင်းခြင်း စသည့်ကဏ္ဍများတွင် ချမှတ်လုပ်ဆောင်ခဲ့သော အစီအမံများ ထိရောက်မှု ရှိ၊ မရှိကို အဓိကအားဖြင့် သုံးသပ်စစ်ဆေးပြီး သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
“Blue checkmark” နှင့် သက်ဆိုင်သော စည်းကမ်းချိုးဖောက်သည့် အပြုအမူများကို အဆုံးသတ်ရန် ပလက်ဖောင်း X သည် ၎င်းက မည်သည့်တိကျသော အစီအမံများ လုပ်ဆောင်ရန် စီစဉ်ထားသည်ကို အလုပ်ဖွင့်ရက် ၆၀ ရက်အတွင်း ဥရောပကော်မရှင်အား အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ကြော်ငြာဒေတာဘေ့စ်နှင့် သုတေသီများက အများပြည်သူဆိုင်ရာဒေတာများ ရရှိရေးစသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြုပြင်ရန်အတွက် ချမှတ်လုပ်ဆောင်မည့် အစီအမံများ ဖော်ပြထားသော လုပ်ဆောင်ချက်အစီအစဉ်ကို အလုပ်ဖွင့်ရက် ၉၀ ရက်အတွင်း ဥရောပကော်မရှင်ထံ တင်ပြရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုနှစ်အတွင်း ဥရောပသမဂ္ဂသည် “ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဥပဒေ” နှင့် “ဒစ်ဂျစ်တယ်စျေးကွက်ဥပဒေ” တို့အရ အမေရိကန် သိပ္ပံနည်းပညာကုမ္ပဏီလုပ်ငန်းများအပေါ် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများစွာ စတင်လုပ်ဆောင်ခဲ့သည်။ အမေရိကန်က ဥရောပသမဂ္ဂ၏ ကြီးကြပ်ရေးစည်းမျဉ်းများသည် အမေရိကန် သိပ္ပံနည်းပညာကုမ္ပဏီလုပ်ငန်းများအပေါ် တရားမျှတမှုမရှိဟု ပြစ်တင်ပြောကြားခဲ့ပြီး သံမဏိနှင့် အလူမီနီယမ်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်ကို အလျော်အစားအဖြစ်အသုံးပြုကာ ဥရောပသမဂ္ဂအား ၎င်း၏စည်းမျဉ်းများကို “ဖြေလျှော့” ပေးရန် တောင်းဆိုခဲ့သည်။ ဥရောပသမဂ္ဂကမူ အမေရိကန်၏ဤလုပ်ရပ်ကို “ခြိမ်းခြောက် အကျပ်ကိုင်ခြင်း” ဖြစ်သည်ဟု ဝေဖန်ကာ ဒစ်ဂျစ်တယ်စည်းမျဉ်းများသည် အချုပ်အခြာအာဏာနှင့်သက်ဆိုင်ပြီး စိန်ခေါ်၍မရဟု အခိုင်အမာပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်ဆီသို့ ရောက်ရှိလာသော အီလွန်မက်စ်က Air Force One အရုပ်အား ကိုင်ဆောင်ထားသည်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………….
(Chinese Version)
欧盟决定对美国社交媒体X罚款1.2亿欧元
新华社布鲁塞尔12月5日电(记者张兆卿 丁英华)欧盟委员会5日发布公报说,欧盟委员会当天根据《数字服务法案》作出首份“不合规决定”,对美国企业家马斯克旗下社交媒体平台X罚款1.2亿欧元。
公报说,X的“蓝标认证”仅通过付费即可获得,在界面设计上对用户具有误导性;X的广告资料库在透明度和可访问性方面均不合规;X未按规定向符合条件的研究人员开放平台公共数据访问权限。
据介绍,这些行为均违反了《数字服务法案》关于透明度的规定,欧盟委员会对上述三项违规行为分别处以4500万欧元、3500万欧元和4000万欧元罚款。
欧盟委员会于2023年12月18日对X启动调查,这是《数字服务法案》下首个正式调查程序,重点审查其在遏制非法内容传播、应对信息操纵等方面所采取措施是否有效,相关调查仍在进行中。
公报指出,X须在60个工作日内告知欧盟委员会其拟采取哪些具体措施,以终止与“蓝标认证”相关的违规行为;须在90个工作日内向欧盟委员会提交行动计划,列明为纠正涉及广告资料库和研究人员获取公共数据等问题将采取的必要措施。
今年以来,欧盟依据《数字服务法案》和《数字市场法案》,对美国科技企业展开一系列执法行动。美国指责欧盟监管法规对美国科技企业不公平,并用钢铝产品关税为筹码要求欧盟“松绑”。欧盟则抨击美国此举是“勒索”,坚称数字法规关乎主权、不容挑战。(完)
Caption 1: This photo taken on Nov. 15, 2023 shows part of the European Commission building in Brussels, Belgium.(Xinhua/Zhao Dingzhe)
Caption 2: This file photo taken on Feb. 19, 2025 shows Elon Musk holding a stuffed Air Force One toy upon arrival on the South Lawn of the White House in Washington, D.C., the United States. (Xinhua/Hu Yousong)
