North America
အမေရိကန်ရေတပ်က “Super Hornet” တိုက်လေယာဉ် သုံးကြိမ် ပျက်ကျမှု အကြောင်းရင်းအား ထုတ်ပြန်
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
အမေရိကန် Harry Truman လေယာဉ်တင်သင်္ဘော စစ်ရေယာဉ်အုပ်စုသည် ယီမင် ဟူသီလက်နက်ကိုင်များ၏ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုအား ကိုင်တွယ်စီမံသည့်မစ်ရှင် ထမ်းဆောင်စဉ်ကာလအတွင်း F/A-18 “Super Hornet” တိုက်လေယာဉ် သုံးကြိမ် မတော်တဆပျက်ကျမှုဖြစ်ပွားရသည့် စုံစမ်းစစ်ဆေးမှုရလဒ်ကို အမေရိကန်ရေတပ်က ဒီဇင်ဘာ ၄ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်၍ ကြေညာခဲ့သည်။
ပထမအကြိမ် လေယာဉ်ပျက်ကျမှုသည် မိတ်ဖက်တပ်ဖွဲ့၏ မှားယွင်းတိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် Harry Truman လေယာဉ်တင်သင်္ဘောက ပထမဆုံးအကြိမ်အဖြစ် ဟူသီလက်နက်ကိုင်ပစ်မှတ်အပေါ် ကာကွယ်ရေးအဖြစ် တိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် ၎င်းတို့ လေယာဉ်တင်သင်္ဘော စစ်ရေယာဉ်အုပ်စုပိုင် USS Gettysburg ပဲ့ထိန်းစနစ် ခရူဇာသင်္ဘောသည် လေယာဉ်တင်သင်္ဘောမှလာသည့် “Super Hornet” တိုက်လေယာဉ်များကို ဟူသီလက်နက်ကိုင်၏ ဒုံးကျည်အဖြစ် မှားယွင်းသတ်မှတ်၍ ၎င်းတို့အနက် နှစ်စင်းထံ ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းအနက် တစ်စင်းသည် မှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူနှစ်ဦးက အချိန်မီ အသက်ဘေးမှလွတ်မြောက်ရန် ထွက်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ မတော်တဆဖြစ်မှုသည် အဓိကအားဖြင့် USS Gettysburg ပဲ့ထိန်းစနစ် ခရူဇာသင်္ဘော စစ်ပွဲအခြေအနေစင်တာမှ စစ်သည်၏ လေ့ကျင့်မှုမလုံလောက်ခြင်းနှင့် နည်းပညာအား အလွန်အကျွံ အားကိုးခြင်းကြောင့်ဖြစ်သည်ဟု အစီရင်ခံစာက ယူဆထားသည်။
ဒုတိယအကြိမ် လေယာဉ်ပျက်ကျမှုသည် ကုန်းပတ်ပေါ်တွင် လုပ်ဆောင်ချက် မှားယွင်းခြင်းကြောင့်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဧပြီလတွင် လေယာဉ်တင်သင်္ဘောက ဟူသီလက်နက်ကိုင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကို တိမ်းရှောင်ရန် အရေးပေါ် လှည့်ကွေ့နေစဉ် သင်္ဘောပေါ်ရှိ လေယာဉ်ဂိုထောင်တံခါးအား အချိန်မီပိတ်ထားခြင်းမရှိသည့်အပြင် ကုန်းပတ်တိမ်းစောင်းမှု အခြေအနေကိုလည်း တိုက်လေယာဉ် ဂိုထောင်သွင်းရန်ဆောင်ရွက်နေသော စစ်သည်ထံ အသိပေးခြင်းမရှိသောကြောင့် “Super Hornet” တိုက်လေယာဉ်တစ်စင်းသည် စတင်လျှောတိုက်ရွေ့လျားကာ နောက်ဆုံးတွင် ပင်လယ်ထဲ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးချက်အရ စစ်ဆင်ရေးအတွက် ပျံသန်းမှုတာဝန် မကြာခဏ လုပ်ဆောင်ရခြင်းကြောင့် ကုန်းပတ်ပုံမှန်သန့်ရှင်းရေးလုပ်ငန်းအပေါ် သက်ရောက်မှုရှိကာ ကုန်းပတ်က အလွန်အမင်း ချောနေပြီး တိုက်လေယာဉ် ဘရိတ်စနစ်က ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့မှုမရှိခြင်း၊ တစ်ချိန်တည်းတွင် ဘရိတ်လုပ်ရန် တာဝန်ယူရသည့် စစ်သည်က “မဖြစ်မနေ သိရှိရမည့် ဗဟုသုတနှင့် စနစ်အပေါ် နားလည်သိရှိမှုမရှိခြင်းကို တွေ့ရှိရကြောင်း သိရသည်။
တတိယအကြိမ် လေယာဉ်ပျက်ကျမှုသည် အမေရိကန် သမ္မတ ထရမ့်က ဟူသီလက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည့်နေ့ ၂၀၂၅ ခုနှစ် မေလ ၆ ရက်တွင် ဖြစ်ပွားခဲ့သည်။ “Super Hornet” တိုက်လေယာဉ်တစ်စင်းက ဆင်းသက်ချိန်တွင် လှုပ်ရှားမှုအား တားဆီးပေးသည့်ကြိုးစနစ်အတွင်းရှိ ချိတ်ဆက်သောချိတ်သည် အသေတပ်ဆင်ထားသော အစိတ်အပိုင်းမရှိ၍ တဖြည်းဖြည်း နေရာရွေ့မှုကြောင့် နောက်ဆုံး ပြတ်တောက်သွားကာ တိုက်လေယာဉ် ပင်လယ်ထဲ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများက ပြုပြင်ထိန်းသိမ်းမှုနှင့် စစ်ဆင်ရေး လိုအပ်ချက်အား ဟန်ချက်ညီအောင် မလုပ်ဆောင်နိုင်ကြောင်း၊ ဝန်ထမ်းများစွာက “စစ်ဆင်ရေး စည်းချက်မြန်လွန်းခြင်း” ကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၏ အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ရှုမြင်ကြောင်း စုံစမ်းစစ်ဆေးမှုက တစ်ချိန်တည်းတွင် ထောက်ပြထားသည်။ (Xinhua)
——————-
(Chinese Version)
美海军公布三起“超级大黄蜂”战机坠机事故原因
新华社华盛顿12月5日电 美国海军4日发布报告,披露“哈里·杜鲁门”号航空母舰战斗群在执行应对也门胡塞武装袭击商船任务期间发生的三起导致F/A-18“超级大黄蜂”战机坠机事故的调查结果。
报告说,首起坠机源于友军误击。2024年12月,“杜鲁门”号首次对胡塞武装目标实施防御性打击后,其航母战斗群所属的“葛底斯堡”号导弹巡洋舰将来自航母的“超级大黄蜂”误判为胡塞武装导弹并向其中两架开火。其中一架被错误击落,机上两人弹射逃生。报告认为事故主要归咎于“葛底斯堡”号战情中心的士兵训练不足且过度依赖科技。
第二起坠机源于甲板操作失误。2025年4月,航母为躲避胡塞武装火力攻击而进行急转弯时,机库内一架“超级大黄蜂”因机库门未及时关闭,且未将甲板倾斜情况告知正在操作战机入库的士兵,战机开始滑动,最终坠入海中。调查发现,甲板因作战飞行任务过于频繁,影响了常规清洁工作,导致甲板异常湿滑,战机刹车未有效启动。同时,负责刹车的士兵“缺乏必要知识和对系统的理解”。
第三起发生在2025年5月6日,即美国总统特朗普宣布与胡塞武装停火当天。一架“超级大黄蜂”降落时,用于制动的阻拦索系统中的连接销因缺失固定部件逐渐移位,最终断裂,致战机坠海。
调查同时指出,维护人员难以平衡维护与作战需求,多名人员将“作战节奏过快”视为维护工作最大挑战。(完)
图说:6月13日,美国海军陆战队士兵在洛杉矶威尔希尔联邦大楼的入口处站岗。新华社发(邱晨摄)
