Asia
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှ အရပ်သား ၃၅,၀၀၀ ကို ရွှေ့ပြောင်းပေးပြီးဖြစ်သည်ဟု ထိုင်းစစ်တပ် ပြောကြား
ဘန်ကောက်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
လက်ရှိ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရှိ ပြည်နယ် ၄ ခုမှ အရပ်သား ၇၀ ရာခိုင်နှုန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း၊ လူပေါင်း ၃၅,၀၀၀ ခန့်ကို ယာယီနေရာချထားရေးစခန်းတွင် စာရင်းသွင်းပြီးဖြစ်ကြောင်း ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ဒီဇင်ဘာ ၈ ရက် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ နေရာချထားရေးစခန်းများသို့ မဝင်ရောက်သေးသော လူထုမှာ မိသားစုဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်ခြင်း သို့မဟုတ် ရွှေ့ပြောင်းသည့်လမ်းခုလတ်တွင် ရောက်ရှိနေဆဲဖြစ်သည်ဟု ခန့်မှန်းရကြောင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသည့်ဖြစ်စဉ်တွင် အရပ်သားတစ်ဦး နာမကျန်းဖြစ်၍ သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(Chinese Version)
泰国军方说已有3.5万平民从泰柬边境撤离
新华社曼谷12月8日电(记者常天童)泰国陆军第二军区8日在社交媒体上发表声明说,目前泰柬边境4个省份已有约70%的平民完成撤离,约3.5万人在临时安置点登记。尚未进入安置点的民众据推测暂居亲属家中,或仍在转移途中。撤离过程中,有1名平民因病不幸身亡。(完)
1. 10月10日,在泰国沙缴府,泰军士兵在泰柬边境区域进行排雷作业。 (配本社同题文字稿) 新华社记者 孙玮彤 摄
