Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ပဋိပက္ခ ထပ်မံဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ Spin Boldak မြို့နယ်ရှိ အာဖဂန်နစ္စတန်-ပါကစ္စတန် နယ်စပ် “ချစ်ကြည်ရေးတံခါး” ကို ၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်/ကဘူးလ်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်ဖက်သည် ဒီဇင်ဘာ ၅ ရက် ညပိုင်းတွင် နယ်စပ်ဒေသ၌ အပြင်းအထန် အပြန်အလှန်ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့သည်ဟု နှစ်နိုင်ငံအရာရှိများက အတည်ပြုခဲ့သည်။ တစ်ဖက်သားမှ စတင် “တိုက်ခိုက်ခြင်း” ဖြစ်၍ မိမိဘက်မှ မဖြစ်မနေ တုံ့ပြန်ရခြင်းဖြစ်သည်ဟု နှစ်ဖက်လုံးက ပြစ်တင်ပြောဆိုကြသည်။

ယခုအကြိမ် နယ်စပ်ဒေသ ပဋိပက္ခကြောင့် အာဖဂန်နစ္စတန်ဘက်က အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဖဂန်နစ္စတန်ဘက်က ဒီဇင်ဘာ ၆ ရက်တွင် ဆိုသည်။ ထိုမတိုင်မီ နှစ်ဖက်က တူကီယဲနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုသည် ရလဒ်မရှိဘဲ အဆုံးသတ်ခဲ့ရသော်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လိုက်နာမည်ဟု ကတိပြုခဲ့ကြသည်။ သို့သော် အဆိုပါသဘောတူညီချက်သည် နှစ်ဖက်အပေါ် အသင့်အတင့်အားကောင်းသည့် ထိန်းချုပ်မှု လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ပစ်ခတ်မှုအချို့ မကြာခဏ ဖြစ်ပွားနေခဲ့သည်။
ယခုနှစ် အောက်တိုဘာလမှစ၍ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့သည် နှစ်နိုင်ငံ နယ်စပ်ဒေသ၌ အကြိမ်များစွာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ကာတာနှင့် တူကီယဲတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံ အစိုးရအရာရှိများက အောက်တိုဘာ ၁၉ ရက်တွင် နှစ်ဖက်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်သည်ဟု သီးခြားစီ အတည်ပြုခဲ့ကြသည်။ ထို့နောက် နှစ်ဖက်က အပစ်အခတ်ရပ်စဲရေး၏ ဆက်လက်ဖြစ်တည်မှု ဖော်ဆောင်ခြင်းအား အာမခံပေးရန်နှင့် စပ်လျဉ်း၍ အကြိမ်များစွာ ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ရလဒ်များ မရရှိခဲ့ပေ။
နိုဝင်ဘာ ၇ ရက်တွင် နှစ်ဖက်က တွေ့ဆုံဆွေးနွေးမှု အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းသည့် အဆင့်ရောက်ရှိကြောင်း၊ သို့သော် မူလက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ အသက်ဝင်နေဆဲဖြစ်ကြောင်း ကြေညာခဲ့သည်။

ပါကစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Khawaja Asif က တွေ့ဆုံဆွေးနွေးမှု ရလဒ်မရရှိခြင်း၏ အကြောင်းရင်းမှာ အာဖဂန်နစ္စတန်ဘက်က အာဖဂန်နစ္စတန်ပြည်တွင်းရှိ အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် ကတိပြုသည့် သဘောတူညီချက်စာလွှာအား လက်မှတ်မရေးထိုးလိုခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ အာဖဂန်နစ္စတန် အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid ကမူ ပါကစ္စတန်အနေဖြင့် မိမိ၏လုံခြုံရေးနှင့် သက်ဆိုင်သော တာဝန်အားလုံးကို အာဖဂန်နစ္စတန်ဘက်ထံ ပုံချရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ နှစ်ဖက်၏ ဆွေးနွေးညှိနှိုင်းမှုများသည် အခြေအနေဆိုးစွာ အဆုံးသတ်ခဲ့ရသောကြောင့် ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ရန် မျှော်လင့်ချက် နည်းပါးသွားခဲ့သလို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာလည်း အင်မတန် ထိလွယ်ရှလွယ် ဖြစ်လာခဲ့သည်။

နှစ်ဖက်၏ အရင်းခံ သဘောထားကွဲလွဲချက်မှာ Tehreek-e-Taliban Pakistan (TTP) အဖွဲ့အပေါ် တင်းမာသော သဘောထား လုပ်ဆောင်ခြင်း ရှိ၊ မရှိခြင်းကြောင့်ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြထားသည်။ လတ်တလောနှစ်ပိုင်းတွင် Tehreek-e-Taliban Pakistan (TTP) အဖွဲ့က ပါကစ္စတန်နိုင်ငံ ပြည်တွင်းရှိ စစ်တပ်နှင့် အရပ်သားပြည်သူ ပစ်မှတ်များကို ဦးတည်၍ အကြမ်းဖက်တိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့ရာ ပါကစ္စတန်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်အပေါ် ဆိုးရွားသည့် သက်ရောက်မှု ဖြစ်စေခဲ့သည်။ ပါကစ္စတန်နိုင်ငံ အစိုးရအနေဖြင့် အဆိုပါအဖွဲ့အစည်းအင်အားစုအား အမြစ်ဖြတ်ဖယ်ရှားရန် အရေးတကြီး လိုအပ်လျက်ရှိသည်။ အာဖဂန်နစ္စတန် အစိုးရကမူ ပက်ရှ်ထန် (Pashtun) လူမျိုးများအပေါ် လူမျိုးချင်းတူသော သံယောဇဉ်ကြောင့် Tehreek-e-Taliban Pakistan (TTP) အဖွဲ့ကို အစဉ်အမြဲ ကာကွယ်ပေးသည့် သဘောထား ကျင့်သုံးခဲ့သည်။ နှစ်ဖက်၏ မတူညီသောရပ်တည်ချက်သည် ယခုအကြိမ်ပဋိပက္ခ၏ အကြောင်းရင်း ဖြစ်လာခဲ့သည်။

အပစ်အခတ်ရပ်စဲပြီးနောက် ပါကစ္စတန်ပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ရာ ပဋိပက္ခ ထပ်မံဖြစ်ပွားမှုအတွက် ပြဿနာများကျန်ရစ်ခဲ့သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့ ရရှိထားသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် သမားရိုးကျ အနက်အဓိပ္ပာယ်အရ နှစ်နိုင်ငံအကြား “စစ်ပွဲရပ်စဲခြင်း” မဟုတ်ဘဲ အာဖဂန်နစ္စတန်ဘက်က နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုအား တားဆီးရန် တာဝန်ဝတ္တရားရှိသည်ဟူသော အခြေခံမူအရ တင်းကျပ်စွာ နားလည်သိရှိသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယခုနှစ် အောက်တိုဘာတွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် စစ်တပ်တို့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားပြီးနောက် ပါကစ္စတန်ဘက်က အာဖဂန်နစ္စတန်နှင့် နယ်စပ်ဂိတ်အား ပိတ်လိုက်ရာ လူပုဂ္ဂိုလ်နှင့် ကုန်ပစ္စည်းစီးဆင်းမှုများ ရပ်ဆိုင်းသွားခဲ့သည်။ ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်မှုကြောင့် ဆိုးရွားနေပြီးသား နယ်စပ်အခြေအနေမှာ ဘူးပေါ်ဖရုံဆင့် ဖြစ်ခဲ့ရသည်။

အာဖဂန်နစ္စတန် နိုင်ငံရေးလေ့လာသုံးသပ်သူ ဝစ်နာဇီရီက ပါကစ္စတန်၏ အဓိကတောင်းဆိုချက်မှာ အာဖဂန်နစ္စတန်အစိုးရက Tehreek-e-Taliban Pakistan (TTP) အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ ၎င်းအပေါ် ပံ့ပိုးမှုများ ရပ်ဆိုင်းရန်ဖြစ်ကြောင်း၊ သို့သော် ၎င်းသည် အာဖဂန်နစ္စတန်ဘက်က လက်မခံနိုင်သည့်ကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန် သုတေသနနှင့် လုံခြုံရေးလေ့လာမှုစင်တာ (CRSS) ပါကစ္စတန်-အာဖဂန်နစ္စတန် ဒေသတွင်းစီးပွားရေး အပြန်အလှန်ချိတ်ဆက်မှု အစီအစဉ် ဒါရိုက်တာ Junaid Yaqoob Khan က လက်ရှိတွင် ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ပိတ်ထားခြင်း၊ ဗီဇာခွင့်ပြုမှု ရပ်ဆိုင်းခြင်း စသည်တို့ကြောင့် တင်းမာနေပြီးသား အခြေအနေကို ပိုမိုဆိုးရွားသွားစေပြီး အလွန်အမင်း လွယ်ကူစွာ တစ်ဆင့်တိုး ပဋိပက္ခဖြစ်ပွားနိုင်စေကြောင်း၊ လက်ရှိတွင် အာဖဂန်နစ္စတန်ပြည်တွင်း၌ ခိုအောင်းနေသော အကြမ်းဖက်သမားများသည် အနီးတစ်ဝိုက် အခြားနိုင်ငံများသို့ ပျံ့နှံ့နိုင်သည့် အလားအလာရှိကြောင်း၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နှစ်ဖက်အနေဖြင့် ဆင်ခြင်တုံတရားဖြင့် လက်တွေ့လှုပ်ရှားမှုများ လုပ်ဆောင်၍ အကြမ်းဖက်မှုများကို တိုက်ဖျက်ခြင်း၊ စီးပွားရေးတည်ဆောက်မှုတွင် အာရုံစူးစိုက်ခြင်းတို့ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို မှန်ကန်သောလမ်းကြောင်းထက်သို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————
(Chinese Version)
综述|阿富汗和巴基斯坦冲突再起
新华社伊斯兰堡/喀布尔12月7日电 综述|阿富汗和巴基斯坦冲突再起   新华社记者杨恺 张艺缤
巴基斯坦和阿富汗两国官员均证实,双方5日晚在边境地区再度爆发激烈交火。双方均指责对方先“动手”,己方被迫作出回应。阿方6日称,此次边境冲突造成阿方5名平民丧生、5人受伤。此前双方在土耳其举行的会谈无果而终,但仍承诺会遵守停火协议。然而,这一协议并未对双方产生较强约束,零星冲突仍时有发生。
今年10月以来,巴基斯坦和阿富汗在两国边境地区多次发生交火。在卡塔尔和土耳其斡旋下,巴阿两国官员10月19日分别证实,双方已达成停火协议。之后,双方就确保实现停火的可持续性举行多轮会谈,但未能取得成果。
11月7日,双方宣布会谈进入无限期搁置阶段,但原先的停火协议仍然有效。巴基斯坦国防部长赫瓦贾·阿西夫称会谈未有成果原因在于阿方不愿签署承诺打击阿境内恐怖主义的书面协议。阿富汗政府发言人扎比乌拉·穆贾希德则称,巴方试图将所有与自身安全相关的责任推卸给阿方。双方不欢而散,使得实现长期和平变得希望渺茫,也让停火协议变得异常脆弱。
分析人士指出,双方的根本分歧仍在于是否对“巴基斯坦塔利班”采取强硬态度。近年来,“巴基斯坦塔利班”在巴境内针对军民目标策划多起恐怖袭击,对巴国民经济与投资环境造成恶劣影响,巴政府迫切需要将该组织势力彻底铲除。而阿富汗现政府出于普什图族的同族情谊对“巴基斯坦塔利班”往往采取庇护态度。双方的不同立场成为本轮冲突导火索。
停火之后,巴境内依然发生多起恐怖袭击事件,也为冲突再起埋下隐患。巴基斯坦外交部发言人表示,巴方与阿富汗达成的停火协议应严格按照阿方有义务制止跨境恐怖袭击的原则来理解,而不是传统意义上两国间的“休战”。
此外,自今年10月巴基斯坦和阿富汗军队发生武装冲突后,巴基斯坦关闭了与阿富汗的边境口岸,导致人员和货物流动陷入停滞。中断的贸易通道无疑使本已恶化的边境局势雪上加霜。
阿富汗政治分析人士瓦伊斯·纳塞里表示,巴基斯坦的核心诉求是,阿富汗政府将“巴基斯坦塔利班”列为恐怖组织并停止对其支持。但这是阿方无法接受的。
巴基斯坦安全调查与研究中心负责巴阿区域经济互联互通的项目主任朱奈德·雅各布·汗认为,目前巴阿边境关闭、签证暂停等,都让本已紧张的局势更为严峻,极易引发进一步冲突。当前,阿富汗境内潜伏的恐怖分子有向周边其他国家扩散的趋势。希望巴阿双方保持理智,共同采取切实行动打击恐怖主义,专注经济建设,使两国关系重回正轨。(完)
图说:这是6月15日在阿富汗斯平布尔达克镇拍摄的阿巴边境“友谊门”。新华社发(塞夫拉赫曼·萨菲摄)