Asia
ထိုင်းနိုင်ငံက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဟွန်ဆင် ပြစ်တင်ပြောကြား၊ မဖြစ်မနေ လက်တုံ့ပြန်လှုပ်ရှားရမည့် အနီရောင်စည်း ရေးဆွဲထားပြီဖြစ်သည်ဟု ဆို
ဖနွမ်းပင်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့သည် ဒီဇင်ဘာ ၈ ရက်တွင် တစ်ဖက်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆင်က ယင်းနှင့်စပ်လျဉ်း၍ ကမ္ဘောဒီးယားအပေါ် ထိုင်းစစ်တပ်၏ တိုက်ခိုက်မှုကို ကမ္ဘောဒီးယားအနေဖြင့် မဖြစ်မနေ လက်တုံ့ပြန်လှုပ်ရှားရမည့် အနီရောင်စည်း ရေးဆွဲထားပြီဖြစ်ကြောင်း ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။
ဟွန်ဆင်က “ရှေ့တန်းတပ်ဖွဲ့အားလုံး မဖြစ်မနေ စိတ်ရှည်ရှည်ထားရမယ်၊ ဘာလို့လဲဆိုတော့ ကျူးကျော်သူတွေက မနေ့က (ဒီဇင်ဘာ ၇ ရက်) စပြီး မနေ့ညနဲ့ ဒီနေ့နံနက်အပါအဝင် လက်နက်အမျိုးမျိုးသုံးပြီး ကျွန်တော်တို့ကို တောက်လျှောက် ပစ်ခတ်နေတာကြောင့်ဖြစ်တယ်” ဟု လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ ထိုင်း၏ တိုက်ခိုက်မှုသည် ကမ္ဘောဒီးယားတပ်ဖွဲ့များအား ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် ရည်ရွယ်ပြီး ယင်းမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ကမ္ဘောဒီးယား-ထိုင်း ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ဖျက်ဆီးရန် ဖြစ်သည်ဟု ၎င်းက ဆိုခဲ့သည်။
ဟွန်ဆင်က မဖြစ်မနေ လက်တုံ့ပြန်လှုပ်ရှားရမည့် အနီရောင်စည်း ရေးဆွဲထားပြီဖြစ်ကြောင်း၊ ၎င်းအနေဖြင့် အဆင့်အသီးသီးရှိ တပ်မှူးများက စစ်သည်များထံ ဤအချက်ကို အလေးပေးပြောကြားရန် အကြံပြုခဲ့သည်။ ကျူးကျော်မှုကို တန်ပြန်တိုက်ခိုက်ရာတွင် ၎င်းသည် ဝန်ကြီးချုပ် ဟွန်မန်နက်နှင့်အတူ တပ်ဖွဲ့များကို အတူတကွကွပ်ကဲရန် အခြားတာဝန်များကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ သို့သော် ဟွန်ဆင်သည် ကမ္ဘောဒီးယား၏ အနီရောင်စည်းကား အဘယ်နည်းကိုမူ အတိအကျ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမရှိပေ။
ကမ္ဘောဒီးယားဘက်၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန် ထိုင်းဘက်သည် တိုက်လေယာဉ်များ စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ကမ္ဘောဒီးယား၏ တိုက်ခိုက်မှုကြောင့် ထိုင်းစစ်သည်တစ်ဦး သေဆုံးပြီး အခြားသူလေးဦး ဒဏ်ရာရရှိကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထိုင်းစစ်သားများသည် ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့များကို နှစ်ရက်ဆက်တိုက် ပစ်ခတ်ခဲ့သော်လည်း ကမ္ဘောဒီးယားဘက်က လက်တုံ့ပြန်ခြင်း မရှိခဲ့ကြောင်း ထိုနေ့တွင် ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနှင့်ထိုင်းနိုင်ငံသည် အောက်တိုဘာ ၂၆ ရက်တွင် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ကာလအတွင်း နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစာရွက်စာတမ်းများကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် ထိုင်းနိုင်ငံ ဝန်ကြီး အနူတင်တို့ အတူတကွ လက်မှတ်ရေထိုးခဲ့ခြင်း ဖြစ်သည်။ (Xinhua)
………………….
(Chinese Version)
洪森指责泰方发动袭击 称须采取报复行动的红线已划定
新华社金边12月8日电(记者吴长伟)柬埔寨和泰国8日互相指责对方发动袭击。柬埔寨参议院主席洪森8日就此称,泰国军队对柬方发动袭击,柬埔寨方面必须采取报复行动的红线已经划定。
洪森在社交媒体发帖写道:“所有一线部队必须保持耐心,因为侵略者从昨天(7日)开始,包括昨晚和今天早上,一直在使用各种武器向我们开火。”他称,泰国袭击旨在迫使柬埔寨军队还击,从而破坏停火协议和柬泰和平联合声明。
洪森说,必须采取报复行动的红线已经划定,他建议各级指挥官向士兵们强调这一点。他已取消其他任务,以便与首相洪玛奈共同指挥军队反击入侵。但洪森没有具体阐述柬方划定的红线到底是什么。
泰国军方8日说,泰方已出动战斗机回应柬埔寨方面的进攻。柬方袭击已导致泰国1名士兵死亡、4名士兵受伤。柬埔寨国防部发言人当天表示,泰国士兵连续第二天向柬埔寨武装部队开火,但柬埔寨方面并未还击。
柬埔寨与泰国10月26日在第47届东盟峰会期间签署关于两国和平的联合声明。柬埔寨首相洪玛奈与泰国总理阿努廷共同签署文件。(完)
图说:这是12月8日在柬埔寨柏威夏省边境地区拍摄的撤离的居民。新华社/柬新社
