Asia
နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် အလုံးစုံ ပြင်ဆင်ထားပြီဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆို
ဘန်ကောက်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)
ထိုင်းဝန်ကြီးချုပ် အနူတင်က ဒီဇင်ဘာ ၈ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ခုပြီးနောက် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အရေးနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံးအား ရုပ်သံမိန့်ခွန်းပြောကြားခဲ့ရာ အစိုးရအနေဖြင့် အခြေအနေတိုးတက်ဖြစ်ပေါ်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ လုံခြုံရေးဌာန အဖွဲ့အစည်းအသီးသီးကို ဘက်စုံ အင်အားစုစည်းရန် အမိန့်ပေးပြီးဖြစ်ရာ နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရန် အလုံးစုံ ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို အစဉ်အမြဲ မမှိတ်မသုန် ခိုင်မာစွာ ကာကွယ်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် နိုင်ငံတကာဥပဒေနှင့် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အခြေခံမူကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း အစိုးရအနေဖြင့် ထပ်မံအလေးထားပြောကြားသည်ဟု အနူတင်က ဆိုသည်။ လက်တွေ့အခြေအနေအရ လိုအပ်သည့် အခြေအနေအားလုံးတွင် စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားလိုအပ်သည့် စစ်ရေးအစီအမံများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းနေ့တွင် ကျင်းပသော အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတွင်လည်း အတည်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
သတင်းအချက်အလက် တိကျမှန်ကန်စေရေး၊ လူထုထိတ်လန့်မှု ကာကွယ်ရေးကို သေချာစေရေးအတွက် အများပြည်သူအနေဖြင့် အစိုးရလမ်းကြောင်းမှသာ သတင်းအချက်အလက်များရယူရန် အစိုးရက တိုက်တွန်းကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာသတင်းအချက်အလက်အားလုံးကို ထုတ်ပြန်သည့် အဓိကဌာနအဖွဲ့အစည်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အနူတင်က အလေးထားပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
泰国总理:做好一切准备维护国家主权和安全
新华社曼谷12月8日电(记者常天童 陈倩慈)泰国总理阿努廷8日在结束一个紧急会议后就泰柬边境局势发表全国电视讲话,表示政府正密切关注局势发展,已命令各安全机构全面整合力量,做好一切准备维护国家主权和安全。
阿努廷说,政府重申,泰国将始终坚定不移地捍卫国家主权与领土完整,同时遵循国际法及正当防卫权原则。当日召开的国家安全委员会会议也已确认,将根据实际情况在所有必要情形下采取军事行动并执行其他必要的军事措施。
阿努廷强调,为确保信息准确、防止民众恐慌,政府呼吁公众仅通过官方渠道获取消息。国防部与外交部将作为发布所有相关信息的主要机构。(完)
图说:这张泰国政府发布在社交媒体的照片显示,12月8日,泰国总理阿努廷在位于曼谷的总理府就泰柬边境局势发表全国电视讲话。
