Connect with us

North America

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီးစဉ်တွင် နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တွန်းအားပေး

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အော်ကလန်မြို့၌ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်းက အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

အမေရိကန် ကုန်သည်ကြီးများအသင်း၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) သည် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ကို ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ အော်ကလန် စသည့်ဒေသများသို့ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တွန်းအားပေးခဲ့သည်။

ခရီးစဉ်အတွင်း CCPIT သည် အော်ကလန်မြို့အစိုးရ၊ အမေရိကန် ကုန်သည်ကြီးများအသင်း၊ အမေရိကန်-တရုတ် စီးပွားရေးကောင်စီ၊ အမေရိကန် တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းအသင်း (SIA)၊ The Asia Group (TAG)၊ အမေရိကန် မယ်ရီဒီယန် နိုင်ငံတကာစင်တာ၊ အမေရိကန် ပဲပုပ်တင်ပို့ရေးကောင်စီ (USSEC) စသည်တို့နှင့် သီးခြားစီပူးပေါင်း၍ တရုတ်-အမေရိကန် စက်မှုစီးပွားလုပ်ငန်း ချိတ်ဆက်ရေးလှုပ်ရှားမှု အခမ်းအနားများစွာ ကျင်းပခဲ့ပြီး အမေရိကန် လုပ်ငန်းကုမ္ပဏီ၊ အဖွဲ့အစည်းပေါင်း ၁၇၀ ကျော်နှင့် ဆွေးနွေးဖလှယ်ခဲ့သည်။

CCPIT ဥက္ကဋ္ဌ ရန့်ဟုန်ပင်းက အမေရိကန် နယ်ပယ်အသီးသီးထံသို့ တရုတ်နိုင်ငံက အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြင့် ပြည်ပသို့ တံခါးဖွင့်လှစ်မှုအား အခိုင်အမာလက်ကိုင်ထားသည့် အစီအမံအသစ်များကို တက်ကြွစွာမိတ်ဆက်ပြောကြားခဲ့ပြီး စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှု ကုန်စည်ပြပွဲ (CISCE) ကိုလည်း ရှင်းလင်းပြောကြားခဲ့ကာ CCPIT အနေဖြင့် တရုတ်-အမေရိကန် စက်မှုစီးပွားလောကက ပိုမိုတက်ကြွသော လှုပ်ရှားမှုများဖြင့် ပူးပေါင်းဖလှယ်မှုများကို နက်ရှိုင်းစွာ လုပ်ဆောင်ကာ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ၊ ကောင်းမွန်စွာ၊ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အမေရိကန် စက်မှုစီးပွားလောကလူပုဂ္ဂိုလ်များက ယခုအကြိမ်ခရီးစဉ်သည် အမေရိကန်-တရုတ် စက်မှုစီးပွားလုပ်ငန်း ပူးပေါင်းဖလှယ်မှုအား အင်တိုက်အားတိုက် တွန်းအားပေးလိုက်သည်ဟု ယေဘုယျအားဖြင့် ယူဆကြကြောင်း၊ တရုတ်ဈေးကွက်၌ ဆက်လက်ထဲထဲဝင်ဝင် လုပ်ဆောင်ကာ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားပြီး အမေရိကန်နှင့် တရုတ်လုပ်ငန်းကုမ္ပဏီများ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အော်ကလန်မြို့၌ အော်ကလန်မြို့တော်ဝန် Babara Lee က အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————–
(Chinese Version)
中国企业家代表团访美推动两国深化经贸合作
新华社旧金山12月7日电(记者吴晓凌)应美国商会邀请,中国贸促会组织中国企业家代表团2日至6日访问美国华盛顿、旧金山、奥克兰等地,推动两国深化经贸交流合作。
访问期间,中国贸促会分别与奥克兰市政府、美国商会、美中贸委会、美国半导体行业协会、美商亚洲集团、美国子午线国际中心、美国大豆出口协会等合作举办多场中美工商对接活动,同超过170家美国企业、机构座谈交流。
中国贸促会会长任鸿斌积极向美各界介绍中国坚持高质量发展和高水平对外开放新举措,推介第四届链博会,强调中国贸促会将支持推动中美工商界以更积极行动深化交流合作,为中美关系稳定、健康、可持续发展作出更大贡献。
美工商界人士普遍认为此访有力推动美中工商交流合作,并表示将继续深耕中国市场并扩大投资,深化美中企业产业链供应链合作。(完)
图说1:12月5日,在美国加利福尼亚州奥克兰,中国贸促会会长任鸿斌致辞。新华社发(孙宇轩摄)
图说:12月5日,在美国加利福尼亚州奥克兰,奥克兰市市长芭芭拉·李致辞。新华社发(孙宇轩摄)