Connect with us

Africa & Middle East

ဂျော်ဒန်-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ အဆင့်သစ်တစ်ခုသို့ တက်လှမ်းရေး မြှင့်တင်မည်ဟု ဂျော်ဒန်ဘုရင် ဆို

အမ်မန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ဂျော်ဒန်-တရုတ် နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီးတွင် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ အဆင့်သစ်တစ်ခုသို့ တက်လှမ်းရေး မြှင့်တင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဂျော်ဒန်ဘုရင် Abdullah II က ဒီဇင်ဘာ ၇ ရက်တွင် မြို့တော် အမ်မန်၌ ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောဝေမှ တင်ပြသော ခန့်အပ်လွှာကို လက်ခံစဉ် ဘုရင် Abdullah II က အထက်ပါအတိုင်း ပြောကြားခဲ့သည်။ ဘုရင် Abdullah II က ကောဝေ ရာထူးအသစ်ထမ်းဆောင်ခြင်းကို ကြိုဆိုခဲ့ပြီး ဂျော်ဒန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီးတွင် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းရေး မြှင့်တင်လုပ်ဆောင်လိုကြောင်း ဖော်ပြခဲ့သည်။

ကောဝေက တရုတ်-ဂျော်ဒန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် နက်ရှိုင်းပြီး တရုတ်နိုင်ငံသည် ဂျော်ဒန်နှင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် အထူးအလေးထားကြောင်း၊ တရုတ်-ဂျော်ဒန် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ကောဝေသည် ရာထူးတာဝန် ထမ်းဆောင်ရန် နိုဝင်ဘာ ၄ ရက်တွင် ဂျော်ဒန်သို့ ရောက်ရှိလာခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
约旦国王:促约中两国友好合作迈上新台阶
新华社安曼12月7日电(记者何奕萍)约旦国王阿卜杜拉二世7日在首都安曼表示,愿促进约中两国各领域友好合作迈上新台阶。
阿卜杜拉二世在接受中国新任驻约旦大使郭伟递交国书时作出上述表述。阿卜杜拉二世欢迎郭伟履新,表示约方愿同中方一道,促进两国各领域友好合作迈上新台阶。
郭伟表示,中约两国和两国人民传统友谊深厚,中方高度重视发展对约各领域合作,愿推动中约战略伙伴关系持续高水平发展。
郭伟于11月4日抵达约旦履新。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.