Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာ

ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်တွင် ခိုလှုံရန် နေရပ်စွန့်ခွာလာသော ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Agence Kampuchea Presse/Handout via Xinhua)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံ၌ ကျင်းပသည့် ၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games) မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု ထိုင်းမီဒီယာ၏ ဒီဇင်ဘာ ၁၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် အခြေအနေအဆက်မပြတ် တင်းမာနေမှုကြောင့် ကမ္ဘောဒီးယားအနေဖြင့် ယခုအကြိမ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် Vath Chamroeun က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ထံ အဆိုပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အခြေအနေ တစ်ဆင့်တိုးတင်းမာလာမှုကြောင့် အားကစားသမားများ၏ မိသားစုဝင်များက အားကစားသမားများ၏ အိမ်ပြန်ခရီး လုံခြုံမှုအပေါ် သက်ရောက်မှုရှိလာနိုင်မည်ကို စိုးရိမ်ကြကြောင်း၊ ထို့ကြောင့် ကမ္ဘောဒီးယားဘက်က ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်နေသည့် ကမ္ဘောဒီးယား အားကစားသမားများအား အမြန်ဆုံး ပြန်လည်ခေါ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု Vath Chamroeun က ဆိုသည်။
၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အမျိုးသားအားကစားကွင်းကြီး၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှဒေသ နိုင်ငံနှင့်ဒေသပေါင်း ၁၁ ခုမှ အားကစားသမားပေါင်း ၈,၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အ‌ရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ ဒရုန်းဖြင့် မီးအလှဆင်သရုပ်ပြမှုအား ပရိသတ်များ ကြည့်ရှုနေပုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/Pool)

——————–
(Chinese Version)
泰媒:柬埔寨宣布退出在泰国举办的第33届东南亚运动会
新华社曼谷12月10日电(记者夏康静)据泰国《即时新闻》10日报道,柬埔寨宣布退出在泰国举办的第33届东南亚运动会。
报道说,柬埔寨奥委会秘书长瓦占伦已向东南亚运动会理事会提出,鉴于泰柬边境局势持续紧张,柬埔寨决定退出本届东南亚运动会。瓦占伦表示,运动员家属担忧局势进一步升级可能影响运动员返程安全,因此柬方决定尽快撤回已抵达泰国参赛的柬埔寨运动员。
第33届东南亚运动会9日在泰国曼谷拉贾曼加拉体育场开幕。本届东南亚运动会将持续至12月20日,共有来自东南亚地区11个国家和地区的8000多名运动员参赛。(完)
图说1:这是12月9日在柬埔寨暹粒省拍摄的逃离边境的居民。新华社/柬新社
English Caption 2 – Spectators watch a drone light show during the opening ceremony of the 33rd Southeast Asian Games in Bangkok, Thailand, Dec. 9, 2025. (Xinhua/Pool)