Asia
ဆာနာအဲ တာကာအိချိက စည်းကမ်းချိုးဖောက်၍ အလှူငွေလက်ခံမှုအတွက် တောင်းပန်
တိုကျို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ်၊ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ဥက္ကဋ္ဌ ဆာနာအဲ တာကာအိချိသည် ဒီဇင်ဘာ ၉ ရက်တွင် ၎င်း ကိုယ်စားပြုသည့် LDP ပါတီ ဌာနခွဲက စည်းကမ်းချိုးဖောက်၍ လုပ်ငန်းကုမ္ပဏီ၏ အလှူငွေအား လက်ခံမှုကိစ္စအတွက် တောင်းပန်ခဲ့ကြောင်း ဂျပန်နိုင်ငံ The Nikkei သတင်းဖော်ပြချက်အရ သိရသည်။
ထိုနေ့တွင် ဆာနာအဲ တာကာအိချိက အောက်လွှတ်တော် အရအသုံးကော်မတီ အစည်းအဝေး၌ ထုချေတင်ပြချိန်တွင် စည်းကမ်းချိုးဖောက်၍ အလှူငွေလက်ခံမှုနှင့် စပ်လျဉ်း၍ ၎င်းက ဌာနခွဲကိုယ်စားလှယ်အနေဖြင့် များစွာဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။ ဆာနာအဲ တာကာအိချိက ၎င်းအနေဖြင့် ကျော်လွန်နေသော ငွေပမာဏအား ပြန်လည်ပေးအပ်ပြီးဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
ဆာနာအဲ တာကာအိချိ ကိုယ်စားပြုသည့် “LDP ပါတီ နာရခရိုင် အမှတ် ၂ မဲဆန္ဒနယ် ဌာနခွဲ” သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် တိုကျိုမြို့ ကုမ္ပဏီတစ်ခုထံမှ လှူဒါန်းငွေ ဂျပန်ယန်း သိန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၆၄,၀၀၀ ခန့်) လက်ခံခဲ့သည်ဟု ဂျပန်နိုင်ငံ ကိုဘဲကာကူအင်တက္ကသိုလ် ပါမောက္ခ ဟီရိုရှိ ကာမိဝါကီ က ဒီဇင်ဘာ ၄ ရက်တွင် အစိုးရရှေ့နေရုံးထံသို့ တရားစွဲဆိုခဲ့သည်။ သို့သော် ဂျပန်နိုင်ငံ၏ “နိုင်ငံရေးရန်ပုံငွေ စည်းမျဉ်းဥပဒေ” အရ အဆိုပါကုမ္ပဏီ မှတ်ပုံတင်ထားသော ရင်းနှီးငွေပမာဏနှင့်အညီ တစ်နှစ်ပတ်လုံးအတွင်း အများဆုံးလှူဒါန်းနိုင်သည့် ပမာဏမှာ ဂျပန်ယန်း ၇၅ သိန်းဖြစ်သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ LDP ပါတီသည် “နိုင်ငံရေးရန်ပုံငွေ” နာမည်ပျက်သတင်း ပေါ်ထွက်ခဲ့သည်။ ယင်းမှာ အချို့သော ဂိုဏ်းဂဏအဖွဲ့ဝင်များက သက်ဆိုင်ရာ လွှတ်တော်အမတ်များကို သတ်မှတ်စံနှုန်းအတိုင်း နိုင်ငံရေးရန်ပုံငွေစုဆောင်းသည့်ပါတီပွဲလက်မှတ် ရောင်းချခိုင်းပြီး ပိုလျှံသောငွေပမာဏကို “ကော်မရှင်ခ” အနေဖြင့် လွှတ်တော်အမတ်များကို ပြန်လည်ပေးအပ်ခဲ့သည်။ သို့သော်လည်း သက်ဆိုင်ရာရန်ပုံငွေသည် နိုင်ငံရေးရန်ပုံငွေ အရအသုံးအစီရင်ခံစာအတွင်း၌ မှတ်တမ်းတင်ထားခြင်းမရှိဘဲ ကြီးကြပ်မှုခံရခြင်းမရှိသော လျှို့ဝှက်ရန်ပုံငွေ ဖြစ်သွားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ဆာနာအဲ တာကာအိချိက ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက် ခန့်အပ်ခဲ့သည့် အဆင့်မြင့်အရာရှိများအနက် ၇ ဦးသည် LDP ပါတီ၏ “နိုင်ငံရေးရန်ပုံငွေ” အမည်ပျက်သတင်းနှင့် ပတ်သက်နေသည်။ ဆာနာအဲ တာကာအိချိက “နိုင်ငံရေးရန်ပုံငွေ” နာမည်ပျက်သတင်း အရေးကိစ္စတွင် သဘောထားပြတ်သားမှုမရှိဘဲ အရင်းအမြစ်မှ ပြုပြင်ရန် ဆန္ဒမရှိဟု ဂျပန်လူထုသဘောထားက ယူဆသည်။ (Xinhua)
——————
(Chinese Version)
高市早苗就违规收受捐款道歉
新华社东京12月9日电(记者陈泽安 李子越)据《日本经济新闻》报道,日本首相、自民党总裁高市早苗9日就其担任代表的自民党支部违规收受企业捐款一事道歉。
当日,高市在众议院预算委员会会议上答辩时就违规收受捐款说,她作为支部代表,深感抱歉。高市还表示,已将超出上限的部分退还。
本月4日,日本神户学院大学教授上脇博之向检察机关控告称,高市担任代表的“自民党奈良县第2选举区支部”2024年8月26日从东京都一家企业处收受了1000万日元(约合6.4万美元)捐款。但根据日本《政治资金规正法》,该企业按其注册资本规模全年可捐款上限为750万日元。
2023年11月,日本自民党曾被曝出“黑金”丑闻:部分派阀要求所属议员按指标出售政治筹款派对券,将超额部分以“回扣”形式返还给议员,而相关资金并未登记在政治资金收支报告中,成为不受监管的秘密资金。
今年10月高市就任首相后任命的高级官员中,有7人涉及自民党“黑金”丑闻。日本舆论认为,高市在“黑金”问题上态度含糊,无意从根本上改正。(完)
图说:10月21日,在日本东京,自民党总裁高市早苗(中)在临时国会众议院首相指名选举中胜出后起身致谢。新华社记者 贾浩成 摄
