North America
အမေရိကန်စစ်တပ် တိုက်လေယာဉ်နှစ်စင်း ဗင်နီဇွဲလားနိုင်ငံ ဝေဟင်ပိုင်နက်သို့ ဝင်ရောက်ဟု အမေရိကန် မီဒီယာ ဖော်ပြ
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် F-18 တိုက်လေယာဉ်နှစ်စင်းသည် ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ ဝေဟင်ပိုင်နက်သို့ ဝင်ရောက်ခဲ့ပြီး ဗင်နီဇွဲလား ဝေဟင်ပိုင်နက်အတွင်း၌ အနည်းဆုံး မိနစ် ၄၀ ကျော် ပျံသန်းခဲ့ကြောင်း အမေရိကန် Miami Herald ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် တိုက်လေယာဉ်သည် ဗင်နီဇွဲလားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မာရာခိုင်ဘိုမြို့၏ အရှေ့မြောက်ဘက် မိုင် ၁၀၀ ခန့် (၁၆၁ ကီလိုမီတာခန့်) အကွာအထိ ရောက်ရှိခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း၌ အနည်းဆုံး မိနစ် ၄၀ ကျော် ပျံသန်းခဲ့ကြောင်း၊ ပျံသန်းမှုအမြင့်မှာ ပေ ၂၅,၀၀၀ (၇,၆၂၀ မီတာ) ခန့် ဖြစ်ကြောင်း၊ ထို့နောက် အဆိုပါလေယာဉ်များသည် မြောက်ဘက်သို့ပျံသန်း၍ ထိုဒေသမှ ထွက်ခွာသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။
အဆိုပါသတင်းတွင် ဆွီဒင်၏ FlightRadar 24 ဝက်ဘ်ဆိုက် အချက်အလက်များကိုလည်း ကိုးကား၍ အမေရိကန် စစ်တပ် တိုက်လေယာဉ် ပျံသန်းမှုကို ခြေရာခံမှုအရ ၎င်းတို့သည် ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းရှိ မာရာခိုင်ဘိုရေကန် မြောက်ပိုင်းအထက်ဝေဟင်၌ ပျံသန်းခဲ့ပြီး ဗင်နီဇွဲလားပင်လယ်အော် ရေပြင်ကို ပျံသန်းကျော်ဖြတ်ခဲ့ကြောင်း၊ ပျံသန်းမှုလမ်းကြောင်းသည် ဗင်နီဇွဲလားနိုင်ငံ စွမ်းအင်လုပ်ငန်း ပြည်နယ်ကြီးနှစ်ခုဖြစ်သည့် Zulia ပြည်နယ်နှင့် Falcon ပြည်နယ်အကြားတွင်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်သည် အမေရိကန်-ဗင်နီဇွဲလား ဆက်ဆံရေး တင်းမာမှု အဆင့်မြင့်တက်နေသည့် အခိုက်အတန့်နှင့် ကြုံဆုံလျက်ရှိသည်။ အမေရိကန်သမ္မတ ထရမ့်က လတ်တလောရက်ပိုင်းတွင် အမေရိကန်အနေဖြင့် “အမြန်ဆုံး” လှုပ်ရှားမှုလုပ်ဆောင်ပြီး ကုန်းလမ်းကြောင်းမှတစ်ဆင့် ဗင်နီဇွဲလား “မူးယစ်ဆေးဝါးရောင်းချသူများ” ကို တိုက်ဖျက်သွားမည်ဟု အကြိမ်များစွာ ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက်နေရာချထားကာ ဗင်နီဇွဲလားနိုင်ငံအား ဖိအားပေးခဲ့သည်။ အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုဖြင့် ဗင်နီဇွဲလားနိုင်ငံ၌ အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေပြီး လက်တင်အမေရိကဒေသ၌ စစ်ရေးတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ မြို့တော်ကရာကတ်စ်တွင် ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုအား ထောက်ခံအားပေးကြောင်း ပန်းချီရေးဆွဲထားသည့် နံရံရှေ့မှ ဖြတ်လျှောက်သွားသူကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
美媒:美军两架战机飞入委内瑞拉领空
新华社华盛顿12月9日电(记者黄强 徐剑梅)据美国《迈阿密先驱报》9日报道,两架美国F-18战机当天中午进入委内瑞拉领空,并在委领空内停留了至少40分钟。
报道说,美军战机距离委内瑞拉第二大城市马拉开波东北不到100英里(约161公里),在委领空内停留了至少40分钟,高度约为2.5万英尺(7620米),随后向北飞行离开该地区。
报道还援引瑞典24小时飞行雷达网站的数据说,美军战机留下的飞行轨迹显示它们在委西北部的马拉开波湖北部上空飞行,飞越委内瑞拉湾水域。飞行路线位于委内瑞拉能源产业两大州苏利亚州和法尔孔州之间。
此事正值美委关系紧张升级之际。美国总统特朗普近日多次表示,美国可能“很快”采取行动,通过陆路打击委内瑞拉“毒贩”。
近期,美国以“缉毒”为由,在委内瑞拉附近加勒比海域部署多艘军舰,对委施压。委内瑞拉多次指责美国意图通过军事威胁在委策动政权更迭,并在拉美军事扩张。(完)
图说1:这是12月2日在美国首都华盛顿拍摄的白宫。新华社记者 胡友松 摄
图说2:12月2日,在委内瑞拉首都加拉加斯,行人从支持委内瑞拉总统马杜罗的涂鸦墙前走过。新华社记者 李木子 摄
