Connect with us

Asia

တောင်ကိုရီးယား-ဂျပန်အကြား နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်သော ဆာနာအဲ တာကာအိချိ၏ပြောကြားချက်များကို တောင်ကိုရီးယား သမ္မတရုံး ချေပပြောကြား

ဆိုးလ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား သမ္မတရုံးသည် ဒီဇင်ဘာ ၉ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ တောင်ကိုရီးယား-ဂျပန်အကြား နယ်မြေပိုင်နက် အငြင်းပွားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာပြောကြားချက်များကို တုံ့ပြန်ချေပကာ “Dokdo ကျွန်း (ဂျပန်အခေါ် Takeshima ကျွန်း) က သမိုင်း၊ ပထဝီဝင်နဲ့ နိုင်ငံတကာဥပဒေ အားလုံးအရ တောင်ကိုရီးယားရဲ့ တည်ဆဲနယ်မြေပိုင်နက်ဖြစ်တယ်ဆိုတာ ရှင်းလင်းပြတ်သားပါတယ်” ဟု ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

တောင်ကိုရီးယား သမ္မတရုံးမှ သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးက Dokdo ကျွန်း၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ် မရှိကြောင်း၊ Dokdo ကျွန်းနှင့် ပတ်သက်၍ ဂျပန်၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုများကို တောင်ကိုရီးယားက ပြတ်ပြတ်သားသားနှင့် လေးလေးနက်နက် တုံ့ပြန်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းမှာ လီဂျေမြောင် တောင်ကိုရီးယား သမ္မတအဖြစ် တာဝန်ယူပြီးချိန်မှစ၍ တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံကြား အငြင်းပွားကိစ္စရပ်နှင့် ပတ်သက်၍ တောင်ကိုရီးယားသမ္မတရုံးမှ ပထမဆုံးအကြိမ် သဘောထားတင်းမာသောရပ်တည်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဆာနာအဲတာကာအိချိက ဒီဇင်ဘာ ၉ ရက်တွင် ဂျပန်လွှတ်တော်၌ အချေအတင်ဆွေးနွေးပြောကြားရာတွင် သမိုင်းကြောင်းမှဖြစ်စေ၊ နိုင်ငံတကာဥပဒေ ရှုထောင့်ဖြစ်စေ Takeshima ကျွန်းသည် ဂျပန်၏ တည်ဆဲနယ်မြေပိုင်နက်ဖြစ်သည်မှာ သိသာထင်ရှားလှပြီး ဂျပန်အစိုးရအနေဖြင့် ဤအခြေခံရပ်တည်ချက်အပေါ် အခြေခံ၍ ပြတ်ပြတ်သားသား တုံ့ပြန်ရင်ဆိုင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။

Dokdo (Takeshima) ကျွန်းသည် ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်း ပင်လယ်ပြင်တွင် တည်ရှိပြီး ဧရိယာမှာ ၀.၁၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဂျပန် စသည့် နိုင်ငံအားလုံးက အဆိုပါကျွန်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း ဆိုကြသည်။ လက်ရှိတွင် ထိုကျွန်းစုကို တောင်ကိုရီးယားနိုင်ငံမှ လက်တွေ့ထိန်းချုပ်ထားသည်။ (Xinhua)

……………………….
(Chinese Version)
韩国总统府批驳高市早苗涉韩日领土争议发言
新华社首尔12月9日电(记者黄昕欣 陆睿)据韩联社报道,韩国总统府9日对日本首相高市早苗涉韩日领土争议相关发言进行反驳,表示“独岛(日本称‘竹岛’)在历史、地理、国际法上都明确是韩国的固有领土”。
韩国总统府相关人士说,不存在关于独岛的所有权争端,对于日本方面关于独岛的任何不当主张,韩方都将坚决且严正地应对。
报道说,这是李在明就任韩国总统以来,韩国总统府首次就韩日两国争端问题发表强硬立场。
据报道,高市早苗9日在日本国会答辩时称,不管是从历史还是国际法的角度来说,竹岛显然都是日本的固有领土,日本政府将基于这一基本立场坚决应对。
独岛位于朝鲜半岛东部海域,面积约0.18平方公里。韩国、朝鲜、日本都宣称对该岛拥有主权。目前,韩国实际控制这一岛屿。(完)