Connect with us

Europe

ရုရှားနိုင်ငံ အရှေ့ဖျားဒေသက ပိုမိုများပြားသော တရုတ်ခရီးသွားဧည့်သည်များကို ဆွဲဆောင်မည်

ရုရှားနိုင်ငံ အရှေ့ဖျားဒေသ ဗလာဒီဗော့စတော့ခ်မြို့၌ “ကျွန်ုပ်မိသားစုကို ကျွန်ုပ်ချစ်သည်” စာတန်းရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်နေသော မိသားစုအား ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗလာဒီဗော့စတော့ခ်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂၀၃၀ ပြည့်နှစ်အထိ ရုရှားနိုင်ငံ အရှေ့ဖျားဒေသသည် နှစ်စဉ် တရုတ်ခရီးသွားဧည့်သည် အကြိမ်ရေ ၁.၈ သန်း အား လက်ခံသွားမည်ဖြစ်ရာ လက်ရှိပမာဏ၏ ၇ ဆ ဖြစ်ကြောင်း ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားဘက်၏ ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည် ပမာဏကို တစ်နှစ်လျှင် အကြိမ်ရေ ၅.၅ သန်းအထိ မြှင့်တင်သွားရန်ဖြစ်ပြီး အဆိုပါတိုးတက်မှုအတွက် အဓိကအားဖြင့် အရှေ့ဖျားဒေသကို အားထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အရှေ့ဖျားဒေသ၏ နယ်စပ်ဂိတ်များနှင့် လေဆိပ်များအား ခေတ်မီအသွင်ပြောင်းတည်ဆောက်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရုရှား အရှေ့ဖျားဒေသနှင့် တရုတ်နိုင်ငံအကြား တိုက်ရိုက်ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များကို လက်ရှိ အပတ်စဉ် အကြိမ်ရေ ၅၀ မှ ၃၅၀ အထိ မြှင့်တင်သွားမည်ဖြစ်ကြောင်း TASS သတင်းဌာနက ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ကြေညာချက်အား ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Maxim Reshetnikov က ဗီဇာစနစ် လွယ်ကူအောင်လုပ်ဆောင်ခြင်းနှင့် အခြေခံအဆောက်အဦ တိုးတက်ကောင်းမွန်လာခြင်းတို့သည် ပိုမိုများပြားသော အာရှ-ပစိဖိတ်ဒေသနိုင်ငံများမှ ခရီးသွားဧည့်သည်များ ရုရှား အရှေ့ဖျားဒေသသို့ လာရောက်ရန် ဆွဲဆောင်မည်ဖြစ်ကြောင်း၊ တရုတ်ခရီးသွားဧည့်သည်များသည် အဆိုပါဒေသ နိုင်ငံခြားခရီးသွားဧည့်သည် စုစုပေါင်း ပမာဏ၏ ၇၅ ရာခိုင်နှုန်းရှိမည်ဖြစ်ကာ အနာဂတ်တွင် အဆိုပါဒေသမှ ခရီးသွားများ တိုးတက်မှုသည်လည်း အဓိကအားဖြင့် တရုတ်နိုင်ငံမှ ဖြစ်လိမ့်မည်ဟု ဆိုခဲ့သည်။
ရုရှား အရှေ့ဖျားဒေသအနေဖြင့် ခေတ်မီ၍ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်နှင့် အခြေခံအဆောက်အဦကို တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ဟိုတယ်လူနေအခန်းပေါင်း ၁၉,၀၀၀ နီးပါး အသစ်တည်ဆောက်၍ အပန်းဖြေဟိုတယ်နှင့် နှင်းလျှောစီးကွင်း အသစ်များဖြင့် မိတ်ဆက်ပေးသွားမည်ဟုလည်း ၎င်းက ဆိုခဲ့သည်။

တရုတ်နိုင်ငံသည် လက်ရှိတွင် ရုရှားနိုင်ငံ၏ အကြီးဆုံး ခရီးသွားဧည့်သည် အရင်းအမြစ်နိုင်ငံဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ ပြည်မကြီးနေပြည်သူများ ပြည်ထွက်သွားလာမှုတွင် ပထမဆုံးနေရာအဖြစ် ရုရှားသို့သွားရောက်သည့် အကြိမ်ရေသည် ၁.၀၃၉၄ သန်းဖြစ်ပြီး ယမန်နှစ်ကာလတူထက် ၂၀၉.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်ဘက်စစ်တမ်းကောက်ယူမှုအရ သိရသည်။ (Xinhua)

——————-
(Chinese Version)
俄经济发展部:远东地区将吸引更多中国游客
新华社符拉迪沃斯托克12月10日电(记者孙萍)俄罗斯经济发展部9日表示,到2030年俄远东地区每年将接待中国游客180万人次,相当于目前规模的7倍。
塔斯社援引俄经济发展部的声明报道说,俄方目标是到2030年将来自中国的游客数量提升至每年550万人次,增长很大程度将依靠远东地区。为此,远东地区的边境口岸和机场将进行现代化改造,俄远东地区与中国之间的直飞航班将从目前每周50班次增加到350班次。
俄经济发展部长列舍特尼科夫表示,签证制度的简化和基础设施的改善将吸引更多亚太国家游客前往俄远东地区,中国游客已占该地区外国游客总数的75%,未来该地区的游客增长也将主要来自中国。他说,远东地区将打造现代化且舒适的环境和基础设施,将新建近1.9万间酒店客房,并推出新的度假村和滑雪场。
中国目前是俄罗斯最大的旅游客源国。据中方统计,2024年中国内地居民出境游首站赴俄罗斯人次达103.94万,同比增长209.3%。(完)
图说:7月8日,在俄罗斯符拉迪沃斯托克,一家人在“我爱我家”标志前合影。新华社发(郭飞洲摄)