Asia
ထိုင်း-ကမ္ဘောဒီးယား အသစ်တစ်ကြိမ်ဖြစ်ပွားသော ပဋိပက္ခကြောင့် ထိုင်းဘက်တွင် သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရရှိသူ ၆၈ ဦး ရှိလာဟု ထိုင်းစစ်တပ် ဆို
ဘန်ကောက်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ထိုင်း-ကမ္ဘောဒီးယားအကြား ရက်ပေါင်းဆက်တိုက် ပဋိပက္ခဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ စစ်သည် ၄ ဦး သေဆုံးကာ အခြား ထိုင်းစစ်သည် ၆၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ဒီဇင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီအထိ ကမ္ဘောဒီးယားစစ်တပ်သည် ဒေသအများအပြားရှိ ထိုင်းစစ်တပ်၏ အခြေစိုက်စခန်းနှင့် စခန်းနေရာများကို အပြင်းအထန်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ BM-21 အမြောက်ဒုံးကျည်အား ၁၂၅ ကြိမ် အသုံးပြု၍ အမြောက်ကျည် ၅,၀၀၀ ခန့် ပစ်ခတ်ခဲ့ကာ ဒရုန်း ၃၃ စင်း အသုံးပြုခဲ့ကြောင်း၊ ကမ္ဘောဒီးယားဘက်၏ တိုက်ခိုက်မှု အဓိကခံရသည့် ထိုင်းနိုင်ငံရှိဒေသများတွင် Ubon Ratchathani ပြည်နယ်၊ Si Sa Ket ပြည်နယ်နှင့် Surin ပြည်နယ်တို့ ပါဝင်ကြောင်း၊ ထိုင်းစစ်တပ်က သင့်လျော်သော လက်နက်အင်အားဖြင့် တုံ့ပြန်ခဲ့ပြီး လက်ရှိတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာအား အစွမ်းကုန် ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
泰国军方:泰柬新一轮冲突已致泰方4人丧生、68人受伤
新华社曼谷12月9日电(记者常天童)泰国陆军第二军区9日通报,泰柬之间连日来的冲突已导致4名泰国士兵丧生,另有68名泰国士兵受伤。
通报说,9日9时至17时,柬埔寨军队对泰军在多个区域的基地和据点发动猛烈攻击,使用BM-21火箭炮125次,发射约5000枚火箭弹,出动33架无人机。受柬方攻击的主要地区包括乌汶府、四色菊府和素林府边境地区。泰军以相应的武器火力予以回应。目前战斗仍在持续。
泰国陆军第二军区表示,将全力捍卫泰国主权。(完)
图说:12月8日,在泰国武里南府,撤离边境省份的民众来到一处避难所。新华社发
