North America
အမေရိကန်သို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် လာရောက်မည့် ခရီးသွားဧည့်သည်များထံမှ လူမှုမီဒီယာမှတ်တမ်း တောင်းခံရန် အမေရိကန် စီစဉ်
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်စောင့်ရှောက်ရေးဌာန (CBP) က ဒီဇင်ဘာ ၁၀ ရက်တွင် အမေရိကန်အစိုးရ သတင်းစာ Federal Register တွင် ဖော်ပြထားသည့် အဆိုပြုတင်ပြချက်တစ်ခုအရ ထရမ့်အစိုးရအနေဖြင့် ဗီဇာကင်းလွတ်ခွင့်ရရှိသည့်နိုင်ငံနှင့် ဒေသများမှ အမေရိကန်သို့လာရောက်သည့် ခရီးသွားဧည့်သည်များထံမှ လွန်ခဲ့သည့် ၅ နှစ်အတွင်း ၎င်းတို့၏လူမှုမီဒီယာမှတ်တမ်းများကို တောင်းခံရန် စီစဉ်နေကြောင်း သိရသည်။
ယင်းအဆိုပြုတင်ပြချက်အရ CBP သည် လူမှုမီဒီယာအချက်အလက်ကို ခရီးသွားမှုခွင့်ပြုခြင်း အီလက်ထရောနစ်စနစ် လျှောက်ထားလွှာအတွင်း မဖြစ်မနေ ဖြည့်စွက်ရမည့်အကြောင်းအရာအဖြစ် သတ်မှတ်ထားကာ လျှောက်ထားသူသည် လွန်ခဲ့သည့် ၅ နှစ်အတွင်း လူမှုမီဒီယာအချက်အလက်များကို ထည့်သွင်းပေးရန် တောင်းဆိုထားသည်။ ထိုမတိုင်မီ အဆိုပါ အချက်အလက်အကြောင်းအရာကို “မိမိကိုယ်ပိုင်ရွေးချယ်ချက်အရ ဖြည့်စွက်ရန်” ဟု သတ်မှတ်ထားသည်။ အများပြည်သူက ယင်းအဆိုပြုတင်ပြချက်အပေါ် သဘောထားအကြံပြုချက်ကို ရက်ပေါင်း ၆၀ အတွင်း တင်ပြရမည်ဟု အဆိုပါဌာနက ဆိုထားသည်။
CBP သည် “ဖြစ်နိုင်ခြေရှိသည့်အခြေအနေတွင်” ခရီးသွားလာမှုခွင့်ပြုခြင်း အီလက်ထရောနစ်စနစ် လျှောက်ထားလွှာအတွင်း၌ အခြားတောင်းဆိုချက်များ ဥပမာအားဖြင့် လျှောက်ထားသူ၏ ဇီဝဆိုင်ရာ အချက်အလက် (Biometric) ၊ လွန်ခဲ့သည့် ၅ နှစ်အတွင်း အသုံးပြုခဲ့သည့် ဖုန်းနံပါတ်၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အသုံးပြုခဲ့သည့် အီးမေးလ်လိပ်စာနှင့် လျှောက်ထားသူ မိသားစုဝင်များ၏ သက်ဆိုင်ရာအချက်အလက်များ စသည်တို့ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်းလည်း ယင်းအဆိုပြုတင်ပြချက်တွင် ဖော်ပြထားသည်။
ယင်းအဆိုပြုတင်ပြချက်တွင် အမေရိကန်၏ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်တွင် ပါဝင်သည့် နိုင်ငံနှင့်ဒေသ ဒါဇင်ချီမှ၊ အွန်လိုင်းမှတစ်ဆင့် ခရီးသွားလာမှုခွင့်ပြုခြင်း အီလက်ထရောနစ်စနစ်၌ ပြည်ဝင်ခွင့်လျှောက်ထားသည့် ခရီးသွားဧည့်သည်များ ပါဝင်ကြောင်း သိရသည်။ အဆိုပါနိုင်ငံနှင့် ဒေသများတွင် ဥရောပနိုင်ငံအများစု၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန် စသည်တို့ ပါဝင်သည်။ အဆိုပါနိုင်ငံနှင့်ဒေသမှ ခရီးသွားဧည့်သည်များသည် ခရီးသွားလာမှုခွင့်ပြုခြင်း အီလက်ထရောနစ်စနစ် ပြည်ဝင်ခွင့်ရရှိပြီးနောက် အမေရိကန်သို့ ရက်ပေါင်း ၉၀ ကြာ ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်လည်ပတ်နိုင်သည်။
ယခုနှစ် ဇန်နဝါရီလကတည်းက အမေရိကန်အစိုးရသည် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို အင်တိုက်အားတိုက် တိုက်ဖျက်ခဲ့ပြီး ဗီဇာအမျိုးမျိုး လျှောက်ထားသူ သို့မဟုတ် ဗီဇာကိုင်ဆောင်ထားသူအပေါ် စစ်ဆေးမှုများ မြှင့်တင်လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီလကတည်းက အမေရိကန်သည် ဗီဇာ ၈၅,၀၀၀ ကို ပယ်ဖျက်ပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပမာဏသည် ယမန်နှစ်၏ နှစ်ဆကျော်ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ၏ ပြောဆိုချက်ကို အမေရိကန်မီဒီယာများက ကိုးကား၍ သတင်းဖော်ပြကြသည်။ (Xinhua)
——————-
(Chinese Version)
美国计划要求免签赴美游客提供社交媒体历史记录
新华社华盛顿12月10日电(记者杨伶 熊茂伶)根据美国海关和边境保护局10日在美国政府《联邦公报》上发布的一份提案,特朗普政府计划要求来自免签国家和地区的赴美游客提供过去5年的社交媒体历史记录。
根据这项提案,美国海关和边境保护局将把社交媒体信息作为旅行授权电子系统申请表中的必填项,要求申请人提供过去5年的社交媒体信息。此前,这一数据项被标记为“选填”。该部门表示,公众对这项提案的意见应于60日内提交。
提案还称,美国海关和边境保护局将在“可行的情况下”,在旅行授权电子系统申请表中添加其他要求,如申请人指纹等生物识别信息、过去5年使用的电话号码、过去10年使用的电子邮箱地址,以及申请人家庭成员的相关信息等。
这一提案涉及来自参加美国免签计划的数十个国家和地区、在线申请旅行授权电子系统入境许可的游客。这些国家和地区包括大部分欧洲国家、澳大利亚、新西兰、韩国、日本等。来自这些国家和地区的游客在获得旅行授权电子系统入境许可后,可免签前往美国旅行90天。
自今年1月以来,美国政府大力打击非法移民,加强对各类签证申请人或持有签证者的审查。美国国务院12月9日表示,自1月以来美国已撤销8.5万份签证。美媒援引国务院官员的话报道,这一数量是去年的两倍多。(完)
图说:这是11月5日在美国纽约拍摄的肯尼迪国际机场。新华社记者张凤国摄
