Asia
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသ ပဋိပက္ခ ဆက်လက်ဖြစ်ပွားမှုကြောင့် နှစ်နိုင်ငံပြည်သူများ ဒဏ်ရာရသေဆုံးမှုရှိ
ဖနွမ်းပင်/ ဘန်ကောက်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ပဋိပက္ခသည် ၅ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘောဒီးယားအရပ်သားပြည်သူ ၁၀ ဦး ထက်မနည်းသေဆုံးပြီး အခြားလူ ၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ယခုအကြိမ်နယ်စပ်ပဋိပက္ခကြောင့် ထိုင်းစစ်သည် ၉ ဦး သေဆုံးပြီး လူပေါင်း ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က သေဆုံးသူများတွင် မွေးကင်းစကလေးငယ်တစ်ဦး ပါဝင်ပြီး ပဋိပက္ခမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက် ညပိုင်းထုတ်ပြန်သော သတင်းတွင် မိသားစုပေါင်း ၅၆,၀၀၀ ကျော်မှ လူဦးရေ စုစုပေါင်း ၁၉၀,၀၀၀ သည် နေအိမ်များမှ ဘေးကင်းသော ခိုလှုံရာစခန်းများသို့ ထွက်ပြေးခဲ့ကြကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံက လက်နက်ကျည်ဖြင့်တိုက်ခိုက်မှုအားကို မြှင့်တင်ခဲ့ပြီး F-16 တိုက်လေယာဉ်များအသုံးပြုကာ ကမ္ဘောဒီးယားနိုင်ငံ နယ်နိမိတ် ကီလိုမီတာ ၃၀ အတိုင်းအတာအတွင်းရှိ ရွာများနှင့် လူနေရပ်ကွက်များကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားများ၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများ၊ ပုဂ္ဂလိကကုမ္ပဏီအဆောက်အအုံများ၊ အစိုးရရုံးများ၊ ကျောင်းများ၊ ဘုရားစေတီများ၊ ရှေးဟောင်းဘုရားကျောင်းများ၊ လမ်းများနှင့် အခြားအဆောက်အအုံများသည် အဆက်မပြတ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Surasant Kongsiri က ယခုအကြိမ်ပဋိပက္ခကြောင့် စစ်သည် ၉ ဦး သေဆုံးပြီး လူပေါင်း ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်းပြည်သူ ၂၀၀,၀၀၀ နီးပါးသည် ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ၎င်းတို့အနက် ၃ ဦး သေဆုံးခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် ဆေးရုံနှင့် ဆေးခန်း ၂၀၀ နီးပါးအပေါ် အတိုင်းအတာအမျိုးမျိုးဖြင့် သက်ရောက်မှုများရှိကြောင်း ပြောကြားခဲ့သည်။
ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ကမ္ဘောဒီးယားစစ်တပ်က ထိုင်းနိုင်ငံ Ubon Ratchathani ပြည်နယ်နှင့် Sisaket ပြည်နယ်ရှိ နေရာအများအပြားကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုင်းကြည်းတပ် ဒုတိယစစ်ဒေသကြီးက ဒီဇင်ဘာ ၁၁ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများတွင် ဒီဇင်ဘာ ၇ ရက်တွင် ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဒေသအများအပြားတွင် ဗုံးပေါက်ကွဲသံများ ခပ်စိတ်စိတ်ပေါ်ထွက်လာခဲ့သည်။ နှစ်ဖက်လုံးက တစ်ဖက်မှ “စတင်ပစ်ခတ်သည်” ဟု အပြန်အလှန် ပြစ်တင်ခဲ့ကြသည်။ (Xinhua)

ထိုင်းနိုင်ငံ Buri Ram ပြည်နယ်တွင် နယ်စပ်ပြည်နယ်မှ ဘေးလွတ်ရာသို့ပြောင်းရွှေ့လာကြသော ပြည်သူများက ခိုလှုံရာနေရာတစ်ခု၌ အနားယူနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(Chinese Version)
柬泰边境冲突继续造成两国人员伤亡
新华社金边/曼谷12月11日电(记者吴长伟 夏康静)柬埔寨国防部11日表示,柬埔寨与泰国边境冲突已进入第五天,至少10名柬埔寨平民丧生,另有60人受伤。泰国国防部同日表示,本次泰柬边境冲突已致9名泰国士兵死亡,超过120人受伤。
柬埔寨国防部发言人马莉淑洁达在新闻发布会上说,死者中有1名婴儿,目前冲突仍在持续。
柬埔寨内政部10日晚间发布新闻稿说,超过5.6万个家庭、共计19万人已逃离家园前往安全避难所。新闻稿称,由于泰国加大炮击力度,并使用F-16战机对柬埔寨境内30公里范围内的村庄和居民区进行空袭,平民住宅和财产、私营公司建筑、政府办公室、学校、佛塔、古庙、道路以及其他设施持续遭受破坏。
泰国国防部发言人苏拉讪说,本次冲突已造成9名士兵死亡,超过120人受伤。近20万名泰国民众入住难民营,其中3名难民死亡。同时,有近200所医院和卫生所受到不同程度影响。
泰国陆军第二军区11日在社交媒体上说,冲突仍在继续,柬军向泰方乌汶府和四色菊府多地开火。
泰国和柬埔寨边境地区7日爆发激烈冲突,多地响起密集炮火。双方均指责对方“先开火”。(完)
图说1:这张视频截图显示,12月10日,泰国国防部发言人苏拉讪在曼谷举行的新闻发布会上发言。新华社发
图说2:12月8日,在泰国武里南府,撤离边境省份的民众在一处避难所休息。新华社发(拉亨摄)
