North America
အတွင်းပိုင်း ကွဲလွဲမှုများ ထင်ရှားလာပြီး အမေရိကန်ဗဟိုဘဏ်က တစ်နှစ်အတွင်း တတိယအကြိမ်မြောက် ဆက်တိုက် အတိုးနှုန်းလျှော့ချ
နယူးယောက်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အမေရိကန်ဗဟိုဘဏ်သည် နှစ်ရက်ကြာပြုလုပ်ခဲ့သော ငွေကြေးမူဝါဒအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက်တွင် အဆုံးသတ်ခဲ့ပြီး ဖက်ဒရယ်ရန်ပုံငွေအတိုးနှုန်း ရည်မှန်းချက်အပိုင်းအခြားကို ၃.၅ ရာခိုင်နှုန်း မှ ၃.၇၅ ရာခိုင်နှုန်းအထိ လျှော့ချမည်ဟု ကြေညာခဲ့ရာ ဈေးကွက်ကြိုတင်ခန့်မှန်းချက်နှင့် ကိုက်ညီပေသည်။ ယင်းသည် စက်တင်ဘာလတွင် အမေရိကန်ဗဟိုဘဏ် ငွေကြေးမူဝါဒအစည်းအဝေးကျင်းပခဲ့စဉ်မှစ၍ တတိယအကြိမ်မြောက် ဆက်တိုက် အတိုးနှုန်းလျှော့ချခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် လက်ရှိအကြိမ် အတိုးနှုန်းလျှော့ချမှုကာလစတင်ချိန်မှစ၍ ဆဋ္ဌမအကြိမ်မြောက် အတိုးနှုန်းလျှော့ချခြင်းလည်းဖြစ်ကြောင်း သိရသည်။
အမေရိကန်စီးပွားရေးလှုပ်ရှားမှုများသည် အသင့်အတင့်တိုးချဲ့နေသော်လည်း အလုပ်အကိုင်အသစ်များ တိုးပွားမှုမှာ နှေးကွေးလျက်ရှိကြောင်း၊ စက်တင်ဘာလတွင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာသလို ငွေကြေးဖောင်းပွမှုမှာ အတိုင်းအတာတစ်ခုတွင် အမြင့်နေရာ၌ ရပ်တည်နေဆဲဖြစ်ကြောင်း၊ စီးပွားရေးအလားအလာသည် မြင့်မားသော မရေမရာမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ပြီး မကြာသေးမီလများအတွင်း အလုပ်အကိုင် ဈေးကွက် ကျဆင်းမှုအန္တရာယ်များ မြင့်တက်လာကြောင်း အမေရိကန်ဗဟိုဘဏ်၏ ဖက်ဒရယ်တံခါးဖွင့်ဈေးကွက်ကော်မတီ (FOMC) က အစည်းအဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ယခုအကြိမ် အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းညှိနှိုင်းမှု ဆုံးဖြတ်ချက်အတွင်း အပြင်လောက၏ အများဆုံး အာရုံစိုက်ခံရသည်မှာ FOMC အဖွဲ့ဝင် ၁၂ ဦးအနက် ၉ ဦးမှာ အတိုးနှုန်းအား အခြေခံပွိုင့် ၂၅ ခု လျှော့ချရန် ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပြီး ၃ ဦးက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအနက် အဖွဲ့ဝင် ၂ ဦးက အခြေခံအတိုးနှုန်း မပြောင်းလဲဘဲ ထားသင့်သည်ဟု ယူဆပြီး၊ တစ်ဦးမှာ အတိုးနှုန်းလျှော့ချမှု ပမာဏကို အခြေခံပွိုင့် ၅၀ ခုအထိ တိုးချဲ့သင့်သည်ဟု ယူဆသည်။ ဤသည်မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလက အတိုးနှုန်းညှိနှိုင်းမှု အစည်းအဝေးပြီးချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ထိုမျှများပြားသည့် ကန့်ကွက်မဲ ပေါ်ထွက်လာခြင်းဖြစ်ရာ လက်ရှိအမေရိကန်ဗဟိုဘဏ်အတွင်းပိုင်း ကွဲလွဲမှုများကို သိသာထင်ရှားစွာ ထင်ဟပ်စေသည်။ ယခုနှစ် အောက်တိုဘာလတွင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းအား အခြေခံပွိုင့် ၂၅ ခုလျှော့ချရန် ဆုံးဖြတ်ခဲ့သည့်အချိန်တွင် FOMC အဖွဲ့ဝင် ၂ ဦးက ကန့်ကွက်ခဲ့ကြသည်။
ဖက်ဒရယ်ရန်ပုံငွေ အတိုးနှုန်းအပိုင်းအခြားအတွက် ပမာဏနှင့် အချိန်ကို တစ်ဆင့်တိုး ချိန်ညှိရာတွင် FOMC က အချက်အလက်အသစ်များ၊ အနာဂတ်မျှော်မှန်းချက် အပြောင်းအလဲနှင့် အန္တရာယ်များ၏ အလုံးစုံအခြေအနေကို ဂရုတစိုက် အကဲဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်၏ ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်ဗဟိုဘဏ်ကလည်း ဈေးကွက်အား ငွေကြေးစီးဆင်းမှုလုံလုံလောက်လောက် ပံ့ပိုးပေးရန်အတွက် လိုအပ်ချက်အရ ရေတိုအထူးငွေတိုက်စာချုပ်များကို ဝယ်ယူရန် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖက်ဒရယ်ရန်ပုံငွေအတိုးနှုန်းသည် လက်ရှိတွင် ကြားနေအတိုးနှုန်းအပိုင်းအခြား၌ ရောက်ရှိနေပြီး စီးပွားရေးအခြအနေ ပြောင်းလဲမှုကို တစ်ဆင့်တိုး စောင့်ကြည့်ရန် အခွင့်အရေးများရှိကြောင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ Jerome Powell က ထိုနေ့တွင်ပင် ပြောကြားခဲ့သည်။ ငွေကြေးဖောင်းပွမှုသည် အမေရိကန်ဗဟိုဘဏ် ရည်မှန်းချက်ထက် ကျော်လွန်သွားရခြင်းမှာ အမေရိကန်အစိုးရ၏ စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ယူဆသည်။
အမေရိကန်ဗဟိုဘဏ်က လာမည့်နှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ငွေကြေးမူဝါဒအစည်းအဝေးတွင် အတိုးနှုန်း မပြောင်းလဲဘဲ ထိန်းသိမ်းထားမည့် ဖြစ်နိုင်ခြေ မြင့်မားလာသည်ဟု ဈေးကွက်က ယူဆကြောင်း ချီကာဂို ကုန်စည်ရောင်းဝယ်မှု လဲလှယ်ရေးဌာန (CME) ၏ FedWatch Tool တွင် ဖော်ပြထားသည်။ (Xinhua)
………………………….
(Chinese Version)
内部分歧凸显 美联储年内连续第三次降息
新华社纽约12月10日电(记者刘亚南)美国联邦储备委员会10日结束为期两天的货币政策会议,宣布将联邦基金利率目标区间降至3.5%至3.75%,符合市场预期。这是美联储货币政策会议自9月以来连续第三次降息,也是自2024年9月启动本轮降息周期以来第六次降息。
美联储联邦公开市场委员会在会后发表声明说,美国经济活动在温和扩张,但新增就业放缓,9月失业率上升,通胀依然在一定程度上处于高位,经济前景仍面临较高不确定性,近几个月就业市场下行风险升高。
此次美联储议息决议中最受外界瞩目的是,公开市场委员会12名成员中9人支持降息25个基点的决定,3名成员反对。其中,两名成员认为应保持基准利率不变,一名成员认为降息幅度应扩大至50个基点。这是2019年9月议息会议以来首次出现如此多的反对票,凸显当前美联储内部分歧。今年10月美联储决定降息25个基点时,公开市场委员会两名成员反对。
美联储在一份声明中说,在考虑进一步调整联邦基金利率区间的幅度和时间点方面,联邦公开市场委员会将小心评估新数据、前景展望的变化以及风险的总体状况。此外,美联储还将根据需要启动购买短期国债,以为市场提供充足流动性。
美联储主席鲍威尔当天表示,联邦基金利率现在处于中性利率区间,有条件进一步观察经济形势变化。他认为,通胀超出美联储目标主要由美国政府加征关税引发。
芝加哥商品交易所美联储观察工具显示,市场认为美联储在明年1月货币政策会议上维持利率不变的概率有所上升。(完)
图说:12月10日,在美国首都华盛顿,美国联邦储备委员会主席鲍威尔出席记者会。新华社发(李源清摄)
