Connect with us

Latin America

ဗင်နီဇွဲလားနိုင်ငံ ဘက်အသီးသီးက “လေပိုင်နက်ပိတ်ဆို့ခြင်း” ကို ရင်ဆိုင်တုံ့ပြန်ခဲ့ပြီး အမေရိကန်၏ “ကျူးကျော်မှု” ကို လက်တင်အမေရိကနိုင်ငံများ ရှုတ်ချခဲ့

ဗင်နီဇွဲလားနိုင်ငံ Maiquetía Simón Bolívar အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အမေရိကန်မှ ပြန်လည်ပို့ဆောင်လာသော ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူများ စီးနင်းလိုက်ပါလာသည့် လေယာဉ်တစ်စင်း ဆိုက်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံ ဝေဟင်နှင့် အနီးပတ်ဝန်းကျင်လေပိုင်နက်အား “ဘက်စုံ ပိတ်ထားသည့် အခြေအနေအဖြစ် သတ်မှတ်ကြောင်း” ဇန်နဝါရီလ ၂၉ ရက်တွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ယင်းနောက် ဗင်နီဇွဲလားနိုင်ငံသည် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး နိုင်ငံစုံယန္တရားများ စတင်ဆောင်ရွက်ခြင်းဖြင့် ရင်ဆိုင်တုံ့ပြန်ခဲ့သည်။ လက်တင်အမေရိကဒေသတွင်း အဖွဲ့အစည်းများနှင့် နိုင်ငံအချို့က အမေရိကန်၏ ဤလုပ်ရပ်များအား “ကျူးကျော်မှု” အဖြစ် ရှုတ်ချခဲ့ကြသည်။

အမေရိကန် ခြိမ်းခြောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဗင်နီဇွဲလား ဘိုလီးဗာရီယန် အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပင်လယ်ကမ်းရိုးတန်းကာကွယ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုများကို ဗင်နီဇွဲလား ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်ရှိ မဟာဗျူဟာကျသောနေရာအများအပြားတွင် တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ပြီး ပင်လယ်ကမ်းရိုးတန်းကာကွယ်ရေးနေရာများနှင့် စောင့်ကြည့်ရေးကင်းစခန်းများ တည်ထောင်ခြင်း၊ အမြောက်နှင့် လေကြောင်းကာကွယ်ရေးစနစ်များ ဖြန့်ကျက်ခြင်းနှင့် ပင်လယ်ကမ်းရိုးတန်းကင်းလှည့်ခြင်းစသည်တို့ ပါဝင်သည်။
ဗင်နီဇွဲလား ဒုတိယသမ္မတ Delcy Rodríguez က ထိုနေ့တွင်ပင် “အမေရိကန်လေပိုင်နက်ပိတ်ဆို့ခြင်း” ကို ရင်ဆိုင်တုံ့ပြန်ရန် ဗင်နီဇွဲလားသည် နိုင်ငံတကာဥပဒေနှင့်အညီ နိုင်ငံစုံယန္တရားအားလုံးကို စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံခြားရေးဝန်ကြီး Yván Gil Pinto က ယင်းနိုင်ငံ လေပိုင်နက်အချုပ်အခြာအာဏာအား အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံအသီးသီးမှ အစိုးရ၊ ကုလသမဂ္ဂ စသည့် နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဤလုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ရန် တိုက်တွန်းခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအနေဖြင့် နိုင်ငံတကာ ဥပဒေနှင့်အညီ မဖြစ်မနေလိုအပ်သော နည်းလမ်းအားလုံးကို ချမှတ်ကျင့်သုံး၍ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ငြိမ်းချမ်းရေးကို ကာကွယ်သွားမည်ဟု ထပ်လောင်းပြောကြားကြောင်း ဆိုရှယ်မီဒီယာမှတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဗင်နီဇွဲလား လေပိုင်နက်အချုပ်အခြာအာဏာအပေါ် အမေရိကန် လုပ်ဆောင်သော “ခေတ်သစ်ကိုလိုနီဝါဒခြိမ်းခြောက်မှု” ကို ရှုတ်ချထားကြောင်း အမေရိကဘိုလီးဗာရီယန်မဟာမိတ်အဖွဲ့ (ALBA) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယင်းသည် နိုင်ငံရေးအရ ကျူးကျော်မှုလုပ်ရပ်တစ်မျိုးဖြစ်ပြီး လက်တင်အမေရိကနိုင်ငံများ၏ ပြည်သူများအပေါ် အမေရိကန်၏ “နယ်ချဲ့ဝါဒ လုပ်ဆောင်မှု” ကို ထပ်မံသက်သေပြုခဲ့ကြောင်း၊ အမေရိကန်က ဗင်နီဇွဲလားအပေါ် စစ်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းသည် လက်တင်အမေရိကန်ဒေသရှိ အချုပ်အခြာအာဏာပိုင်နိုင်ငံအားလုံးအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကိုလံဘီယာသမ္မတ Gustavo Petro က “နိုင်ငံတစ်နိုင်ငံရဲ့ လေပိုင်နက်ကို အခြားနိုင်ငံ သမ္မတက လာပိတ်လို့မရဘူး၊ ဒီလိုမဟုတ်ရင် နိုင်ငံအချုပ်အခြာအာဏာနဲ့ နိုင်ငံတကာ ဥပဒေအယူအဆ ဒီမှာပဲ အဆုံးသတ်သွားလိမ့်မယ်” ဟု လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ၎င်းသည် ကိုလံဘီယာနိုင်ငံ သမ္မတ အနေဖြင့်သာ မဟုတ်ပဲ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ သမ္မတ အနေဖြင့် အထက်ပါအတိုင်း ပြောကြားရခြင်းဖြစ်သည်ဟု Petro က အလေးအနက်ထား ပြောကြားခဲ့သည်။

ကျူးဘားနိုင်ငံခြားရေးဝန်ကြီး Bruno Rodríguez Parrilla က အမေရိကန်၏ ပြောဆိုချက်များကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြောင်း ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့ပြီး ဤလုပ်ရပ်သည် နိုင်ငံတကာဥပဒေ၏ ဩဇာအရှိန်အဝါကို ပြင်းထန်စွာ ခြိမ်းခြောက်နေပြီး ဗင်နီဇွဲလား၏ တရားဝင်အစိုးရကို ပုန်ကန်ရန် ကြိုးပမ်းသည့် “ကျူးကျော်မှုလုပ်ရပ်” ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ မည်သည့်နိုင်ငံကမျှ အခြားနိုင်ငံ၏ လေပိုင်နက်ကို ပိတ်ပိုင်ခွင့်မရှိကြောင်း၊ အမေရိကန်၏ ဤဆုံးဖြတ်ချက်သည် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် “မရေမတွက်နိုင်သော၊ ခန့်မှန်း၍ မရနိုင်သော အကျိုးဆက်များ” ယူဆောင်လာလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

လတ်တလောကာလအတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက်နေရာချထားကာ ဗင်နီဇွဲလားနိုင်ငံအား ဖိအားပေးခဲ့သည်။ စက်တင်ဘာလဆန်းမှစ၍ အမေရိကန်စစ်တပ်သည် ကာရေဘီယံပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန်ဘက်က “မူးယစ်ဆေးဝါး ရောင်းဝယ်မှု သင်္ဘော” ဟူ၍ ရည်ညွှန်းသော သင်္ဘော အစီး ၂၀ ကျော်ကို ပစ်ခတ်ခဲ့ရာ သင်္ဘောနစ်မြုပ်၍ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ရသည်။ သို့သော် အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအုပ်ချုပ်မှုအဖွဲ့ (DEA) က အမေရိကန်သို့ မူးယစ်ဆေးဝါး ဝင်ရောက်သော အဓိကရင်းမြစ်နိုင်ငံမှာ ဗင်နီဇွဲလားမဟုတ်ကြောင်း လတ်တလောနှစ်များ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အမေရိကန်က စစ်ရေးခြိမ်းခြောက်မှုဖြင့် ဗင်နီဇွဲလားနိုင်ငံ၌ အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေပြီး လက်တင်အမေရိကဒေသ၌ စစ်ရေးတိုးချဲ့မှုများ လုပ်ဆောင်နေသည်ဟု ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့သည်။

အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) က “လုံခြုံရေးအခြေအနေ ယိုယွင်းလာခြင်း” နှင့် “ဗင်နီဇွဲလားနှင့် အနီးဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုများ ပြင်းထန်လာခြင်း” ကြောင့် ဗင်နီဇွဲလားလေပိုင်နက်ကို ကျော်၍ ပျံသန်းရသော မည်သည့်အရပ်ဘက်လေယာဉ်မဆို “အန္တရာယ်ရှိသောအခြေအနေ” နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း လေကြောင်းလိုင်းကုမ္ပဏီများအနေဖြင့် “သတိထားလုပ်ဆောင်ရန်” လိုအပ်ကြောင်း နိုဝင်ဘာ ၂၁ ရက်က သတိပေးခဲ့သည်။ ဗင်နီဇွဲလားအစိုးရက နိုင်ငံခြားလေကြောင်းလိုင်းကုမ္ပဏီ ခြောက်ခု၏ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်များကို တရားဝင်ရုပ်သိမ်းကြောင်း၊ အကြောင်းရင်းမှာ ယင်းကုမ္ပဏီများသည် ဗင်နီဇွဲလားအပေါ် အမေရိကန်၏ လုပ်ဆောင်ချက်များကို ပူးပေါင်းဆောင်ရွက်ကာ လေယာဉ်ခရီးစဉ်များကို တစ်ဖက်သတ်ရပ်ဆိုင်းခဲ့သောကြောင့် ဖြစ်ကြောင်း နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
综合消息|委内瑞拉多方应对“封锁空域” 拉美国家谴责美“侵略”
新华社北京11月30日电 综合新华社驻外记者报道:美国总统特朗普29日在社交媒体发文称,委内瑞拉上空及周边空域“被视为全面关闭”。委内瑞拉随后举行军事演习并启动多边机制予以应对。拉美地区组织和一些国家谴责美方此举为“侵略”。
针对美方威胁,委内瑞拉玻利瓦尔国民武装部队29日在全国范围内开展海岸防御演习。演习在委沿海多个战略要地同步进行,包括设立海岸防御点和观察哨、部署火炮和防空系统、沿海岸巡逻等。委副总统罗德里格斯同日说,委内瑞拉已根据国际法启动所有多边机制应对“美国封锁空域”。
委内瑞拉外长希尔通过社交媒体发布公报,强烈谴责美国威胁其领空主权的行径,呼吁国际社会、各国政府及联合国等国际组织坚决反对这一行径,并重申委内瑞拉将依据国际法,采取一切必要手段捍卫国家主权与和平。
美洲玻利瓦尔联盟发表声明,谴责美国针对委内瑞拉领空主权发出的“新殖民主义威胁”。声明说,这是一种政治侵略行为,再次印证了美国针对拉美国家人民的“帝国主义行径”。美国对委内瑞拉进行这样的军事恐吓,就是对拉美地区所有主权国家的威胁。
哥伦比亚总统佩特罗在社交媒体上发文说:“一国的领空不能由外国总统来关闭,否则国家主权和国际法概念将就此终结。”佩特罗强调,他不仅是以哥伦比亚总统的身份,也是以拉美和加勒比国家共同体轮值主席国总统的身份发表上述言论。
古巴外长布鲁诺·罗德里格斯在社交媒体发文,强烈谴责美方言论,指出此举严重威胁国际法权威,是企图颠覆委内瑞拉合法政府的“侵略行为”。他说,任何国家都无权关闭他国领空,美方这一决定将给拉丁美洲和加勒比地区的和平、安全与稳定带来“无法估量和不可预测的后果”。
近期,美国以“缉毒”为由,在委内瑞拉附近加勒比海域部署多艘军舰,对委施压。9月初以来,美军已在加勒比海和东太平洋击沉超过20艘美方指称的“贩毒船”,造成80余人死亡。但美国缉毒署近年报告显示,委内瑞拉并非流入美国的毒品的主要来源地。委内瑞拉多次指责美国意图通过军事威胁在委策动政权更迭,并在拉美进行军事扩张。
11月21日,美国联邦航空局发出警告称,鉴于“安全局势恶化”以及“委境内和周边军事活动加强”,任何民航客机飞越委领空都会“面临危险境况”,各航司需“谨慎行事”。委内瑞拉政府26日晚发布公报,宣布正式撤销6家外国航空公司的运营特许权,理由是这些公司配合美国对委行动,单方面停飞航线。(完)
图说:11月26日,一架载有被美国遣返的委内瑞拉移民的飞机抵达委内瑞拉迈克蒂亚西蒙·玻利瓦尔国际机场。新华社发(马科斯·萨尔加多摄)