Connect with us

Europe

ရုရှားနိုင်ငံအနေဖြင့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) အခြားသော အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပူတင် ပြောကြား

ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘစ်ရှ်ကက်၌ ကျင်းပသော စုပေါင်းလုံခြုံရေးအဖွဲ့၏ စုပေါင်းလုံခြုံရေးကောင်စီအစည်းအဝေးတွင် ရုရှားသမ္မတ ပူတင်က မိန့်ခွန်းပြောကြားနေသည်ကို နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Office of the President of the Kyrgyz Republic)

မော်စကို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသည် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) မိတ်ဖက်များနှင့် အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို အလွန်အလေးထားပြီး အပြန်အလှန် ဆက်သွယ်မှုကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ကြောင်း သမ္မတဗလာတီမာပူတင်က ဒီဇင်ဘာ ၂၁ ရက်တွင် စိန့်ပီတာစဘတ်စ်မြို့၌ ကျင်းပသည့် ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) ၏ အမြင့်ဆုံးအာဏာအဖွဲ့အစည်းဖြစ်သော ယူရေရှား စီးပွားရေးကော်မရှင်၏ အမြင့်ဆုံးဘုတ်အဖွဲ့ အစည်းအဝေးငယ်တစ်ခု၌ ပြောကြားခဲ့သည်ဟု ရုရှားသမ္မတဝက်ဘ်ဆိုက်က ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

EAEU အတွင်း ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမငြိမ်မသက်မှုများကြားတွင် ယင်းအတွင်းပိုင်း ပူးပေါင်းဆောင်ရွက်မှုသည် အဖွဲ့ဝင်နိုင်ငံများနှင့် ယူရေရှား ဒေသတစ်ခုလုံး၏ စီးပွားရေး တည်ငြိမ်စွာ၊ ခံနိုင်ရည်ရှိစွာ ဖွံ့ဖြိုးတိုးတက်စေရေး သေချာစေရန် ကူညီပေးကြောင်း ပူတင်က ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် EAEU ၂၀၂၅ ခုနှစ် အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော ဘီလာရုစ်နိုင်ငံ သမ္မတ Aleksandr Lukashenko က ၂၀၂၆ ခုနှစ်တွင် EAEU ၏ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် ကာဇက်စတန်နိုင်ငံက တာဝန်ယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
EAEU ၏ အဖွဲ့ဝင်နိုင်ငံများတွင် ရုရှား၊ ဘီလာရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်နှင့် ကာဂျစ္စတန်တို့ ပါဝင်သည်။ (Xinhua)

……………………………….
(Chinese Version)
普京:俄愿加强与欧亚经济联盟其他成员国合作
新华社莫斯科12月21日电(记者包诺敏)俄罗斯总统网站21日发布消息说,俄总统普京当天在圣彼得堡举行的欧亚经济联盟最高权力机构欧亚经济委员会最高理事会小范围会议上表示,俄方高度重视与欧亚经济联盟伙伴开展互利共赢的多方合作,希望全面发展彼此联系。
普京表示,欧亚经济联盟内部合作正在稳步发展。在全球经济动荡的背景下,其内部合作有助于确保成员国和整个欧亚地区的经济稳定和韧性发展。
会上,欧亚经济联盟2025年轮值主席国白俄罗斯总统卢卡申科宣布,哈萨克斯坦将于2026年接任欧亚经济联盟轮值主席国。
欧亚经济联盟成员国包括俄罗斯、白俄罗斯、亚美尼亚、哈萨克斯坦和吉尔吉斯斯坦。(完)
图说:11月27日,新华社发(吉尔吉斯斯坦总统办公厅供图),俄罗斯总统普京在集安组织集体安全理事会会议上发言。新华社发(吉尔吉斯斯坦总统办公厅供图)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.