Europe
ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး ရုရှားနှင့် တောင်ကိုရီးယား လျှို့ဝှက်ဆွေးနွေးခဲ့မှုအပေါ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆို
မော်စကို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးကိုပင် မဆိုထားနှင့် မြောက်ကိုရီးယား-တောင်ကိုရီးယား ဆက်ဆံရေးအား ထိခိုက်စေနိုင်သည့် မည်သည့်အကြောင်းအရာကိုမဆို ဆွေးနွေးခဲ့ခြင်းမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် ရုရှားပညာရပ်နယ်ပယ်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့သို့ အလုပ်သဘောခရီးစဉ် လာရောက်ခြင်းဖြစ်ကြောင်း၊ သို့သော် မီဒီယာက ၎င်းခရီးစဉ်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအကြား တရားဝင်တွေ့ဆုံဆွေးနွေးမှုအဖြစ် သိမ်ဖျင်းစွာပုံဖော်လိုက်ကာ ရုရှား-မြောက်ကိုရီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား ဖျက်ဆီးရန် ကြိုးပမ်းလာကြောင်း Maria Zakharova က ထောက်ပြခဲ့သည်။
ရုရှား-မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရုရှားဘက်၏ ရပ်တည်ချက်သည် တစ်သမတ်တည်းဖြစ်ပြီး အခြေခံမူခိုင်မြဲကြောင်း၊ နိုင်ငံရေးအကြောင်းအချက်တို့၏ သက်ရောက်မှုခံရခြင်း မရှိဘဲ နှစ်နိုင်ငံရေရှည်မဟာဗျူဟာအကျိုးစီးပွားအပေါ် အခြေခံကြောင်း Maria Zakharova က အလေးထား ပြောကြားခဲ့သည်။
ရုရှားဘက်အနေဖြင့် ၂၀၂၄ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သည့် ရုရှား-မြောက်ကိုရီးယား “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်” အရ မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်တွန်းအားပေး ဖော်ဆောင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးအား ဖျက်ဆီးလိုသည့် မည်သည့်လုပ်ရပ်မဆို အချည်းနှီးသာဖြစ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Yonhap သတင်းဌာန စသည့် တောင်ကိုရီးယားမီဒီယာများက ထိုနေ့အစောပိုင်းတွင် တောင်ကိုရီးယား သံတမန်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးအား တာဝန်ယူရသော အဆင့်မြင့်အရာရှိသည် လတ်တလောရက်ပိုင်းတွင် မော်စကိုမြို့သို့ လျှို့ဝှက်ခရီးစဉ်သွားရောက်ခဲ့ပြီး ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးအား တာဝန်ယူရသည့် အရာရှိများနှင့် တံခါးပိတ် ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ကာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေး စသည့် မြောက်ကိုရီးယားနှင့် ပတ်သက်သော အရေးကိစ္စများနှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု သတင်းဖော်ပြခဲ့သည်။ (Xinhua)
——————-
(Chinese Version)
俄外交部否认俄韩秘谈朝核问题
新华社莫斯科12月21日电(记者包诺敏)据俄罗斯外交部网站21日发布的声明,俄外交部发言人扎哈罗娃表示,俄方从未与韩国讨论任何影响朝韩关系的问题,更遑论朝鲜半岛核问题。
扎哈罗娃指出,韩国外交部代表团是应俄罗斯学术界邀请,对莫斯科进行工作访问,有媒体却将其拙劣地包装成两国外交部之间的正式会谈,意图破坏俄朝全面战略伙伴关系。
扎哈罗娃强调,就俄朝合作,俄方立场是一贯且原则坚定的,不受政治因素影响,且基于两国长期战略利益。俄方将根据2024年6月签署的俄朝《全面战略伙伴关系条约》,继续致力于推动发展对朝关系。任何企图破坏俄朝关系的行径都是徒劳的。
韩联社等韩国媒体当天早些时候以韩国外交人士为消息源报道称,韩外交部分管朝核问题的高级官员近期秘密访问莫斯科,与俄外交部分管朝核问题的官员进行闭门磋商,就朝核问题等涉朝事务交换意见。(完)
图说:11月18日,俄罗斯外交部发言人扎哈罗娃在莫斯科接受新华社记者专访。新华社记者孟菁摄
