Asia
ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားအရပ်သား သေဆုံးသူ ၂၀ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန ဆို
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ၏ နယ်စပ်ပဋိပက္ခသည် ၁၆ ရက် ဆက်တိုက်ရှိလာပြီဖြစ်ရာ လက်ရှိ အရပ်သားသေဆုံးသူ ၂၀ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံစစ်တပ်ဘက်က “အရပ်သားနေထိုင်ရာရပ်ကွက်သို့ လက်နက်ခဲယမ်းပစ်ခတ်မှုများကြောင့် ကမ္ဘောဒီးယားအရပ်သား ၂၀ ဦး သေဆုံးပြီး အခြား ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း” ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ပဋိပက္ခကြောင့် လူပေါင်း ၅၂၅,၀၀၀ က ဘေးကင်းလုံခြုံသော ခိုလှုံရာနေရာကို ရှာဖွေရန် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းထိ ထိုင်းစစ်တပ်က အမြောက်၊ တင့်ကား၊ အဆိပ်ငွေ့နှင့် F-16 တိုက်လေယာဉ်များကို ဆက်လက်အသုံးပြုပြီး ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း ပစ်မှတ်များကို တိုက်ခိုက်နေကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ယင်းနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၇ ရက်မှစ၍ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ဒေသတွင် ပြင်းထန်သောပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့ရာ တစ်ဖက်မှ “စတင်ပစ်ခတ်ခြင်း” ဖြစ်ကြောင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြစ်တင်ပြောကြားခဲ့သည်။ (Xinhua)


———————-
(Chinese Version)
柬埔寨内政部:柬泰冲突已致20名柬平民死亡
新华社金边12月22日电(记者吴长伟)柬埔寨内政部22日发布公告说,柬埔寨与泰国的边境冲突已持续16天,目前平民死亡人数已升至20人。
内政部的公告说,泰国军方“向平民区发射并投掷各种弹药,导致20名柬埔寨平民死亡,另有79人受伤”。冲突已迫使52.5万人逃离家园,寻求安全避难所。 柬埔寨国防部发言人马莉淑洁达在当日的新闻发布会上表示,截至22日上午,泰国军队继续使用火炮、坦克、毒气和F-16战机袭击柬埔寨境内多个目标。
12月7日起,柬泰边境地区再次爆发激烈冲突。双方均指责对方“先开火”。(完)
1. 这是12月19日在柬埔寨奥多棉吉省拍摄的在冲突中受损的房屋。新华社/柬新社
