Connect with us

Asia

ဂျပန်နိုင်ငံ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ လည်ပတ်မှု ပြန်လည်စတင်မည်

ဂျပန်နိုင်ငံ နီအီဂါတာခရိုင်၌ ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/Kyodo News)

တိုကျို၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နီအီဂါတာခရိုင် လွှတ်တော်သည် ဒီဇင်ဘာ ၂၂ ရက်တွင် သက်ဆိုင်ရာ ဖြည့်စွက်ဘတ်ဂျတ်အား ခွင့်ပြုခဲ့ရာ ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံအား လည်ပတ်မှု ပြန်လည်စတင်မည်ဖြစ်ကြောင်း ဂျပန် Kyodo News သတင်းဖော်ပြချက်အရ သိရသည်။

ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံသည် ဂျပန်နိုင်ငံ နီအီဂါတာခရိုင်၌ တည်ရှိပြီး ခါရှီဝါဇာကီနှင့် ကာရီဝါဒေသနှစ်ခုကို ခွ၍တည်ရှိနေခြင်းကြောင့် အဆိုပါအမည်တွင်ခြင်းဖြစ်သည်။ ၎င်းစက်ရုံ၏ စက်တပ်ဆင်အင်အား စုစုပေါင်းပမာဏမှာ ၈.၂၁၂ သန်း ကီလိုဝပ်ခန့်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံဖြစ်သည်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် အရှေ့ဂျပန်ငလျင်ကြီးကြောင့် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစက်ရုံ မတော်တဆမှုဖြစ်ပွားပြီးနောက် ဂျပန်နိုင်ငံ ပြည်တွင်းရှိ နျူကလီးယားဓာတ်ပေါင်းဖို စက်အုပ်စုအားလုံး လည်ပတ်မှုရပ်ဆိုင်းခဲ့သည်။ ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံကိုလည်း ၂၀၁၂ ခုနှစ်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ နီအီဂါတာခရိုင်၌ ပြည်သူများက ခါရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေးစက်ရုံအား ပြန်လည်စတင်လည်ပတ်ခြင်းအား ဆန္ဒပြနေသည့် ပြည်သူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Xinhua/Kyodo News)

ဂျပန်နိုင်ငံ နီအီဂါတာခရိုင်၌ ခရိုင်လွှတ်တော်အစည်းအဝေး အခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Xinhua/Kyodo News)

——————–
(Chinese Version)
日本最大核电站将重启
新华社东京12月22日电(记者陈泽安 钱铮)据日本共同社报道,日本新潟县议会22日批准了有关补充预算,将重启柏崎刈羽核电站。
柏崎刈羽核电站位于日本新潟县,因跨柏崎和刈羽两地而得名,其总装机容量约821.2万千瓦,是日本最大的核电站。2011年“3·11”东日本大地震引发福岛第一核电站事故后,日本境内的核电机组一度全部停运,柏崎刈羽核电站也于2012年关闭。(完)
1、这是11月7日在日本新潟县拍摄的柏崎刈羽核电站。新华社/共同社
2、12月22日,民众在日本新潟县抗议重启柏崎刈羽核电站。新华社/共同社
3、这是12月22日在日本新潟县拍摄的县议会现场。新华社/共同社

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.