Connect with us

Asia

ထိုင်း -ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကြောင့် ထိုင်းဘက်တွင် လူ ၆၀ ဦး သေဆုံး

ထိုင်းနိုင်ငံ Buri Ram ပြည်နယ်တွင် နယ်စပ်ပြည်နယ်မှ ဘေးလွတ်ရာသို့ပြောင်းရွှေ့လာကြသော ပြည်သူများက ခိုလှုံရာနေရာတစ်ခု၌ အနားယူနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ရက်အတော်အကြာ ဆက်တိုက်ဖြစ်ပွားခဲ့သော ထိုင်း -ကမ္ဘောဒီးယား ပဋိပက္ခကြောင့် ထိုင်းစစ်သည် ၂၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ပဋိပက္ခကြောင့် အရပ်သား ၃၈ ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် Sa Kaeo ပြည်နယ်၌ ထိုင်းစစ်သည်တစ်ဦး တာဝန်ထမ်းဆောင်စဉ်တွင် သေဆုံးခဲ့ပြီး နှစ်ဖက်ပဋိပက္ခအတွင်း ထိုင်းစစ်သည် သေဆုံးသူဦးရေမှာ ၂၂ ဦး အထိ မြင့်တက်လာကြောင်း ထိုင်းတပ်မတော် အမှတ် ၁ စစ်ဒေသကြီးက ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲချိန်မှစ၍ Sa Kaeo ပြည်နယ် ပဋိပက္ခများ ပိုမိုဆိုးရွားလာခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့သည် Ban Nong Chan စသည့်ဒေသသုံးခုတွင် လက်နက်ကြီးများ အသုံးပြု၍ ထိုင်းဘက်ကို အဆက်မပြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံပြည်သူများအား အစိုးရ၏ ပြန်လည်နေရာချထားရေးစခန်းများတွင် ယာယီနေထိုင်ရန် ထိုင်းစစ်တပ်က တိုက်တွန်းထားကြောင်း သိရသည်။

ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းအချိန်မှစ၍ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံ စစ်တပ်များသည် Sa Kaeo ပြည်နယ် နယ်စပ်ဒေသတွင် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ပြည်သူများအား ထိတ်လန့်စေခဲ့ကြောင်း၊ အထူးသဖြင့် အဆိုပါနေ့ နံနက် ၇ နာရီခန့်တွင် ကမ္ဘောဒီးယား၏ အမြောက်ကျည်များသည် ထိုင်းဘက် လူနေရပ်ကွက်များကို ထိမှန်ခဲ့ပြီး နေအိမ်များ ပျက်စီးကာ မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း ထိုင်းမီဒီယာများ၏ သတင်းများအရ သိရသည်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းအချိန်ထိ ပဋိပက္ခကြောင့် အရပ်သား ၃၈ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၆၀,၀၀၀ ကျော်မှာ ပြန်လည်နေရာချထားရေးစခန်းတွင် နေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(Chinese Version)
泰柬边境冲突已致泰方60人死亡
新华社曼谷12月22日电(记者常天童 林淑婷)泰国军方22日表示,持续多日的泰柬冲突已造成泰方22名士兵死亡。泰国卫生部数据显示,冲突还导致38名平民死亡。
泰国陆军第一军区表示,22日当天有1名泰军士兵在沙缴府执行任务时死亡,双方冲突中的泰军军人死亡人数升至22人。21日下午起,沙缴府冲突升级,柬方在班农占等三个地区持续使用重型武器攻击泰方。泰国军方呼吁当地民众暂留在政府安置中心。
据泰国媒体报道,22日清晨以来,泰柬两国军队在沙缴府边境地区交火,引发民众恐慌。特别是当天7时许,柬方炮弹击中了泰方的居民区,造成房屋受损并起火。
泰国卫生部数据显示,截至22日上午,冲突已造成38名平民死亡,超过16万人仍栖身在安置中心。(完)
图说:12月8日,在泰国武里南府,撤离边境省份的民众在一处避难所休息。新华社发