Connect with us

Asia

ကမ္ဘောဒီးယားနှင့် ထိုင်းက ရန်လိုသည့် လှုပ်ရှားမှုအသွင်အားလုံးကို ရပ်တန့်ရန် မျှော်လင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်တွင် ထိုင်းစစ်တပ် ဗုံးကြဲတိုက်ခိုက်ခြင်းခံရသော အရပ်ဘက်အဆောက်အဦတစ်ခုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Agence Kampuchea Presse/Handout via Xinhua)

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း၏ အပစ်ရပ်မှု ပြန်လည်ဖော်ဆောင်ရေးနှင့် ရန်လိုမှုလှုပ်ရှားမှုများအား ရပ်တန့်ရေးအတွက် ဆွေးနွေးမှုကို ကြိုဆိုကြောင်း၊ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အထွေထွေကော်မတီက ဒီဇင်ဘာ ၂၄ ရက်တွင် အစည်းအဝေးကျင်းပ၍ အပစ်ရပ်မှုအား အကောင်အထည်ဖော်ရေးနှင့် စိစစ်ရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်၌ ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးပြီးနောက် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကာ အစီအမံများ ချက်ချင်းဖော်ဆောင်ပြီး ရန်လိုသည့် လှုပ်ရှားမှုအသွင်အားလုံးကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်း ကြေညာချက်က ဆိုထားသည်။
ကမ္ဘောဒီးယား-ထိုင်း အခြေအနေနှင့်စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီး အထူးအစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေးကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan မှ ကြီးမှူးကျင်းပပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ၊ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် အာဆီယံနိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့သည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ်ရှိ နေရာချထားရေးစခန်းတစ်ခုတွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် ပဋိပက္ခကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်လာသော ကမ္ဘောဒီးယား အရပ်သားပြည်သူများ အနားယူနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
马来西亚外交部:希望柬泰停止一切形式的敌对行动
新华社吉隆坡12月22日电(记者王嘉伟 毛鹏飞)马来西亚外交部22日在东盟外长特别会议后发表声明说,东盟各国外长欢迎就柬泰恢复停火及停止敌对行动开展讨论。柬泰边界总委员会将于24日召开会议,讨论停火的执行与核查事宜。
声明说,会议敦促柬埔寨和泰国保持最大限度克制,立即采取措施,停止一切形式的敌对行动。
围绕柬泰局势的东盟外长特别会议22日在马来西亚吉隆坡召开。会议由马来西亚外长穆罕默德主持,泰国外长西哈萨、柬埔寨副首相兼外交大臣布拉索昆以及东盟多国外长出席会议。(完)
图说1:这是12月18日在柬埔寨班迭棉吉省拍摄的一处被泰国军队轰炸的民用设施。新华社/柬新社
图说2:12月12日,在柬埔寨班迭棉吉省的一处居民安置点,因柬泰边境冲突而撤离的柬埔寨民众在休息。新华社发(索万纳拉摄)