Asia
ကမ္ဘောဒီးယားနယ်နိမိတ်အတွင်း ပစ်မှတ်များကို ထိုင်းစစ်တပ်က ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းအထိ ကမ္ဘောဒီးယားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို ထိုင်းစစ်တပ်က အမြောက်နှင့် တင့်ကားစက်သေနတ်များဖြင့် ဆက်လက်ပစ်ခတ်လျက်ရှိကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အသစ်တစ်ကြိမ်ဖြစ်ပွားသော ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခသည် ၁၇ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်ရာ ကမ္ဘောဒီးယား အရပ်သားသေဆုံးသူဦးရေမှာ မွေးကင်းစကလေးငယ်တစ်ဦး အပါအဝင် ၂၁ ဦးအထိ မြင့်တက်လာပြီဖြစ်သလို အခြားသူ ၈၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Maly Socheata က ပြောကြားခဲ့သည်။
ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၅၄၅,၀၀၀ ခန့်မှာ မဖြစ်မနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)


——————
(Chinese Version)
柬国防部:泰军持续打击柬境内多个目标
新华社金边12月23日电(记者吴长伟)柬埔寨国防部发言人马莉淑洁达23日在新闻发布会上说,截至当天上午,泰国军队继续使用火炮和坦克机枪向柬埔寨境内多个目标开火。
马莉淑洁达表示,新一轮柬泰边境冲突已进入第17天,柬平民死亡人数已升至21人,其中包括一名婴儿,另有83人受伤。
柬埔寨内政部公布的最新数据显示,冲突已迫使约54.5万名柬埔寨人逃离家园。(完)
1. 这是12月20日在柬埔寨奥多棉吉省与暹粒省交界处拍摄的被轰炸的桥梁。新华社/柬新社
