Connect with us

North America

ထရမ့်က မာဒူရိုအပေါ် ထပ်မံဖိအားပေး၊ “အမေရိကန်ကိုသာ ကောင်းမွန်စွာ စီမံရန်” မာဒူရိုက ထရမ့်အား ပြောကြား

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့ အိမ်ဖြူတော်သို့ ပြန်ရောက်လာသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်/ကရာကတ်စ်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်က ဗင်နီဇွဲလား သမ္မတ မာဒူရိုအား ဒီဇင်ဘာ ၂၂ ရက် ဖလော်ရီဒါပြည်နယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထပ်မံဖိအားပေးခဲ့သည်။ ယင်းနေ့တွင်ပင် မာဒူရိုကမူ ထရမ့်အား အမေရိကန် ပင်ကိုပြဿနာများကိုသာ ကောင်းမွန်စွာ စီမံရန် အကြံပြုပြောကြားလိုက်သည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက အမေရိကန်အနေဖြင့် ဗင်နီဇွဲလားအပေါ် လအနည်းငယ်ကြာ ဆက်တိုက်ဖိအားပေးနေခြင်းမှာ မာဒူရို ရာထူးမှဆင်းပေးရန် ရည်ရွယ်ခြင်း ဖြစ်သလောဟု မေးမြန်းရာတွင် ထရမ့်က “ဒါက ဖြစ်နိုင်ပါတယ်။ ကျုပ်အနေနဲ့ အတိအကျ မပြောနိုင်ဘူး။ ဒါက သူကိုယ်တိုင် ဘယ်လိုလုပ်ချင်လဲပေါ်မှာ မူတည်တယ်” ဟု ပြောကြားခဲ့သည်။
အကယ်၍ မာဒူရိုအနေဖြင့် သဘောထားတင်းမာနေပါက “ဒါက သူ့အတွက် နောက်ဆုံး အားတင်းထားတာ ဖြစ်သွားပါလိမ့်မယ်” ဟုလည်း ၎င်းက ခြိမ်းခြောက်ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် မာဒူရိုက အကယ်၍ ထရမ့်နှင့် နောက်ထပ်တစ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်ပါက ၎င်းအနေဖြင့် ထရမ့်ကို “ကျုပ်တို့အနေနဲ့ ကိုယ်စီ ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို ကောင်းမွန်အောင် စီမံကြတာပေါ့” ဟု ပြောကြားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့်ထုတ်လွှင့်သည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ယခုကာလများတွင် ထရမ့်၏ ပြောကြားချက်များက အမေရိကန် ပင်ကိုရင်ဆိုင်နေရသည့် အချက်အချာ အရေးကိစ္စများကို ဦးတည်နေခြင်းမဟုတ်ဘဲ ၇၀ ရာခိုင်နှုန်းက ဗင်နီဇွဲလားကိုပင် ဦးတည်နေကြောင်း၊ ဗင်နီဇွဲလားအနေဖြင့် အပြန်အလှန်လေးစားမှုပေါ်တွင် အခြေခံ၍ တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း မာဒူရိုက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်မှစ၍ အမေရိကန်သည် ဗင်နီဇွဲလားအနီး ပင်လယ်ပြင်တွင် ဗင်နီဇွဲလားနှင့်သက်ဆိုင်သော ရေနံသင်္ဘောများကို သုံးကြိမ် ကြားဖြတ်ဟန့်တားမှုများ လုပ်ဆောင်ခဲ့သည်။ ဗင်နီဇွဲလားသို့ ဝင်ထွက်သွားလာနေသော အမေရိကန် ပိတ်ဆို့အရေးယူခံထားရသည့် ရေနံသင်္ဘောအားလုံးကို “ဘက်စုံ အဆုံးတိုင် ပိတ်ဆို့မှု” လုပ်ဆောင်ရန် ထရမ့်က ဒီဇင်ဘာ ၁၆ ရက်တွင် အမိန့်ချခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သော ရေနံတင်သင်္ဘော ဒါဇင်နှင့်ချီသည် လက်ရှိတွင် ဗင်နီဇွဲလားအနီးရှိ ရေပြင်များ၌ ရပ်ဆိုင်းထားကြောင်း အမေရိကန်မီဒီယာများက Tanker Trackers ဝက်ဘ်ဆိုက်မှ အချက်အလက်များကို ကိုးကား၍ သတင်းဖော်ပြထားသည်။

ရေနံတင်ပို့မှုသည် ဗင်နီဇွဲလား၏ အဓိကစီးပွားရေးမဏ္ဍိုင်ဖြစ်သည်။ အမေရိကန်က ဗင်နီဇွဲလားတွင် အုပ်ချုပ်ရေးအာဏာ ပြောင်းလဲရန် ကြိုးစားနေခြင်း၊ လက်တင်အမေရိကတွင် စစ်ရေးတိုးချဲ့မှုများ ပြုလုပ်ခြင်းတို့ကို ဗင်နီဇွဲလားအစိုးရက အကြိမ်များစွာ ပြစ်တင်ပြောကြားခဲ့ပြီး အမေရိကန်က ရေနံတင်သင်္ဘောများကို ကြားဖြတ်တားဆီးသောလုပ်ရပ်သည် “ပင်လယ်ဓားပြ” လုပ်ရပ်ဟု ရှုတ်ချခဲ့သည်။

လအနည်းငယ်အကြာကာလများတွင် အမေရိကန်သည် “မူးယစ်ဆေးဝါး အကြမ်းဖက်မှုဝါဒ” တိုက်ဖျက်ရေးကို အကြောင်းပြု၍ ဗင်နီဇွဲလားအနီးရှိ ကာရေဘီယံပင်လယ်ပြင်တွင် ရေတပ်နှင့် လေတပ်အင်အားများကို ကျယ်ကျယ်ပြန့်ပြန့် တပ်ဖြန့်ထားပြီး ယခုအချိန်ထိ ကာရေဘီယံပင်လယ်နှင့် အရှေ့ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန်ဘက်က “မူးယစ်ဆေးဝါး ရောင်းဝယ်ရေး သင်္ဘော” ဟု စွပ်စွဲသည့် သင်္ဘောအစင်း ၃၀ ခန့်ကို နစ်မြုပ်အောင်ပစ်ခတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ အမေရိကန်က ရေနံတင်သင်္ဘောများကို ကြားဖြတ်ဖမ်းဆီးခြင်းသည် အမေရိကန်နှင့် ဗင်နီဇွဲလားအကြား တင်းမာမှုအခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုက ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ် ဆန္ဒပြလှုပ်ရှားမှုအတွင်း နိုင်ငံတော်အလံအား ဝှေ့ယမ်းနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————————–
(Chinese Version)
特朗普再次施压马杜罗 马杜罗喊话特朗普“管好美国”
新华社华盛顿/加拉加斯12月22日电 美国总统特朗普22日在佛罗里达州举行的新闻发布会上再次向委内瑞拉总统马杜罗施压。马杜罗当天则建议特朗普管好美国自身的问题。
在新闻发布会上,当记者问及美国数月以来持续对委施压是否旨在迫使马杜罗下台时,特朗普称:“这可能会发生,我不能确定。这取决于他自己想怎么做。”他还威胁说,如果马杜罗想强硬,“那将是他最后一次逞强”。
同一天,马杜罗在委内瑞拉国家电视台转播的讲话中说,如果再次同特朗普通电话,他会对特朗普说“让我们各自处理好本国的内政”。马杜罗说,近来特朗普70%的讲话都在针对委内瑞拉,而不是美国自身面临的关键问题。委内瑞拉愿意基于相互尊重进行对话。
自本月10日以来,美国已3次在委内瑞拉附近海域对涉委油轮实施拦截行动。特朗普16日下令对所有进出委内瑞拉的受美国制裁油轮实施“全面彻底封锁”。美媒援引石油运输监测机构“油轮追踪”网站数据报道,目前有数十艘被列入美国制裁名单的油轮停留在委内瑞拉附近海域。
石油出口是委内瑞拉重要经济支柱。委内瑞拉政府多次指责美国试图在委策动政权更迭、在拉美进行军事扩张,谴责美拦截油轮的行为是海盗行径。
数月来,美方以打击“毒品恐怖主义”为由,在委内瑞拉附近加勒比海域部署大规模海空兵力,迄今在加勒比海和东太平洋击沉约30艘美方指称的“贩毒船”,造成逾百人死亡。美方拦截油轮行动进一步加剧了美委紧张局势。(完)
1. 11月30日,在美国首都华盛顿白宫,美国总统特朗普和夫人梅拉尼娅返抵白宫。新华社记者 胡友松 摄
2. 12月1日,委内瑞拉总统马杜罗在首都加拉加斯一场游行活动上挥舞国旗。新华社发