Connect with us

North America

“ထရမ့်အဆင့်” စစ်သင်္ဘောပုံစံသစ် တည်ဆောက်မည့်အစီအစဉ်အား ထရမ့် ထုတ်ပြန်ကြေညာ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်တွင် အိမ်ဖြူတော်မှ ထွက်ခွာသွားသော အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်ရေတပ်အနေဖြင့် “ထရမ့်အဆင့်” စစ်သင်္ဘောနှစ်စင်းပုံစံသစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ ယင်းသည် အမေရိကန်စစ်တပ်၏ “အမြန်ဆုံး၊ အကြီးဆုံး စစ်သင်္ဘော” ဖြစ်လာမည်ဖြစ်ကြောင်း၊ တိုက်ခိုက်နိုင်မှုစွမ်းရည်သည် လက်ရှိ စစ်သင်္ဘောများထက် “အဆပေါင်းရာချီ အင်အားတောင့်တင်း” မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဒီဇင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ ကာကွယ်ရေးဝန်ကြီး Pete Hegseth ၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ ရေတပ်ဝန်ကြီး John Phelan တို့နှင့် အတူတကွ သတင်းစာရှင်းလင်းပွဲ တက်ရောက်ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် “ထရမ့်အဆင့်” “USS Defiant” ဟု ဖော်ပြထားသော စစ်သင်္ဘောအသစ်ပိုစတာကို ဖော်ပြခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ရေတပ်၏ အစီအစဉ်တစ်ခုကို အတည်ပြုခဲ့ပြီးဖြစ်ကာ “အမေရိကန်သမိုင်းတွင် တည်ဆောက်ခဲ့ဖူးသမျှ၌ အကြီးမားဆုံး စစ်သင်္ဘော” နှစ်စင်းအား စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် မကြာမီတွင် နောက်ထပ် ၈ စင်း တည်ဆောက်သွားမည်ဖြစ်ရာ နောက်ဆုံးတွင် စစ်သင်္ဘောပုံစံသစ် စုစုပေါင်းအစင်းရေ ၂၀ မှ ၂၅ စင်းအထိ ပိုင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စစ်သင်္ဘောများ၏ ရေစွန့်ထုတ်ပေးနိုင်မှုပမာဏသည် တန်ချိန် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိရှိပြီး ဟိုက်ပါဆောနစ်လက်နက်၊ Rail Gun ၊ ခရုဇ်ဒုံးကျည်နှင့် လေဆာလက်နက်များ တပ်ဆင်ထားမည်ဖြစ်ရာ အမေရိကန်ရေတပ် စစ်ရေယာဉ်အုပ်စု၏ အလံဆောင်စစ်ရေယာဉ် (Flagship) ဖြစ်လာမည်ဟု ထရမ့်က ဆိုသည်။
“ထရမ့်အဆင့် စစ်သင်္ဘော” သည် “ကမ္ဘာပေါ်တွင် အကြီးဆုံး၊ သေစေနိုင်မှုစွမ်းရည် အမြင့်ဆုံး၊ လုပ်ဆောင်ချက် ဘက်စုံထောင့်စုံအဖြစ်ဆုံး၊ အပြင်ပုံသဏ္ဌာန်အသေသပ် အလှပဆုံး” စစ်သင်္ဘော ဖြစ်လာမည်ဟု John Phelan က ဆိုသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ အသစ်ပုံစံ စစ်သင်္ဘောသည် လက်ရှိတွင် ဒီဇိုင်းရေးဆွဲသည့်အဆင့်တွင်ရောက်ရှိနေပြီး ၂၀၃၀ ပြည့်လွန်နှစ်များ၏ အစောပိုင်းကာလတွင် ပထမဆုံး “USS Deifant” စစ်သင်္ဘောအား တည်ဆောက်ပြီးစီးရန် ရည်ရွယ်ထားကြောင်း ဆိုသည်။
“ကျွန်တော်တို့ အခု အကြီးစား လေယာဉ်တင်သင်္ဘော ၃ စင်း တည်ဆောက်နေပါတယ်” ၊ ဆက်လက်ပြီး ရေငုပ်သင်္ဘောသစ် ၁၂ စင်းမှ ၁၅ စင်းအထိ တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ ပင်တဂွန်အဆောက်အဦ ဝေဟင်မြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————–
(Chinese Version)
特朗普宣布建造“特朗普级”新型战舰计划
新华社华盛顿12月22日电(记者黄强 徐剑梅)美国总统特朗普22日表示,美国海军将建造两艘“特朗普级”新型战舰,这将是美军“最快、最大的战舰”,战斗力将比现有舰艇“强大百倍”。
特朗普当天在佛罗里达州海湖庄园与国防部长赫格塞思、国务卿鲁比奥、海军部长约翰·费伦一同出席新闻发布会,并在发布会上展示了标有“特朗普级”“无畏”号的新战舰海报。特朗普说,他已批准海军的一项计划,开始建造两艘“美国有史以来建造过的最大战列舰”,之后将很快再建造8艘,最终将拥有总共20到25艘新型战舰。
特朗普说,这些战舰排水量将达3万吨到4万吨,配备超高音速武器、轨道炮、巡航导弹和激光武器,将成为美国海军舰队的旗舰。费伦称,“特朗普级战舰”将成为“世界上最大、最致命、功能最全面、外观最精美”的战舰。
美国国防部当天发表声明说,新型战舰目前处于设计阶段,目标是在21世纪30年代初建成首艘“无畏”号战舰。
特朗普还说,“我们目前还在建造3艘大型航空母舰”,并将建造12到15艘全新的潜艇。(完)
图说1:11月25日,在美国首都华盛顿,美国总统特朗普离开白宫。新华社记者 胡友松 摄
图说2:这是2020年2月19日从空中拍摄的美国国防部所在地五角大楼。新华社记者刘杰摄