Africa & Middle East
အစ္စရေးကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်က အာရပ်ကမ္ဘာအား “ရန်စ” နေသည်ဟု အမေရိကန် အစိုးရအရာရှိ ဝေဖန်
ဂျေရုဆလမ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz ၏ ဂါဇာကမ်းမြောင်ဒေသ၌ အခြေချနေထိုင်ရန်နေရာ တည်ဆောက်မည်ဟူသော ပြောဆိုချက်သည် ဂါဇာဒေသ ငြိမ်းချမ်းရေး တွန်းအားပေးဖော်ဆောင်ရန် ကြိုးပမ်းမှုကို ထိခိုက်စေပြီး အာရပ်နိုင်ငံများက အစ္စရေးဘက်နှင့် ပူးပေါင်းဆောင်ရွက်လိုသည့်ဆန္ဒအား လျော့နည်းသွားစေနိုင်ကြောင်း ထရမ့်အစိုးရက ပြောကြားသည်ဟု အစ္စရေးမီဒီယာက ဒီဇင်ဘာ ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အမေရိကန်အစိုးရအရာရှိတစ်ဦးက မီဒီယာ၏မေးမြန်းမှုအား ဖြေကြားသည့် ကြေညာချက်တစ်ခုအတွင်း၌ “အစ္စရေးက ပိုရန်စလေ အာရပ်နိုင်ငံတွေက သူနဲ့ပိုပြီး မပူးပေါင်းချင်လေပဲ” ဟု ပြောကြားခဲ့ကြောင်း The Times of Israel က သတင်းဖော်ပြသည်။
အနာဂတ်တွင် ပိုမိုပမာဏကြီးမားသည့် အရပ်ဘက်သုံး အခြေချနေထိုင်ရန်နေရာ ဖော်ဆောင်မှု အခြေခံအနေဖြင့် အစ္စရေးက “သင့်တော်သည့်အချိန်” တွင် “သင့်တော်သည့်နည်းလမ်း” ဖြင့် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၌ စစ်တပ်မှပံ့ပိုးပေးသည့် အခြေချနေထိုင်ရန်နေရာအား တည်ဆောက်သွားမည်ဖြစ်ပြီး အစ္စရေးစစ်တပ်သည် “ဂါဇာဒေသတစ်ခုလုံးကနေ ရာသက်ပန် ထွက်ခွာသွားမှာ မဟုတ်ဘူး” ဟု Israel Katz က ထိုနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။
အစ္စရေးမီဒီယာများ၏အမြင်တွင် Israel Katz ၏ အဆိုပါပြောဆိုချက်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထိုမတိုင်မီ အမေရိကန်သမ္မတ ထရမ့်အပေါ် ကတိပြုချက်ဖြစ်သည့် အစ္စရေးသည် နောက်ဆုံးတွင် ဂါဇာကမ်းမြောင်ဒေသမှ ဆုတ်ခွာသင့်ပြီး “ဂါဇာဒေသအား သိမ်းပိုက်ခြင်း သို့မဟုတ် ဝါးမျိုခြင်း လုပ်ဆောင်မည်မဟုတ်” ဟု ကတိကဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်သည်ဟု ယူဆသည်။
Israel Katz က အထက်ပါပြောဆိုချက်ကို ထုတ်ပြန်ပြောကြားပြီး နာရီအနည်းငယ်အကြာတွင် ၎င်းရုံးက ရှင်းလင်းချက်ထုတ်ပြန်၍ အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၌ အခြေချနေထိုင်ရန်နေရာ အသစ်တည်ဆောက်ရန် ဆန္ဒမရှိကြောင်း ဆိုခဲ့သည်။ Israel Katz သည် “လုံခြုံရေးကိစ္စရပ်များအား ဆွေးနွေးသည့် အခြေအနေ” တွင် အဆိုပါပြောဆိုချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ၏ အခြေချနေထိုင်ရာနေရာမူဝါဒနှင့် ပတ်သက်မှုမရှိကြောင်း ကြေညာချက်က ဆိုထားသည်။
အိမ်ဖြူတော်က Israel Katz ၏ အဆိုပါရှင်းလင်းချက်အပေါ် ကျေနပ်မှုမရှိသည်မှာ သိသာထင်ရှားကြောင်း၊ ထို့ကြောင့်လည်း တုံ့ပြန်ချက်လုပ်ဆောင်ရန် လိုအပ်သည်ဟု ယူဆကြောင်း The Times of Israel က သတင်းဖော်ပြသည်။ အဆိုပါ အမေရိကန်အစိုးရအရာရှိက ကြေညာချက်တွင် အမေရိကန်ဘက်အနေဖြင့် ဂါဇာဒေသ ပဋိပက္ခ အဆုံးသတ်ရေးကို တွန်းအားပေးသည့် “အချက် ၂၀ ပါ အစီအစဉ်” အား ခိုင်မာစွာ တွန်းအားပေးနေဆဲဖြစ်ကြောင်း၊ “အမေရိကန်အနေနဲ့ ဘက်အသီးသီးက အချက် ၂၀ ပါ အစီအစဉ် မူဘောင်အောက်မှာ လုပ်ဆောင်ထားတဲ့ ကတိကဝတ်တွေကို လိုက်နာဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
ဒီဇင်ဘာ ၁၃ ရက်တွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာစီးတီးအား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) အဆင့်မြင့်အရာရှိတစ်ဦး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။ အဆိုပါလုပ်ရပ်သည် အမေရိကန်ဘက်အား ကြိုတင်အသိပေးခြင်းမရှိကြောင်း အစ္စရေးနှင့် အမေရိကန်မီဒီယာများက သတင်းဖော်ပြသည်။ အိမ်ဖြူတော်ဘက်က ယင်းသည် အစ္စရေးဘက်က အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်အား ချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆပြီး ထရမ့်၏ယုံကြည်မှုအား ပျက်စီးစေသော၊ ထရမ့်အစိုးရ၏ သံတမန်ရေး ကြိုးပမ်းမှုများကို ထိခိုက်စေသော လုပ်ဆောင်ချက်များ မလုပ်ဆောင်ရန် ကွယ်ရာ၌ နေတန်ယာဟုအား ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်ဟု သိရသည်။ (Xinhua)


——————–
(Chinese Version)
以媒:美官员批以防长言论“挑衅”阿拉伯世界
新华社耶路撒冷12月23日电(记者冯国芮 王卓伦)据以色列媒体23日报道,特朗普政府表示,以色列国防部长卡茨有关在加沙地带建定居点的言论正在损害推进加沙和平的努力,并可能削弱阿拉伯国家与以方的合作意愿。
《以色列时报》报道,一名美国官员在一份回复媒体询问的声明中说:“以色列越挑衅,阿拉伯国家就越不愿与其合作。”
卡茨当天早些时候称,以色列将在“适当的时间”通过“适当的方式”,在加沙地带北部建立由军方支持的定居点,作为未来发展更大规模民用定居点的基础,并且以军“永远不会离开整个加沙”。在以色列媒体看来,卡茨这番话公然违背以总理内塔尼亚胡此前向美国总统特朗普所作承诺,即以色列最终应撤出加沙地带,并确保“不会占领或吞并加沙”。
卡茨在发表上述言论数小时后,其办公室发表声明澄清,称以色列无意在加沙地带重新建立定居点。声明说,卡茨是在“谈论安全事务的背景下”发表这番言论,并不涉及政府的定居点政策。
《以色列时报》报道,白宫显然对卡茨这份澄清声明并不满意,因而觉得有必要作出回应。那名美国官员在声明中说,美方仍在坚定推动结束加沙冲突的“20点计划”,“美方希望各方遵守在‘20点计划’框架下作出的承诺”。
本月13日,以色列空袭加沙地带北部加沙城,炸死一名巴勒斯坦伊斯兰抵抗运动(哈马斯)高级官员。据以色列和美国媒体报道,此举没有事先通知美方。白宫方面认为以方违反停火协议,私底下严厉警告内塔尼亚胡,要求不要损害特朗普的信誉、影响特朗普政府的外交努力。(完)
图说1:12月2日,在加沙地带南部的汗尤尼斯,一面巨大的巴勒斯坦旗帜悬挂在房屋废墟上。新华社发(里泽克·阿卜杜勒贾瓦德摄)
