Connect with us

Asia

စစ်မက်မီးလျှံနှင့် သာမန်နေထိုင်မှုဘဝ – အိမ်ပြန်ရန် စောင့်ဆိုင်းလျက်ရှိသော ထိုင်းနယ်စပ် ကျေးရွာသူကျေးရွာသားများ

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် အစားအသောက်ယူဆောင်ရန် စောင့်ဆိုင်းနေသူများအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆာကယ်ဝ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ် နယ်စပ်ကျေးရွာလေး၏ နံနက်ခင်းချိန်ခါသည် မူလက ကြက်တွန်သံ၊ ကျေးငှက်တို့၏ တေးသီသံနှင့် မော်တော်ဆိုင်ကယ်အင်ဂျင်သံများ ရောယှက်နေသည့်အချိန်ဖြစ်သော်လည်း ယနေ့အခါတွင်မူ အခြားအသံတစ်ခုဖြင့် လွှမ်းခြုံလျက်ရှိနေသည်။ မနီးမဝေးမှ ပေါ်ထွက်လာနေသည့် အမြောက်သံနှင့် သေနတ်သံများကကြောင့် ကျေးရွာသူကျေးရွာသားများက အချိန်နှင့်အမျှ စိုးရိမ်ထိတ်လန့်နေပြီး အချိန်မရွေး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် အသင့်ပြင်နေရသည်။

ဒီဇင်ဘာ ၇ ရက်မှစ၍ အသစ်တစ်ကြိမ်ဖြစ်ပွားသော ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခသည် တတိယမြောက် သီတင်းပတ်သို့ ရောက်ရှိလာပြီဖြစ်သည်။ ကီလိုမီတာ ၈၀၀ ကျော် ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက်တွင် နှစ်နိုင်ငံ စစ်တပ်များက နေ့စဉ်နေ့တိုင်းလိုလိုပင် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသလို စစ်ရေးအခြေအနေကလည်း နေရာအများအပြားတွင် အကြိမ်ကြိမ်အဖန်ဖန် လွန်ဆွဲအားပြိုင်လျက်ရှိသည်။ ပဋိပက္ခကြောင့် ထိုင်းနိုင်ငံ နယ်စပ်ပြည်နယ် ၇ ပြည်နယ်ကို ရိုက်ခတ်မှုရှိလာပြီဖြစ်ရာ ထိုင်းပြည်သူလူထု ၈ သိန်းကျော်၏ ပုံမှန်နေထိုင်မှုဘဝကို သက်ရောက်လျက်သလို ယင်းနိုင်ငံ စစ်သည်နှင့် အရပ်သားသေဆုံးမှု အနည်းဆုံး ၆၀ ဦး ရှိလာပြီဖြစ်သည်။

ယခုရက်ပိုင်းများတွင် ဆာကယ်ဝ်ပြည်နယ်၏အခြေအနေမှာ သိသိသာသာ အရှိန်မြင့်တက်လာသည်။ ထိုင်းစစ်တပ်ဘက်က ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီး Ban Non Chan ၊ Ban Nong Ya Kaeo စသည့် ဒေသများရှိ ဒေသခံများကို အခြေအနေပြေလျော့သွားသည့်အထိ အစိုးရဖွင့်လှစ်ထားသည့် ပြန်လည်နေရာချထားရေးစင်တာများတွင် ယာယီနေထိုင်ကြရန် တိုက်တွန်းထားသည်။

နယ်စပ်နှင့် ကီလိုမီတာ ၆၀ ကျော် အကွာအဝေးတွင် ရှိသော အထက်တန်းကျောင်းတစ်ကျောင်းတွင် ကျောင်းဝန်းကို နေရာချထားရေးစင်တာအဖြစ် ယာယီပြုပြင်အသုံးပြုထားသည်။ ထိုနေရာသို့ ရွှေ့ပြောင်းပေးထားသော ပြည်သူများက ယာယီတဲလေးများထဲတွင် နေထိုင်နေကြပြီး အားလုံးလိုလို မြေပြင်ပေါ် အိပ်စက်ကြသည်ကို သတင်းထောက်အနေဖြင့် တွေ့မြင်ရသည်။ ခန်းမကြီးထဲတွင် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကို ယူဆောင်ရန် လူများက တန်းစီနေကြပြီး ဆေးဝန်ထမ်းများက လိုအပ်သည့်ပြည်သူများအတွက် အခြေခံဆေးကုသရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနေသလို စစ်တပ် တပ်ဖွဲ့ဝင်များကလည်း မကြာခဏ ကင်းလှည့်စစ်ဆေးမှုများ လုပ်ဆောင်နေသည်။

နေရာချထားရေးစခန်း ဝန်ထမ်းတစ်ဦးဖြစ်သူ Soponvit က အဆိုပါစင်တာကို ဒီဇင်ဘာ ၈ ရက်က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိ လူပေါင်း ၈၀၀ ခန့်ကို နေရာချထားပြီဖြစ်ရာ ပြည့်လျှံလုနီးပါးရှိနေပြီဖြစ်ကြောင်း မိတ်ဆက်ပြောပြသည်။
“အခြေအနေက အကန့်အသတ်ရှိတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ လုံခြုံရေးကို အာမခံနိုင်တယ်။ အားလုံးရဲ့ အခြေခံလိုအပ်မှုတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

ဆာကယ်ဝ်ပြည်နယ် Ta Phraya ခရိုင်မှလာသော Han Jimsai က ထွက်ခွာလာသည့်နေ့က ပုံရိပ်များကို ပြန်လည်အောက်မေ့ရာတွင် ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။
“အဲဒီနေ့က ပစ်ကြတာ သိပ်ကိုပြင်းထန်တယ်။ ကျွန်တော်က ဘန်ကာထဲမှာ ပုန်းနေတာ။ သေနတ်သံနဲ့ မီးတောက်တွေက ညဉ့်နက်တဲ့အထိ မရပ်သေးဘူး”၊ “တိုက်ပွဲဆက်မဖြစ်ပါနဲ့တော့လို့ပဲ မျှော်လင့်နေမိတယ်။ တကယ်ဖြေရှင်းမယ်ဆို အကောင်းဆုံးကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုပါပဲ” ဟု ၎င်းက သတင်းထောက်ကို ပြောသည်။

အလားတူပင် Ta Phraya ခရိုင်မှလာသော Warangrat သည် နေရာချထားရေးစခန်းတွင် နေထိုင်နေသည်မှာ အချိန်အပိုင်းအခြား တစ်ခုရှိပြီဖြစ်သည်။
လုံခြုံရေးက အရေးကြီးသည်မှာ မှန်သော်ငြားလည်း ရေရှည် ဤသို့ဖြစ်နေခြင်းက နည်းလမ်းမဟုတ်ကြောင်း ၎င်းက သတင်းထောက်ကို ညည်းညူစွာ ပြောကြားခဲ့သည်။
“မိသားစုတစ်ခုမှာ စားဝတ်နေရေးက ရှိစမြဲပဲ။ အရင်တုန်းက အရောင်းအဝယ်လေး လုပ်နိုင်သေးတယ်။ အခုတော့ ဝင်ငွေလုံးဝမရှိတော့ဘူး။ မြေးအကြီးကလည်း ကျောင်းတက်လို့မရတော့ဘူး၊ အငယ်လေးကလည်း နို့မှုန့်လိုနေသေးတယ်။ ဒါပေမဲ့ လက်ထဲမှာက ငွေပြတ်နေပြီ၊ ဒါက အခက်အခဲဆုံးအရာပဲ” ဟု ၎င်းက ဆိုသည်။

နေရပ်စွန့်ခွာကြသူများမှာ အားလုံးတော့မဟုတ်ချေ။ အသက်အရွယ်ကြီးသူ သို့မဟုတ် သွားရလာရခက်ခဲသူများက နေရစ်ခဲ့ရန် ရွေးချယ်ရသည်။ Ban Nong Ya Kaeo ကျေးရွာတွင် သတင်းထောက်က အသက် ၇၇ နှစ်အရွယ် Samon ကို တွေ့ရသည်။ ၎င်းနှင့် သားဖြစ်သူက ရွာတွင် နေရစ်ခဲ့ရန် ရွေးချယ်လိုက်သည်။
“သေနတ်သံ၊ အမြောက်သံတွေ ကြားပြီဆိုရင် ကျွန်မတို့က ခြံဝန်းထဲမှာ ကိုယ့်ဘာသာကိုယ်လုပ်ထားတဲ့ ဘန်ကာတွေထဲ ဝင်ပုန်းကြတယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ် အောက်တိုဘာတွင် သတင်းထောက်က Ban Nong Ya Kaeo တစ်လျှောက်ကို သွားပြီး တွေ့ဆုံမေးမြန်းမှုများ လုပ်ဆောင်ခဲ့သည်။ ထိုစဉ်က သတိထားမိသည်မှာ ရွာသူ၊ ရွာသား အများအပြားက မိမိတို့၏နေအိမ်ခြံဝန်းများတွင် ဘန်ကာများကို လွယ်လင့်တကူတည်ဆောက်ထားရာ များသောအားဖြင့် ကွန်ကရစ်ပိုက်နှင့် သဲအိတ်များကို အသုံးပြုထားခြင်း ဖြစ်သည်။ ယခုနှစ် ဇူလိုင်လတွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌ ပထမအကြိမ် ပဋိပက္ခဖြစ်ပွားသည့်အချိန်မှစ၍ ရွာသူ၊ ရွာသားများက အချိန်မရွေး ဘေးရှောင်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

“ကျွန်တော်တို့က ကျင့်သားရနေပါပြီ”
ရွာကျန် ကျေးရွာသူ၊ ကျေးရွာသား ဆယ်ဦးကျော်ကို ကျေးရွာ စေတနာ့ဝန်ထမ်း Somphon က
စောင့်ရှောက်ကြည့်ရှုနေရသည်။

ကျေးရွာသူ၊ ကျေးရွာသားတွေက အသံကြားရုံနှင့်ပင် အမြောက်ကျည်ဆန်သည် “ပစ်လိုက်သလား” သို့မဟုတ် “ပစ်လာသလား” ဆိုသည်ကို အကဲဖြတ်နိုင်ပြီး ထိုမှတစ်ဆင့် ဘန်ကာထဲ ဝင်ပုန်းရမည်လောဆိုသည်ကို ဆုံးဖြတ်ကြကြောင်း ၎င်းက သတင်းထောက်ကို ပြောသည်။
“ပဋိပက္ခဖြစ်တဲ့အချိန်က သိပ်ကြာလာတော့ စားဝတ်နေရေး လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ ထမင်းဝယ်ဟင်းဝယ်ဖို့တောင် ကုန်လုနီးပါးဖြစ်နေတယ်” ဟု စိုးရိမ်ပူပန်စွာဖြင့် ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ်ရှိ လူနေရပ်ကွက်တစ်ခုကို ကမ္ဘောဒီးယားဘက်က အမြောက်ကျည်များစွာဖြင့် ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပစ်ခတ်ခြင်းကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အသက် ၄၀ အရွယ် Phasinee သည် ဒဏ်ရာရသူများအနက် တစ်ဦးဖြစ်သည်။ ၎င်း၏ မိသားစုဝင်များက ထိုမတိုင်မီ နေရာချထားရေးစခန်းသို့ သွားရောက်နှင့်ပြီးဖြစ်သော်လည်း ၎င်းကမူ ရွာထဲတွင် ဆက်နေပြီး ကျန်ရစ်နေသူများအတွက် ထမင်းဟင်းချက်ပြုတ်ပေးရန် ရွေးချယ်ခဲ့သည်။

အချင်းဖြစ်ပွားချိန်တွင် ၎င်းသည် ထမင်းဟင်းချက်ပြုတ်ပြီး၍ ဘန်ကာအတွင်းပုန်းခိုနေကြသည့် ရွာသူ၊ ရွာသားများကို စားစရာဝေငှရန် ပြင်ဆင်လျက်ရှိရာ ခေါင်းပေါ်မှ ဝှီးကနဲ ဖြတ်သွားသည့် အမြောက်ကျည်ဆန်အသံတစ်ခုကို ရုတ်ခြည်းကြားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် နေအိမ်အနီးတွင် ပေါက်ကွဲသွားသည်။
“အသံက သိပ်ကို ကျယ်လောင်လွန်းတယ်။ အားလုံး ဖြစ်ပျက်သွားတာ သိပ်မြန်တယ်” ဟု ၎င်းက ပြန်ပြောင်းအောက်မေ့ရင်း ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်း၏ လက်မောင်းမှာ ရုတ်တရက် ထုံကျဉ်ကာ မ၍ မရတော့ချေ။ ထို့နောက် မကြာမီတွင်ပင် ရွာသားများက ၎င်းကို အရေးပေါ် ဆေးကုသရန် ပို့ဆောင်ပေးခဲ့ကြသည်။

ထိုင်းနိုင်ငံဘက်အခြမ်းတွင် အမြောက်ကျည်ဆန် မီးတောက်များကျနေပုံ၊ ထိုင်းတိုက်လေယာဉ်က ကမ္ဘောဒီးယားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များအား ဦးတည်တိုက်ခိုက်နေပုံ၊ ပေါက်ကွဲပြီးနောက် မီးခိုးခေါင်းတိုင်ပမာ မီးခိုးလိပ်များတက်လာပုံ စသည့် ရှေ့တန်းမျက်နှာစာမှ ရုပ်ပုံများသည် လူမှုကွန်ရက်မီဒီယာပေါ် အဆက်မပြတ်ပေါ်ထွက်လာသည်။ သို့သော် နယ်စပ်နေ ကျေးရွာသူ၊ ကျေးရွာသားများအတွက်ဆိုရလျှင် စစ်ပွဲသည် ဖန်သားပြင်ပေါ်က ပုံရိပ် သို့မဟုတ် စစ်ပွဲအစီရင်ခံစာအတွင်းက ကိန်းဂဏန်းများသာ မဟုတ်ဘဲ နေထိုင်မှုဘဝကို အကြိမ်ကြိမ် ရက်စက်စွာဖျက်ဆီးမှုဖြစ်ရာ စား၍မကုန်သေးသည့် ထမင်းတစ်နပ်၊ အချိန်မီ မကြည့်ရှုနိုင်တော့သည့် စပါးခင်းနှင့် မွေးမြူရေးတိရစ္ဆာန်များ၊ အိမ်မပြန်နိုင်တော့သည့် မိသားစုဆွေမျိုးများ၊ ကျောင်းမတက်နိုင်တော့သည့် ကလေးငယ်များ ဖြစ်ပေသည်။

ဒီဇင်ဘာ ၂၂ ရက်၌ ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံက အပစ်ရပ်ရေးညှိနှိုင်းဆွေးနွေးမှုကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အမှန်စင်စစ်အပစ်ရပ်မှုက မည်သည့်အချိန်မှသာ ရောက်ရှိလာမည်ကိုမူ ယခုအထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးချေ။ လက်ရှိတွင် ထိုပဋိပက္ခသည် အစိုးရအလွှာမှ စစ်ရေး၊ သတင်းအချက်အလက်နှင် သံတမန်ရေး စသည့် အားပြိုင်မှုအထပ်ထပ် ရှိလာရာ အပစ်ရပ်ရေးလုပ်ငန်းစဉ်မှာ အကြောင်းရင်းများစွာ၏ ကန့်သတ်မှုများ ခံနေရပေသည်။

ဘိုးစဉ်ဘောင်ဆက် ဤနေရာတွင် နေထိုင်ကြသည့် နယ်စပ်နေလူထုအတွက်မူ ၎င်းတို့၏ မျှော်လင့်ချက်များမှာ အလွန်ပင် ရိုးရှင်းလှပေသည်။ ယင်းမှာ ကြက်တွန်သံ၊ ကျေးငှက်တို့၏ တေးသီသံ ၊ အင်ဂျင်သံများရှိသည့် သာမန်နံနက်ခင်းသို့ ပြန်ရောက်ရန်၊ မီးဖိုမီးခိုးမပြတ်သည့် မိသားစုဥယျာဉ်လေးသို့ ပြန်ရောက်ရန်သာ ဖြစ်ပေသည်။ (Xinhua)

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ် ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် လူများစုဝေးနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ် ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် လူများစုဝေးနေကြသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
现场直击|炮火与炊烟——泰国边境村民等待“回家”
新华社泰国沙缴12月24日电 现场直击|炮火与炊烟——泰国边境村民等待“回家”   新华社记者常天童 林淑婷
清晨的泰国沙缴府边境村庄,本该是鸡鸣、鸟叫与摩托车引擎声交织的时刻,如今却被另一种声音笼罩——不远处传来的炮声与枪声,迫使村民时刻绷紧神经,随时准备避难。
自12月7日开始的新一轮泰柬边境冲突已进入第三周。沿着长达800多公里的边界线,两国军方几乎每天交火,战事在多个点位反复拉锯。冲突已波及泰国7个边境府,影响超过80万泰国民众的正常生活,并造成该国至少60名士兵和平民死亡。
最近几天,沙缴府局势明显升级。泰国军方21日发布公告,呼吁班农占、班农耶胶等地居民暂时留在政府设立的安置中心,直至局势缓和。
在距离边境60多公里的一所中学内,校园已被临时改作安置中心。记者看到,被疏散至此的民众住在一顶顶简易帐篷里,几乎席地而眠。大厅中,人们排队领取食品和生活用品,有医护人员为有需要的民众提供基础医疗服务,军方人员不时巡查。
安置点工作人员颂波威介绍说,该中心自8日启用,目前已安置约800人,接近饱和。“条件有限,但至少能保障安全。我们会尽力满足大家的基本需求。”
来自沙缴府达帕耶县的汉·金赛回忆起撤离当天的情景仍心有余悸:“那天交火特别激烈,我躲在掩体里,枪声和火光持续到深夜都没停。”他对记者说:“就盼着别再打了。真要解决,最好还是靠和平谈判。”
同样来自达帕耶县的瓦兰格拉已在安置中心住了一段时间。她向记者吐槽,安全固然重要,但长期如此并非办法。“一家人总要谋生。以前还能做点小买卖,现在完全没了收入。大孙子上不了学,小的还需要奶粉,可手头紧没钱买,这才是最难熬的。”
并非所有人都离开了家园。一些年迈或行动不便的居民选择留下。在班农耶胶村,记者见到了77岁的萨蒙,她和儿子选择留在村里。“一听到枪炮声,我们就躲进院子里自己搭的掩体。”
记者今年10月曾到班农耶胶一带采访,当时就注意到,许多村民已在自家院中修建简易掩体,多用水泥管涵加盖沙袋。自今年7月泰柬边境爆发首轮冲突以来,村民们便做好了随时避难的准备。
“我们已经习惯了。”村志愿者宋喷负责照看留守的十多名村民。他告诉记者,村民现在能凭声音判断炮火是“打出去的”还是“打过来的”,再决定是否躲进掩体。说话间他面露忧色,“冲突拖得太久了,没法干活谋生,连买菜买饭的钱都快见底了”。
泰国军方23日通报,柬方于22日下午向沙缴府一处居民区发射多枚火箭炮,造成7名平民受伤。40多岁的帕西尼是伤者之一。她的家人此前已前往安置中心,而她选择留下,为留守村民做饭。
事发时,她做好饭,正准备分送给躲在掩体中的村民,突然听到一枚炮弹从头顶呼啸而过,紧接着房屋附近发生爆炸。“声音太大了,一切都发生得太快了。”她回忆道。爆炸后,她的手臂瞬间麻木无法抬起,随后被村民紧急送医。
在社交媒体上,前线画面不断传出:炮弹拖着火光坠落在泰国一侧,泰国战机对柬埔寨境内目标实施定点打击,爆炸后烟柱升腾。然而,对于边境村民而言,战争绝非屏幕上的影像或战报中的数字,而是一次次被粗暴打断的生活——是一顿没吃完的饭,是来不及照料的稻田和家畜,是回不了家的亲人,是上不了学的孩子。
22日,泰柬两国在东盟外长特别会议上表示将重启停火谈判,但真正停火何时到来,现在仍不明朗。当前,这场冲突在政府层面已延伸至军事、信息与外交的多重博弈,停火进程受诸多因素制约。
而对于世代生活于此的边境民众来说,他们的愿望极其简单——回到那个鸡鸣鸟叫、引擎声轰隆的寻常清晨,回到那个炊烟缭绕屋檐的家园。(完)
1:12月10日,民众在位于泰国沙缴府的一处避难所排队领取食物。新华社发(拉亨摄)
2、3:12月10日,民众聚集在位于泰国沙缴府的一处避难所。新华社发(拉亨摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.