International Organizations
အမေရိကန်၏ ဗင်နီဇွဲလားအား ဦးတည်သော လုပ်ဆောင်ချက်များ ချက်ချင်းရပ်တန့်ရန် တရုတ် တောင်းဆို
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဒီဇင်ဘာ ၂၃ ရက်တွင် ကျင်းပသော လုံခြုံရေးကောင်စီ၏ ကာရေဘီယံဒေသအခြေအနေဆိုင်ရာ အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ အမေရိကန်အနေဖြင့် ဗင်နီဇွဲလားအား ဦးတည်သော လုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုခဲ့သည်။
ကာလတစ်ခုအကြာ အမေရိကန်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှု တိုက်ဖျက်ရေးကို အကြောင်းပြု၍ ကာရေဘီယံပင်လယ် ဗင်နီဇွဲလားအနီးရှိ ပင်လယ်ပြင်တွင် စစ်ရေးဖြန့်ကြက်မှုကို အဆက်မပြတ်တိုးမြှင့်ခဲ့ပြီး ဗင်နီဇွဲလားအပေါ် အရေးယူပိတ်ဆို့မှုနှင့် အင်အားသုံးခြိမ်းခြောက်မှုများကို အဆက်မပြတ် မြှင့်တင်ခဲ့ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
ဗင်နီဇွဲလားသင်္ဘောများကို နစ်မြုပ်အောင်ပစ်ခတ်ခြင်း၊ သင်္ဘောသားများကို ပစ်သတ်ခြင်းတို့ ပြုလုပ်ခဲ့ပြီး ရေနံတင်သင်္ဘောများကို သိမ်းဆည်းကာ ဗင်နီဇွဲလားအစိုးရကို “နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း” အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ဗင်နီဇွဲလားနယ်မြေပိုင်နက်၊ ရေနံနှင့် ပိုင်ဆိုင်မှုများကို အမေရိကန်နိုင်ငံပိုင်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဗင်နီဇွဲလားနယ်မြေကိုပင် စစ်ရေးအရ တိုက်ခိုက်မည်ဟုပင် ခြိမ်းခြောက်ခဲ့ကြောင်း၊ အမေရိကန်၏ ပြောဆိုပြုမူများစွာသည် ဒေသတွင်း အခြေအနေများကို ဆက်လက်တင်းမာမှုစေခဲ့ပြီး ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကုလသမဂ္ဂပဋိညာဉ်စာတမ်း” က အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ ပြည်တွင်းရေး မစွက်ဖက်မှု၊ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းမှု စသည့် နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူများကို အတည်ပြုခဲ့ရာ ယင်းသည် နိုင်ငံတကာတရားဥပဒေ၏ အခြေခံအုတ်မြစ်ဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ကာကွယ်ထိန်းသိမ်းရန် အလွန်အရေးပါကြောင်း၊ အမေရိကန်၏ လုပ်ရပ်များသည် တစ်ဖက်နိုင်ငံ အချုပ်အခြာအာဏာ လုံခြုံရေး၊ တရားဝင် အခွင့်အရေးနှင့်အကျိုးစီးပွားကို ပြင်းထန်စွာ ထိပါးကာ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” နှင့် နိုင်ငံတကာ ဥပဒေကို အပြင်းအထန် ချိုးဖောက်ပြီး လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခဲ့ကြောင်း၊ ပိုမိုများပြားသော ဒေသတွင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများသည် အမေရိကန်၏ လုပ်ရပ်များအပေါ် လွန်စွာ စိုးရိမ်ပူပန်၍ အပြင်းအထန် ရှုတ်ချလာကြကြောင်း စွန်းလေက ပြောကြားခဲ့သည်။
လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားသည် အခြားနိုင်ငံများနှင့်အတူ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို လွတ်လပ်စွာ တိုးတက်အောင် ဆောင်ရွက်ပိုင်ခွင့်ရှိပြီး ကိုယ်ပိုင် တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဤလုပ်ပိုင်ခွင့်ကို လေးစားထောက်ခံသင့်ကြောင်း၊ တရုတ်နိုင်ငံသည် တစ်ဖက်သတ် အနိုင်ကျင့်မှု လုပ်ရပ်များအားလုံးကို ဆန့်ကျင်ပြီး နိုင်ငံအသီးသီး၏ ကိုယ်ပိုင်အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာအား ကာကွယ်ခြင်းကို ထောက်ခံကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ချိုးဖောက်သည့်၊ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာ လုံခြုံရေးကို ထိပါးသည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အားသုံးခြင်း သို့မဟုတ် သုံးရန် ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ကြောင်း၊ ပြင်ပအင်အားစုက ဗင်နီဇွဲလား ပြည်တွင်းရေးအား မည်သည့်အကြောင်းပြချက်ဖြင့် ဝင်ရောက်စွက်ဖက်ခြင်းကိုမဆို ဆန့်ကျင်ကြောင်း၊ နိုင်ငံတကာဥပဒေ အထောက်အထားများမရှိသော လုံခြုံရေးကောင်စီမှ ခွင့်ပြုချက်မရှိသော တရားမဝင် တစ်ဖက်သတ် ပိတ်ဆို့မှုများနှင့် “လက်တံရှည်လှမ်း စီမံမှု” ကို ဆန့်ကျင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားမျှတသော တောင်းဆိုမှုနှင့် လိုက်လျောညီထွေမှုရှိစေပြီး သက်ဆိုင်ရာလုပ်ဆောင်ချက်များကို ချက်ချင်းရပ်တန့်ရန်၊ တင်းမာမှုအခြေအနေ တစ်ဆင့်တိုး မြင့်တက်လာခြင်းကို ရှောင်ရှားရန် တရုတ်နိုင်ငံက တောင်းဆိုကြောင်း၊ အမေရိကန်အနေဖြင့် ဒေသတွင်းနိုင်ငံများ၏ ရေကြောင်းသွားလာမှု ဘေးကင်းရေးနှင့် နိုင်ငံတကာဥပဒေအရ လွတ်လပ်ခွင့် ခံစားခွင်ရှိရေးကို ကာကွယ်ရန်၊ နှစ်နိုင်ငံနှင့် နိုင်ငံစုံဥပဒေဘောင်များမှတစ်ဆင့် ပုံမှန်ဖြစ်သော ဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရန်၊ တရားမဝင် တစ်ဖက်သတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်နှင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအား အကျိုးပြုသည့် ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း စွန်းလေက ပြောကြားခဲ့သည်။
လက်တင်အမေရိကနှင့် ကာရေဘီယံဒေသသည် ကမ္ဘာ့တောင်ဘက်ခြမ်း၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအား ထိန်းသိမ်းကာကွယ်သော၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ စည်ပင်ဝပြောမှုအား မြှင့်တင်ပေးသော အရေးပါသည့် ခွန်အားဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်သော ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဆောင်ရွက်ရန်၊ တရားမျှတမှု၊ သမာသမတ်ကျမှုကို လက်ကိုင်ထားကာ လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
中方敦促美方立即停止针对委内瑞拉的行动
新华社联合国12月23日电 中国常驻联合国副代表孙磊23日在安理会加勒比地区局势紧急公开会上发言,呼吁美方立即停止针对委内瑞拉的行动。
孙磊说,一段时间以来,美国以打击贩毒为由,在加勒比海委内瑞拉附近海域持续加大军力部署,不断加码对委制裁封锁和武力威胁,宣称击沉委方船只、击毙船员,并扣押油轮,将委内瑞拉政府列为“外国恐怖组织”,扬言委内瑞拉领土、石油和资产归美所有,甚至威胁对委本土发起军事打击。美方的一系列言行导致地区局势持续紧张,引发地区国家和国际社会强烈担忧。
孙磊说,《联合国宪章》确立了主权平等、不干涉内政、和平解决争端等国际关系基本准则,是国际法治的基石,对维护世界和平与安全至关重要。美方行径严重侵犯他国主权安全和合法权益,严重违反《联合国宪章》和国际法,威胁拉美和加勒比地区和平与安全。越来越多的地区国家和域外国家对美方行径表示严重关切和强烈谴责。
孙磊说,委内瑞拉作为独立主权国家,有权自主发展同其他国家的互利合作,有权维护自身正当权益。国际社会应予尊重和支持。中方反对一切单边霸凌行径,支持各国捍卫自身主权和民族尊严。中方反对任何违反《联合国宪章》宗旨和原则、侵犯别国主权安全的行为,反对在国际关系中使用或威胁使用武力,反对外部势力以任何借口干涉委内瑞拉内政,反对缺乏国际法依据、未经安理会授权的非法单边制裁和“长臂管辖”。中方呼吁美方顺应国际社会正义呼声,立即停止有关行动,避免紧张局势进一步升级。中方敦促美方维护地区国家航行安全以及依据国际法享有的自由权利,通过双多边法律框架开展正常的执法司法合作,取消非法单边制裁,多做有利于拉美和加勒比地区和平、稳定和发展的事。
孙磊说,拉美和加勒比地区是全球南方重要组成部分,是维护世界和平稳定、促进全球发展繁荣的重要力量。中方愿同地区国家一道,加强团结合作,坚持公平正义,共同维护拉美和加勒比地区的和平与稳定。(完)
图说:7月16日,在位于纽约的联合国总部,中国常驻联合国副代表孙磊(中)在“2025全球可持续交通最佳实践案例集”发布活动上致辞。新华社记者 谢锷 摄
