Connect with us

Asia

ဂျပန်ပြည်သူများက ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့် စပ်လျဉ်းသည့် မှားယွင်းသော ပြောဆိုချက်အပေါ် စုဝေးဆန္ဒပြ

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ရှေ့တွင် စုဝေးဆန္ဒပြလှုပ်ရှားမှုအတွင်း ပါဝင်နေသော ပြည်သူများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဂျပန်ပြည်သူများသည် ဒီဇင်ဘာ ၂၃ ရက်ညပိုင်းတွင် တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်ရှေ့၌ စုဝေးဆန္ဒပြမှုကျင်းပ၍ ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောဆိုချက်ကို ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်အိမ်တော် လုံခြုံရေးမူဝါဒအား တာဝန်ယူရသည့် အရာရှိ၏ “နျူကလီးယားလက်နက်ပိုင်ဆိုင်ရေး” ပြောဆိုချက်ကို ဝေဖန်ခဲ့ကြသည်။
စုဝေးပွဲတွင် ဆန္ဒပြသူများက “ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းမည်” ၊ “စစ်ပွဲကိုမလှုံ့ဆော်ရ” စသည့် ဆောင်ပုဒ်များကို ကျယ်လောင်စွာ ဟစ်ကြွေးခဲ့ကြသည်။ ဂျပန်နိုင်ငံ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မီဇူဟို ဖူကူရှီးမားက စုဝေးပွဲ၌ အမှာစကားပြောကြားရာတွင် အစိုးရလုံခြုံရေးမူဝါဒ၏ ဦးတည်ချက်ကို ဝေဖန်ခဲ့သည်။

ဝန်ကြီးချုပ်အိမ်တော် လုံခြုံရေးမူဝါဒအား တာဝန်ယူရသောအရာရှိအနေဖြင့် “နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး” အား ပေါ်ပေါ်တင်တင်ဆွေးနွေးခြင်းသည် ဂျပန်နိုင်ငံက ကာလကြာရှည်စွာ အခိုင်အမာ ကိုင်စွဲထားသော “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ယိမ်းယိုင်သွားစေခဲ့ကြောင်း၊ ဆာနာအဲ တာကာအိချိ အစိုးရအဖွဲ့သည် “စစ်ပွဲကို ပြင်ဆင်နေသည့် အစိုးရအဖွဲ့” တစ်ခုဖြစ်ကြောင်း၊ ကာကွယ်ရေး အသုံးစရိတ် အဆက်မပြတ်မြင့်တက်လာခြင်း အလားအလာကြောင့် ဒုတိယကမ္ဘာစစ်မတိုင်မီ ဂျပန်နိုင်ငံနှင့် ပိုမိုဆက်နွှယ်လာမိစေကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ မီဇူဟို ဖူကူရှီးမားက ဆာနာအဲ တာကာအိချိကို ထိုင်ဝမ်နှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောဆိုချက်အား ရုပ်သိမ်းရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ပြီး အဆိုပါသဘောထားထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ အား ထင်ရှားစွာ ချိုးဖောက်နေကြောင်း အလေးထားပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ ဆိုဖီယာတက္ကသိုလ် ပါမောက္ခ ကိုအီချိ နာကာနိုက ဆင်ဟွာသတင်းထောက် မေးမြန်းမှုကို ဖြေကြားရာ၌ ပြည်သူများစွာသည် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော ပြောဆိုချက်၏ ပြင်းထန်မှုအပေါ် နားလည်သိရှိမှုသည် များစွာအကန့်အသတ်ရှိကြောင်း၊ ယင်းသည် ဂျပန်နိုင်ငံက ကာလကြာရှည်စွာ သမိုင်းသင်ကြားမှုကို စနစ်တကျ အပြည့်အဝ လုပ်ဆောင်ခဲ့မှုမရှိခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ၏ စစ်ပွဲအလွန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဂျပန်နိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်း၌ ရပ်တည်ခြင်း၏ အရင်းခံလိုအပ်ချက်သည် အစဉ်အမြဲအားဖြင့် “သမိုင်းအမှားကို ထပ်မမှားခြင်း” ဖြစ်သင့်ကြောင်း ကိုအီချိ နာကာနိုက အလေးထားပြောကြားခဲ့သည်။

ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သည့် မြို့သူ ချီအေကို အိုကာဒါ က ဂျပန်အနေဖြင့် ယခင်က စစ်ပွဲကျူးလွန်သူဖြစ်သော သမိုင်းဖြစ်ရပ်မှန်ကို အစိုးရက မှေးမှိန်အောင်ပြုလုပ်ခြင်း၊ ဖုံးကွယ်ခြင်း လုပ်ဆောင်နေကြောင်း ထောက်ပြပြောကြားခဲ့သည်။ အစိုးရိမ်ရဆုံးမှာ သမိုင်းအား အစစ်အမှန် နားလည်မှုမရှိသည့် အခြေအနေတွင် အချို့သောပြည်သူများက အစိုးရလုံခြုံရေးလမ်းကြောင်းအား ထောက်ခံအားပေးခြင်းပင်ဖြစ်ကြောင်း၊ “ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက အန္တရာယ်များသော မှားယွင်းတဲ့ပြောဆိုချက်ကို ရုပ်သိမ်းသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
日本民众集会抗议高市涉台错误言论
新华社东京12月24日电(记者梁晨 李林欣)日本民众23日晚在东京首相官邸前举行抗议集会,要求首相高市早苗撤回涉台错误言论,并批评首相官邸负责安保政策的官员有关“拥核”的言论。
集会现场,抗议者高喊“维护宪法”“不要煽动战争”等口号。日本社民党党首福岛瑞穗在集会上发表演讲,批评政府安保政策的走向。她指出,首相官邸负责安保政策的官员公然谈及“拥核”,动摇了日本长期坚持的“无核三原则”。高市内阁是一个“准备战争的内阁”。防卫预算不断攀升,其走势越来越让人联想到二战前的日本。福岛强烈要求高市撤回涉台错误言论,强调该表态明显违反宪法第九条。
上智大学教授中野晃一在接受新华社记者采访时表示,许多民众对高市涉台发言的严重性的理解十分有限,这源于日本长期以来没有进行系统而充分的历史教育。中野强调,日本战后宪法以及日本立足国际社会的根本前提,始终应是“不重蹈历史覆辙”。
参加抗议活动的市民冈田千枝子指出,日本过去作为战争加害者的历史事实正被政府试图淡化甚至掩盖。她表示,最担心的是在并不真正了解历史的情况下,部分国民对政府安保路线给予支持,“高市首相应该撤回危险的错误言论”。(完)
图说1:12月23日,在日本东京的首相官邸前,民众参加抗议集会。新华社记者 贾浩成 摄