Connect with us

Latin America

ဗင်နီဇွဲလားက ရေကြောင်းသွားလာမှုနှင့် ကုန်သွယ်ရေးလွတ်လပ်မှုအား ကာကွယ်ထိန်းသိမ်းခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက “သောင်ပြိုကမ်းပြို ထောက်ခံအားပေး” ဟု မာဒူရို ပြောကြား

ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုက ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ် ဆန္ဒပြလှုပ်ရှားမှုအတွင်း နိုင်ငံတော်အလံအား ဝှေ့ယမ်းနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဒီဇင်ဘာ ၂၃ ရက်တွင် အစည်းအဝေးကျင်းပခဲ့ရာ ဗင်နီဇွဲလားနိုင်ငံက ရေကြောင်းသွားလာမှုလွတ်လပ်ရေးနှင့် ကုန်သွယ်ရေးလွတ်လပ်မှု ကာကွယ်ထိန်းသိမ်းခြင်း အခွင့်အရေးအပေါ် “သောင်ပြိုကမ်းပြို ထောက်ခံအားပေး” ကြောင်း ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုက ထိုနေ့တွင် ပြောကြားခဲ့သည်။

ဗင်နီဇွဲလားနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဒီဇင်ဘာ ၂၃ ရက်တွင် သက်ဆိုင်ရာ အရေးကိစ္စနှင့်စပ်လျဉ်း၍ အရေးပေါ် အစည်းအဝေး ကျင်းပခဲ့သည်။ မာဒူရိုက ထိုနေ့တွင် မြို့တော် ကရာကတ်စ်၌ ခရစ္စမတ်ပွဲဈေးတန်းတစ်ခုအား လေ့လာကြည့်ရှုစဉ်တွင် လုံခြုံရေးကောင်စီ၏ ရပ်တည်ချက်သည် ဗင်နီဇွဲလားနိုင်ငံ၏ တရားဝင်အခွင့်အရေးအပေါ် ထောက်ခံအားပေးမှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်က ဗင်နီဇွဲလားနှင့်သက်ဆိုင်သော ရေနံသင်္ဘောများကို တားဆီးစစ်ဆေးမှုကို ထပ်မံပြစ်တင်၍ ယင်းသည် “ဓားပြလုပ်ရပ်” ဖြစ်သည်ဟု ခေါ်ဆိုကာ “ဘယ်သူမှ ဗင်နီဇွဲလားကို အနိုင်မယူနိုင်ဘူး” ဟု ၎င်းကဆိုသည်။

လတ်တလောကာလတွင် အမေရိကန်က ဗင်နီဇွဲလားအပေါ် ဖိအားပေးမှုများ အဆက်မပြတ် အဆင့်မြင့်တက်လာခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်မှစ၍ အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ပင်လယ်ပြင်တွင် ဗင်နီဇွဲလားနှင့်သက်ဆိုင်သော ရေနံသင်္ဘောများကို ကြားဖြတ်တားဆီးမှု သုံးကြိမ်လုပ်ဆောင်ခဲ့ပြီး သင်္ဘောပေါ်တွင် တင်ဆောင်ထားသော ရေနံစိမ်းများအား သိမ်းဆည်းလိုက်ကြောင်း ဆိုခဲ့သည်။ (Xinhua)

———————
(Chinese Version)
马杜罗:安理会“压倒性支持”委维护航行和贸易自由
新华社加拉加斯12月23日电(记者缪培源 田睿)委内瑞拉总统马杜罗23日表示,联合国安理会当天举行会议,“压倒性支持”委内瑞拉维护航行自由和贸易自由的权利。
应委内瑞拉政府请求,联合国安理会23日就相关问题举行紧急会议。马杜罗当天在首都加拉加斯参观一处圣诞集市时表示,安理会的立场体现了对委内瑞拉合法权利的支持。他再次谴责美国查扣涉委内瑞拉油轮的行为,称其为“海盗行径”,并表示“没有人能够击败委内瑞拉”。
近期,美国对委内瑞拉施压不断升级。自本月10日以来,美国已三次在委内瑞拉附近海域对涉委油轮实施拦截行动,并声称没收船上所载原油。(完)
图说:12月1日,委内瑞拉总统马杜罗在首都加拉加斯一场游行活动上挥舞国旗。新华社发