North America
နိုင်ဂျီးရီးယားနိုင်ငံအတွင်းရှိ ISIS ပစ်မှတ်များကို အမေရိကန်စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်
ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသည် နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ISIS အကြမ်းဖက်သမားများကို “အားကောင်းပြီး အသက်သေစေနိုင်သော” တိုက်ခိုက်မှုတစ်ခု စတင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာ ၂၅ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ အမေရိကန်စစ်တပ် အာဖရိကစစ်ဌာနချုပ်က ယင်းနောက် မကြာမီ ဤသတင်းကို အတည်ပြုခဲ့သည်။
ထရမ့်က ISIS အကြမ်းဖက်သမားများသည် အမြဲလိုပင် “အပြစ်မဲ့ ခရစ်ယာန်ဘာသာဝင်များကို ရက်စက်စွာ သတ်ဖြတ်နေ” ကြောင်း၊ ၎င်းအနေဖြင့် ဤအကြမ်းဖက်သမားများအား ကြီးမားသော ကြေကွဲဖွယ်တန်ဖိုးကို ပေးဆပ်ရမည်ဟု သတိပေးခဲ့ကြောင်း ဆိုခဲ့သည်။ ထရမ့်က အမေရိကန်သည် “အစွန်းရောက် ISIS အကြမ်းဖက်ဝါဒ ကြီးထွားပြန့်ပွားမည်ကို လုံးဝ ခွင့်ပြုမည်မဟုတ်” ဟုလည်း ပြောကြားခဲ့သည်။
ထရမ့်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့၏ အမိန့်အရ အမေရိကန်စစ်တပ်သည် ထိုနေ့တွင်ပင် နိုင်ဂျီးရီးယားနိုင်ငံဘက်နှင့် ညှိနှိုင်းဆောင်ရွက်ကာ ယင်းနိုင်ငံ ဆိုကိုတိုပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်၍ ISIS စခန်းများစွာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ဂျာမနီနိုင်ငံ Stuttgart မြို့တွင် ရုံးချုပ်တည်ဆောက်ထားသော အမေရိကန်စစ်တပ် အာဖရိကစစ်ဌာနချုပ်၏ သတင်းတစ်ခုတွင် ဖော်ပြထားသည်။ အကြမ်းဖက်သမားအများအပြား သေဆုံးခဲ့ကြောင်း ကနဦးအကဲဖြတ်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
……………………….
(Chinese Version)
美军空袭尼日利亚境内“伊斯兰国”目标
新华社华盛顿12月25日电 美国总统特朗普25日傍晚在社交媒体发文说,美国当天对尼日利亚西北部的极端组织“伊斯兰国”恐怖分子发动了“强大且致命”的打击。美军非洲司令部稍后证实这一消息。
特朗普称“伊斯兰国”恐怖分子一直在“残忍地杀害无辜基督徒”,说他曾经警告要让这些恐怖分子付出惨痛代价。特朗普还说,美国“绝不会允许激进伊斯兰恐怖主义滋生蔓延”。
总部设在德国斯图加特的美军非洲司令部在一份新闻稿中说,美军当天根据特朗普和美国防部长赫格塞思的命令,与尼方协调,在尼日利亚索科托州发动空袭,打击“伊斯兰国”多座营地。初步评估显示,多名恐怖分子被打死。(完)
图说:11月25日,在美国首都华盛顿,美国总统特朗普离开白宫。新华社记者 胡友松 摄
