Africa & Middle East
ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရက ISIS အဖွဲ့ အဓိကခေါင်းဆောင်အား ပစ်ခတ်ရှင်းလင်းလိုက်သည်ဟု ဆို
ဒမတ်စကတ်စ်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ လုံခြုံရေးတပ်ဖွဲ့သည် ရစ်ဒမတ်ရှ်ပြည်နယ်နှင့် အလက်ပိုပြည်နယ်တွင် လှုပ်ရှားမှုသုံးကြိမ် လုပ်ဆောင်ခဲ့ရာ အစွန်းရောက်အဖွဲ့ ISIS ၏ အဓိကခေါင်းဆောင်တစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ပြီး အဆိုပါအဖွဲ့၏ အဖွဲ့ဝင် ၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဆီးရီးယားနိုင်ငံ အသွင်ပြောင်းရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်တွင် ကြေညာချက်များစွာ ထုတ်ပြန်ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့သည် သတင်းထောက်လှမ်းရေးဌာနချုပ်နှင့်ပူးပေါင်း၍ ISIS တိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ကာ ရစ်ဒမတ်ရှ်ပြည်နယ် ဘူဝေဒါမြို့ ၌ တိကျစွာလှုပ်ရှားမှု လုပ်ဆောင်ပြီး ဆီးရီးယားနိုင်ငံရှိ ISIS အဖွဲ့၏ အဓိကခေါင်းဆောင် Mohammed Shadahada (အခြားအမည် Abu Omar Shaddad) အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ Mohammed Shadahada သည် ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် ISIS အဖွဲ့ လှုပ်ရှားမှုများကို တာဝန်ယူရပြီး အဆိုပါဒေသခံပြည်သူများ၏ လုံခြုံရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေကြောင်း ကြေညာချက်က ဆိုထားသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့နှင့် သတင်းထောက်လှမ်းရေးဌာနချုပ်၊ ISIS တိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းပြီး ရစ်ဒမတ်ရှ်ပြည်နယ် မာရီဟာဒေသ၌ ISIS အဖွဲ့၏ အုပ်စုငယ် ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးရမိခဲ့သလို လက်နက်ကျည်ဆန် အများအပြားနှင့် အဆိုပါခေါင်းဆောင်သည် အကြမ်းဖက်လှုပ်ရှားမှုများတွင် တိုက်ရိုက်ပါဝင်ကြောင်း သက်သေပြနိုင်သည့် စာရွက်စာတမ်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်။
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့က ISIS အဖွဲ့ငယ်တစ်ခု၏ ခိုအောင်းရာနေရာအား လှုပ်ရှားမှုလုပ်ဆောင်ခဲ့ရာ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ISIS အဖွဲ့သည် ၂၀၁၉ ခုနှစ် မတ်လတွင် ဆီးရီးယားနိုင်ငံရှိ နောက်ဆုံးအဓိကအခြေစိုက်နေရာကို ဆုံးရှုံးခဲ့သော်လည်း ၎င်း၏ကျန်ရှိသောအင်အားစုများက အရှေ့ပိုင်းသဲကန္တာရဒေသ၌ လှုပ်ရှားနေဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဆီးရီးယားနိုင်ငံ၌ နိုင်ငံရေးအခြေအနေ ကြီးမားသော အပြောင်းအလဲဖြစ်ပြီးနောက် ISIS အဖွဲ့က ဆီးရီးယားနိုင်ငံ၌ တိုက်ခိုက်မှုဖြစ်ရပ်များ သိသိသာသာ မြင့်တက်လာခဲ့သည်။
ဆီးရီယားနိုင်ငံအနေဖြင့် အမေရိကန်က ဦးဆောင်သော ISIS တိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှု ကြေညာချက်တစ်ရပ်အား လက်မှတ်ရေးထိုးပြီး ဆီးရီးယားက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် ဒေသတွင်းတည်ငြိမ်မှုအား ထိန်းသိမ်းရေးကဏ္ဍ၌ မိတ်ဖက်အနေအထားကို အတည်ပြုခဲ့ကြောင်း ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းရေးအစိုးရ ပြန်ကြားရေးဝန်ကြီး Hamza Al-Mustafa က နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
叙利亚过渡政府称打死“伊斯兰国”重要头目
新华社大马士革12月25日电(记者程帅朋 冀泽)叙利亚过渡政府内政部25日发表多份声明,称叙安全部队在大马士革农村省和阿勒颇省实施三次行动,打死极端组织“伊斯兰国”一名重要头目,逮捕该组织4名成员。
声明说,安全部队与情报总局合作,并同打击“伊斯兰国”国际联盟协调,在大马士革农村省布韦达镇实施精准行动,打死“伊斯兰国“在叙重要头目穆罕默德·沙哈达(又名“阿布·奥马尔·沙达德”),沙哈达负责“伊斯兰国”在叙南部的活动,对该地区居民的安全构成直接威胁。
此外,安全部队与情报总局、打击“伊斯兰国”国际联盟合作,在大马士革农村省马利哈地区逮捕“伊斯兰国”一名小组头目,缴获大量武器弹药以及证明该头目直接参与恐怖活动的文件。在叙北部阿勒颇省,安全部队对“伊斯兰国”一个小组的藏身所实施行动,逮捕3名成员。
“伊斯兰国”于2019年3月失去在叙利亚的最后主要据点,但其残余势力仍活跃于东部沙漠地带。去年12月叙政局剧变后,“伊斯兰国”在叙袭击事件明显上升。
叙过渡政府新闻部长穆斯塔法11月称,叙方已与美国主导的打击“伊斯兰国”国际联盟签署一份政治合作宣言,确认叙利亚在打击恐怖主义和维护地区稳定方面的伙伴地位。(完)
1、这是12月7日拍摄的叙利亚首都大马士革街景。新华社发(阿马尔·萨法尔贾拉尼摄)
