Asia
တရုတ်က ကမ္ဘောဒီးယားအား ကူညီပံ့ပိုးသော ပထမအသုတ် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ဖနွမ်းပင်မြို့သို့ ရောက်ရှိ
ဖနွမ်းပင်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်အစိုးရမှ ကမ္ဘောဒီးယားထံ ပေးပို့သော ပထမအသုတ် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများသည် ဒီဇင်ဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝမ်ဝန်ပင်းနှင့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Ung Rachana စသည်တို့က လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ပထမအသုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများတွင် မိုးကာတဲများ၊ စောင်များနှင့် အစားအစာများ စသည်တို့ပါဝင်သည်။ ယခုတစ်သုတ် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများသည် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပဋိပက္ခတွင် ထိခိုက်ခံစားခဲ့ရသော ကမ္ဘောဒီးယားပြည်သူများအား လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ရန် ကူညီပေးသည့် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်ကို ကြိုဆိုပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအခြေအနေကို ခိုင်မာအောင်လုပ်ဆောင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်၍ တက်ကြွစွာပါဝင်သွားမည်ဖြစ်ကြောင်း ဝမ်းဝန်ပင်းက ပြောကြားခဲ့သည်။
Ung Rachana က ကမ္ဘောဒီးယားအစိုးရနှင့် ပြည်သူတို့ ကိုယ်စား တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများကို အထူးကျေးဇူးတင်လျက် ကမ္ဘောဒီးယားအစိုးရသည် ကမ္ဘောဒီးယား-တရုတ် သံမဏိပမာ ချစ်ကြည်ရေးကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံ၏ အပစ်ရပ် စစ်ပွဲအဆုံးသတ်ရေးအတွက် တက်ကြွစွာ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးမှုကို အထူးလေးစားချီးကျူးကြောင်း ပြောကြားခဲ့သည်။ (Xinhua)



…………………..
(Chinese Version)
首批中国援柬埔寨紧急人道主义物资运抵金边
新华社金边12月28日电(记者吴长伟)中国政府向柬埔寨提供的首批紧急人道主义援助物资28日运抵金边德崇国际机场。中国驻柬大使汪文斌和柬外交部国务秘书昂拉查纳等出席交接仪式。
首批紧急人道主义援助物资包括帐篷、毛毯、食品等。汪文斌表示,这批紧急人道主义援助物资将为受柬泰边境冲突波及的柬民众摆脱当前困境发挥作用。中方欢迎柬泰双方宣布停火,将继续为双方巩固停火局面发挥积极建设性作用。
昂拉查纳代表柬政府和人民衷心感谢中方提供援助,表示柬政府高度重视柬中铁杆友谊,高度赞赏中方为停火止战发挥积极建设性作用。(完)
图说:12月28日,首批中国援柬埔寨紧急人道主义物资运抵柬埔寨金边德崇国际机场。新华社发(中国驻柬埔寨大使馆供图)
