Connect with us

Asia

ဝမ်ရိနှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးခရိုင်အဆင့်မြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့ ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးခရိုင်အဆင့်မြို့၌ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝမ်ရိက တရုတ်- ကမ္ဘောဒီးယား သံမဏိပမာ ခိုင်မာသော ချစ်ကြည်ရေးသည် နိုင်ငံတကာ အခြေအ‌နေပြောင်းလဲမှု စမ်းသပ်ချက်များကို တွေ့ကြုံကျော်ဖြတ်လာပြီး ကျောက်သားသဖွယ်ခိုင်မာသလို အချိန်ကာလကြာလာသည်နှင့်အမျှ ပို၍ခိုင်မာမြဲမြံလာကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တင်းမာမှုအခြေအနေကို အထူးအာရုံစိုက်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် အစဉ် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံ စစ်တပ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ရာ ယင်းအပေါ် တရုတ်နိုင်ငံက ဂုဏ်ပြုဝမ်းမြောက်ကြောင်း၊ မိမိတို့အတူ ယူနန်မှ ထုတ်လွှင့်လိုက်သော ငြိမ်းချမ်းရေးသတင်းစကားများက ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန်၊ ငြိမ်းချုပ်ရေးအလားအလာများကို ပြသရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Prak Sokhonn က ပဋိပက္ခများ ကြားဝင်ဖျန်ဖြေပေးရန်အတွက် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို အထူးလေးစားတန်ဖိုးထားကြောင်း၊ ငြိမ်းချမ်းရေးအလင်းတန်း ဆောလျင်စွာ ကျရောက်ရန် မျှော်လင့်လျက် ယခုအကြိမ် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုက ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးအတွက် အကျိုးထမ်းပိုးရန် မျှော်မှန်းကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………….
(Chinese Version)
王毅会见柬埔寨副首相兼外交大臣布拉索昆
新华社昆明12月28日电(记者袁睿、王冠森)中共中央政治局委员、外交部长王毅28日在云南玉溪会见柬埔寨副首相兼外交大臣布拉索昆。
王毅表示,中柬铁杆友谊经受国际风云变幻考验,坚如磐石、历久弥坚。中方高度关注柬泰边境紧张局势,一直致力于劝和促谈。柬泰两国军方达成停火协议,中方对此表示祝贺。期待我们一起从云南发出和平声音,达成和平共识,展示和平前景。
布拉索昆说,柬方高度赞赏中方为斡旋冲突发挥的积极作用。期待和平曙光早日降临,希望此次三方会晤为重建持久和平作出贡献。(完)
图说:12月28日,中共中央政治局委员、外交部长王毅在云南玉溪会见柬埔寨副首相兼外交大臣布拉索昆。 新华社记者 王冠森 摄

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.