Europe
ရုရှား၊ အမေရိကန် သမ္မတ နှစ်ဦးလုံးက လူထုဆန္ဒခံယူပွဲကို အကြောင်းပြ၍ ယာယီအပစ်အခတ်ရပ်စဲခြင်းမှာ ရုရှား-ယူကရိန်းပဋိပက္ခကို ကြာရှည်စေမည်သာဖြစ်သည်ဟု ယူဆကြကြောင်း ကရင်မလင်နန်းတော် ဆို
မော်စကို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာတီမာ ပူတင်က ဒီဇင်ဘာ ၂၈ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ လူထုဆန္ဒခံယူပွဲကို အကြောင်းပြ၍ ယာယီအပစ်အခတ်ရပ်စဲခြင်းမှာ ရုရှား-ယူကရိန်းပဋိပက္ခကို ကြာရှည်စေမည်သာဖြစ်သည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။
ပူတင်နှင့် ထရမ့် ဖုန်းပြောဆိုမှုသည် အချိန် ၁ နာရီ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးမှုမှာ ခင်မင်ရင်းနှီးပြီး လက်တွေ့ကျကြောင်း Rossiya Segodnya သတင်းစာက Ushakov ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ ထရမ့်က ရုရှား-ယူကရိန်းပဋိပက္ခကို အမြန်ဆုံးအဆုံးသတ်ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနှင့် အမေရိကန်တို့သည် လုပ်ငန်းအဖွဲ့ ၂ ခု ဖွဲ့စည်းနေပြီး လုံခြုံရေးပြဿနာနှင့် စီးပွားရေး ကိစ္စရပ်တို့အား အသီးသီးတာဝန်ယူလုပ်ဆောင်မည်ဖြစ်ကြောင်း၊ စစ်ရေးပဋိပက္ခကို အပြည့်အဝ အဆုံးသတ်လိုပါက ယူကရိန်းအနေဖြင့် Donbas ဒေသ (အဓိကအားဖြင့် Donetsk မြို့နှင့် Luhansk မြို့တို့ ပါဝင်သော) အရေးနှင့် စပ်လျဉ်း၍ နိုင်ငံရေးအရ ဆုံးဖြတ်ချက်များ လုပ်ဆောင်သင့်ကြောင်း Ushakov က ပြောကြားခဲ့သည်။
ထရမ့်က ပူတင်နှင့် ဖုန်းပြောဆိုရာတွင် ရုရှားဘက်သည် နိုင်ငံရေးနှင့် သံတမန်ရေး လုပ်ဆောင်ချက်များမှတစ်ဆင့် ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းရန် မျှော်လင့်မည်ကို ၎င်းအနေဖြင့် ယုံကြည်ကြောင်း၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးစဉ် ရုရှား၏ ဤသဘောဆန္ဒကို ၎င်းက ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း Ushakov က ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့ နှောင်းပိုင်းတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။ တွေ့ဆုံဆွေးနွေးမှုပြီးနောက် ထရမ့်က ထိုဆွေးနွေးမှုရလဒ်နှင့် စပ်လျဉ်း၍ ပူတင်နှင့် ထပ်မံဖုန်းပြောဆိုကာ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း Ushakov က ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ၎င်းအနေဖြင့် ထရမ့်နှင့် ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ်တွင် ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရေးနှင့် စပ်လျဉ်းသည့် မူဘောင် သဘောတူညီမှုရရှိရန်၊ ယင်းတွင် “အချိန်ဇယား” တစ်ခုပါဝင်ရန် မျှော်လင့်ကြောင်း အမေရိကန်မီဒီယာ၏ ဒီဇင်ဘာ ၂၆ ရက် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။ အကယ်၍ ရုရှားသည် အနည်းဆုံး ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူပါက ၎င်းအနေဖြင့် အဆိုပြုထားသော ရုရှား-ယူကရိန်း “ငြိမ်းချမ်းရေးအစီအစဉ်” ကို လူထုဆန္ဒခံယူပွဲတွင် တင်သွင်းရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
克里姆林宫:俄美总统均认为以公投为借口暂时停火只会延长俄乌冲突
新华社莫斯科12月28日电 俄罗斯总统助理乌沙科夫28日说,俄总统普京当天与美国总统特朗普通电话,双方均认为,以公民投票为借口暂时停火只会延长俄乌冲突。
今日俄罗斯通讯社援引乌沙科夫的话报道,普京与特朗普的通话持续约1小时15分钟,气氛友好务实。特朗普强调需尽快结束俄乌冲突。
乌沙科夫说,俄美正组建两个工作组,将分别负责安全问题和经济事务。若想彻底结束军事冲突,乌方应就顿巴斯(主要包括顿涅茨克和卢甘斯克两个地区)问题作出政治决定。
乌沙科夫还说,特朗普与普京通话时表示,他确信俄方希望通过政治和外交途径解决乌克兰危机,他将在与乌克兰总统泽连斯基会晤时顾及俄方这一意愿。
特朗普定于当天晚些时候在美国佛罗里达州海湖庄园与泽连斯基会晤。乌沙科夫说,会晤结束后,特朗普将就会晤结果与普京再次通话磋商。
泽连斯基26日接受美国媒体采访时说,他希望28日与特朗普会晤时就结束俄乌冲突的框架达成一致,其中包括一份“时间表”。他同时表示,如果俄罗斯同意至少60天的停火,他愿意将拟议中的俄乌“和平计划”付诸公投。(完)
图说:这是4月22日在俄罗斯莫斯科拍摄的克里姆林宫。 新华社发(亚历山大摄)
