Connect with us

Europe

ဆားဘီးယားနိုင်ငံက နိုင်ငံရေးအင်အားအလုံးစုံဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံအားပေးကြောင်း Vucic ဆို

ဆားဘီးယားနိုင်ငံ Golubac မြို့လေး၌ “ဒန်းညု စင်္ကြံ (Danube Corridor)” အမြန်လမ်းစီမံကိန်းကို သွားရောက်စစ်ဆေးကြည့်ရှုရာတွင် မိန့်ခွန်းပြောကြားနေသော ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic အား ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Golubac ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံသည် နိုင်ငံရေးအင်အားအလုံးစုံဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံအားပေးကြောင်း ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vucic က ဒီဇင်ဘာ ၂၉ ရက်တွင် Golubac မြို့လေး၌ တရုတ်ကုမ္ပဏီတာဝန်ယူ တည်ဆောက်သော “ဒန်းညု စင်္ကြံ (Danube Corridor)” အမြန်လမ်းစီမံကိန်းကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့သည်။
“ထိုင်ဝမ်ဟာ တရုတ်နယ်မြေပိုင်နက်ရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်၊ ဒါကျွန်တော်တို့ရဲ့ရပ်တည်ချက်ဖြစ်သလို ဆားဘီယားနိုင်ငံရဲ့ မူဝါဒအဖြစ်လည်း ဆက်လက်တည်ရှိနေမှာဖြစ်တယ်” ဟု Aleksandar Vucic က ပြောကြားခဲ့သည်။

ဆားဘီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီမင်က တရုတ်နိုင်ငံသည် ဆားဘီးယားနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာထောက်ခံမှုအတွက် အထူးတန်ဖိုးထားကြောင်း၊ တရုတ်-ဆားဘီးယား နှစ်နိုင်ငံတို့သည် အပြန်အလှန်၏ အဓိကအကျိုးစီးပွားများနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် အစဉ်မြဲ အပြန်အလှန် နားလည်ပေးသလို အပြန်အလှန် ထောက်ခံအားပေးခဲ့ကြကာ စစ်ပြီးခေတ် နိုင်ငံတကာစည်းစနစ်ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတကာတရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းရန်အတွက် အရေးကြီးသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စံနှုန်းနှင့် စံနမူနာအဖြစ် စိုက်ထူခဲ့ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဆားဘီးယားနိုင်ငံ Golubac မြို့လေး၌ “ဒန်းညု စင်္ကြံ (Danube Corridor)” အမြန်လမ်းစီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………
(Chinese Version)
武契奇:塞尔维亚以全部政治力量支持一个中国原则
新华社塞尔维亚戈卢巴茨12月29日电(记者石中玉 金丹依)塞尔维亚总统武契奇29日在戈卢巴茨视察中企承建的“多瑙走廊”快速路项目时说,塞尔维亚以全部政治力量支持一个中国原则。
武契奇表示:“台湾是中国领土不可分割的一部分。这是我们的立场,也将继续是塞尔维亚的政策。”
中国驻塞尔维亚大使李明说,中方高度赞赏塞尔维亚坚定支持一个中国原则,中塞两国在涉及彼此核心利益问题上始终相互理解、相互支持,为捍卫战后国际秩序、维护国际公平正义作出了重要贡献,在国际社会树立了标杆和典范。(完)
图说1:这是12月29日在塞尔维亚戈卢巴茨市拍摄的“多瑙走廊”快速路项目施工现场。新华社发(王韡摄)
图说2:12月29日,在塞尔维亚戈卢巴茨市,塞尔维亚总统武契奇视察“多瑙走廊”快速路项目时发表讲话。新华社发(王韡摄)