North America
ထရမ့်နှင့် နေတန်ယာဟု တွေ့ဆုံဆွေးနွေး၊ အီရန်အား ခြိမ်းခြောက်
ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ်၌ ခရီးစဉ် ရောက်ရှိနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အကယ်၍ အီရန်က ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းပါက အမေရိကန်အနေဖြင့် အစ္စရေးက အီရန်အား ထပ်မံတိုက်ခိုက်ခြင်းကို ထောက်ခံအားပေးမည်ဟု ၎င်းက ခြိမ်းခြောက်ခဲ့သည်။
ထရမ့်က မာအာလာဂိုစံအိမ်တံခါးဝတွင် နေတန်ယာဟုအား ကြိုဆိုနေစဉ် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို “ကျွန်တော်တို့ လုံးဝဖျက်ဆီးပစ်မှာပါ” ဟူ၍ ဆိုခဲ့သည်။ အကယ်၍ အီရန်က နျူကလီးယားစွမ်းအင် ပြန်လည်တိုးတက်အောင် ကြိုးစားမည်ဆိုလျှင် ၎င်းအနေဖြင့် အီရန်ကို “ချက်ချင်း” တိုက်ခိုက်ရန် ထောက်ခံအားပေးမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထရမ့်၏ ဤစကားသည် အမေရိကန်အနေဖြင့် အစ္စရေးနှင့်အတူ အီရန်အား လေကြောင်းတိုက်ခိုက်မှုများထပ်မံ ပြုလုပ်နိုင်သည်ကို အရိပ်အမြွက်ပြသခဲ့ကြောင်း “The Times of Israel” သတင်းတွင် ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် ထရမ့်က အီရန်အား အမေရိကန်နှင့် အီရန်နျူကလီးယားအရေး သဘောတူညီချက်ရရှိရန် တိုက်တွန်းခဲ့ပြီး ၎င်းအနေဖြင့် “(အီရန်) အစိုးရအား ဖြုတ်ချခြင်း” အကြောင်း မပြောလိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ထရမ့်နှင့် နေတန်ယာဟုတို့သည် တွေ့ဆုံဆွေးနွေးမှုတွင် ဂါဇာကမ်းမြောင်ဒေသအခြေအနေကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ဂါဇာအပစ်ရပ်စဲရေး ဒုတိယအပိုင်းကို အမြန်ဆုံးစတင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်သော်လည်း ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ လက်နက်အင်အားကို မဖြစ်မနေဖယ်ရှားရမည်ဖြစ်ကြောင်း၊ “အဲလိုမှမဟုတ်ရင် ပြဿနာမြန်မြန်တက်မှာ” ဟု ထရမ့်က တွေ့ဆုံဆွေးနွေးမှုမစတင်မီ မီဒီယာများအား ပြောကြားခဲ့သည်။
ဂါဇာပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို “မကြာခင်တွင်” စတင်တော့မည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ ၎င်းက ဂါဇာအား “ကိုင်တွယ်ရန် ခက်ခဲတဲ့နေရာ” ဟုဆိုကာ ထိုဒေသများတွင် ကျန်းမာရေးဆိုင်ရာ အခြေအနေများ တိုးတက်ကောင်းမွန်စေရေး စသည့်လုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
ဇွန် ၁၃ ရက်တွင် အစ္စရေးက အီရန်နေရာ အများအပြားကို လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့သည်။ ပြန်လည်တုံ့ပြန်သောအားဖြင့် အီရန်က အစ္စရေးနယ်နိမိတ်အတွင်း မတူသော ပစ်မှတ်များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ထရမ့်က အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက် ညပိုင်းတွင် အီရန်၏ ဖော်ဒိုး၊ နာတန့်ဇ်၊ အက်စ်ဖာဟန် နျူကလီးယား အဆောက်အဦနေရာ ၃ ခုကို အမေရိကန်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုလ ၂၄ ရက်တွင်ပင် အစ္စရေးနှင့် အီရန်တို့က အမေရိကန် အဆိုပြုသော အပစ်ရပ်စဲရေးအစီအစဉ်ကို လက်ခံခဲ့ကြသည်။ (Xinhua)
…………………
(Chinese Version)
特朗普会晤内塔尼亚胡 对伊朗发出威胁
新华社华盛顿12月29日电 美国总统特朗普29日下午在佛罗里达州海湖庄园会晤到访的以色列总理内塔尼亚胡。他威胁称,如果伊朗试图重建弹道导弹项目,美方将支持以色列对伊朗再次发起打击。
特朗普在海湖庄园门口迎接内塔尼亚胡时回答媒体提问,称“我们会彻底摧毁”伊朗弹道导弹项目。他补充说,如果伊朗试图重新发展核能力,他会支持“立即”对伊朗发起打击。 《以色列时报》报道,特朗普这番话暗示美国可能再次与以色列一道对伊朗发动空袭。 特朗普同时敦促伊朗与美国就伊核问题达成协议,并表示他不想谈论“推翻(伊朗)政权”。
此外,特朗普与内塔尼亚胡还在会晤中重点讨论加沙地带局势。特朗普在会晤开始前告诉媒体,将努力尽快开始加沙停火第二阶段,但必须解除巴勒斯坦伊斯兰抵抗运动(哈马斯)的武装,“否则很快就会出问题”。
特朗普称,加沙重建工作将会“很快”开始。他称加沙是个“棘手的地方”,并表示当地现已开始改善卫生条件等工作。
6月13日,以色列对伊朗多地发起大规模空袭。作为回应,伊朗向以色列境内不同目标发动多轮导弹和无人机袭击。特朗普在美国东部时间当月21日晚宣布,美军空袭伊朗福尔道、纳坦兹和伊斯法罕三处核设施。同月24日,以色列和伊朗均宣布接受美方提出的停火方案。(完)
图说:2025年2月4日,在美国华盛顿白宫,美国总统特朗普(右)与到访的以色列总理内塔尼亚胡会晤后举行联合记者会。新华社记者胡友松摄
