Connect with us

North America

ဗင်နီဇွဲလားနိုင်ငံ မြေပြင်အဆောက်အဦတစ်ခုအား ဖျက်ဆီးနိုင်ခဲ့ဟု ထရမ့်ကြေညာ၊ ဗင်နီဇွဲလားဘက်က မှတ်ချက်ပြုခြင်းမရှိသေး

အမေရိကန်နိုင်ငံ အိမ်ဖြူတော်တွင် နိုင်ငံတော်မိန့်ခွန်းပြောကြားနေသော အမေရိကန်သမ္မတ ထရမ့်ကို ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Xinhua/Reuters)

ဝါရှင်တန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်က ဗင်နီဇွဲလား၌ လှုပ်ရှားမှုအတွင်း “အကြီးစား အဆောက်အဦ” တစ်ခုအား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ သတင်းထုတ်ပြန်သည့်အချိန်အထိ ဗင်နီဇွဲလားဘက်က အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက် ထုတ်ပြန်ခြင်း မရှိသေးပေ။
ဗင်နီဇွဲလားနိုင်ငံ၌ “သင်္ဘောဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် ဆိပ်ကမ်း” တွင် “ပေါက်ကွဲမှုကြီး” တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ “ကျွန်တော်တို့ သင်္ဘောအားလုံးကို တိုက်ခိုက်ခဲ့ပြီး အဲဒီဒေသကို တိုက်ခိုက်ခဲ့တယ် … အခုအဲဒီနေရာက မရှိတော့ဘူး” ဟု ထရမ့်က ထိုနေ့တွင် ဖလော်ရီဒါပြည်နယ် မာအာလာဂိုစံအိမ် တံခါးဝ၌ ခရီးစဉ်လာရောက်သည့် အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုအား ကြိုဆိုစဉ် မီဒီယာများအား ဖြေကြားခဲ့သည်။ အမေရိကန်က တိုက်ခိုက်မှုလုပ်ဆောင်သည့် အချိန်နှင့် နေရာအသေးစိတ်အား ၎င်းက ပြောကြားခဲ့ခြင်းမရှိပေ။

ထရမ့်က ၎င်းအနေဖြင့် လတ်တလောအတွင်း ဗင်နီဇွဲလား သမ္မတ မာဒူရိုနှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း “ရလဒ်သိပ်မရှိ” ခဲ့ကြောင်းလည်း ဆိုသည်။
အမေရိကန်မီဒီယာများစွာက အစောပိုင်းတွင် ထရမ့်၏ပြောဆိုချက်ကို ကိုးကား၍ အမေရိကန်စစ်တပ်သည် မကြာသေးမီရက်ပိုင်းက ဗင်နီဇွဲလားနိုင်ငံ၏ “သင်္ဘောများ စထွက်ရာ အကြီးစားစက်ရုံ သို့မဟုတ် အကြီးစားအဆောက်အဦ တစ်ခုအား” တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သတင်းဖော်ပြထားသည်။ အဆိုပါအဆောက်အဦ၏ အသေးစိတ်နေရာကိုမူ ထရမ့်က ပြောကြားခဲ့ခြင်းမရှိပေ။

အဆိုပါပြောဆိုချက်သည် ဖြစ်ရပ်မှန်ဖြစ်ပါက ယင်းသည် အမေရိကန်က နိုဝင်ဘာလတွင် “Operation Southern Spear” စစ်ရေးလှုပ်ရှားမှု စတင်ကြောင်း ကြေညာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဗင်နီဇွဲလား ကုန်းမြေပစ်မှတ်အား တိုက်ခိုက်မှု လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းကဆိုသည်။ လက်ရှိတွင် အမေရိကန်စစ်တပ်က ယင်းနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ခြင်း မရှိသေးပေ။
လတ်တလောကာလအတွင်း အမေရိကန်သည် “မူးယစ်ဆေးဝါးတိုက်ဖျက်ဖမ်းဆီးရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက် ကာရေဘီယံပင်လယ်ပြင်၌ စစ်ရေယာဉ်အစင်းရေများစွာ ဖြန့်ကြက်နေရာချထားခဲ့သည်။ ထရမ့်က ဗင်နီဇွဲလား “မူးယစ်ဆေးဝါးရောင်းချသူဂိုဏ်းများ” ကို ပစ်မှတ်ထားသည့် တိုက်ဖျက်ရေး လှုပ်ရှားမှုများအား ပင်လယ်ပြင်ပေါ်မှ ကုန်းမြေပေါ်သို့ တိုးချဲ့သွားမည်ဖြစ်ပြီး အမေရိကန်စစ်တပ်အနေဖြင့် မြေပြင်လှုပ်ရှားမှုများအား “အမြန်ဆုံး” လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်များစွာ ခြိမ်းခြောက်ခဲ့သည်။

ထရမ့်က ဒီဇင်ဘာ ၁၆ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ဗင်နီဇွဲလားနိုင်ငံအစိုးရအား “နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် သတ်မှတ်ခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအား အဝင်အထွက်ပြုလုပ်သည့် ဒဏ်ခတ်အရေးယူခံရသော ရေနံတင်သင်္ဘောအားလုံးအပေါ် ပိတ်ဆို့မှုလုပ်ဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ သမ္မတ မာဒူရိုက ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ် ဆန္ဒပြလှုပ်ရှားမှုအတွင်း နိုင်ငံတော်အလံအား ဝှေ့ယမ်းနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
特朗普宣称摧毁委内瑞拉一处地面设施 委方暂无表态
新华社华盛顿12月29日电 美国总统特朗普29日说,美国在对委内瑞拉行动中袭击了一处“大型设施”。截至发稿时,委内瑞拉方面尚未对此事件作出表态。
特朗普当天在佛罗里达州海湖庄园门口迎接到访的以色列总理内塔尼亚胡时对媒体说,在委内瑞拉“用船装运毒品的码头”发生了一次“大爆炸”,“我们打击了所有船只,打击了那个区域……现在那个地方已经不存在了”。他没有说明美国发动袭击的具体时间与地点。
特朗普还说,他最近和委内瑞拉总统马杜罗通过电话,但“没什么结果”。
据美国多家媒体早些时候援引特朗普的话报道,美军数日前摧毁了委内瑞拉“一个大型工厂或大型设施,船只就是从那里出发的”。特朗普没有说明该设施的具体位置。报道说,如果属实,这将是美国11月宣布发起“南方之矛”军事行动以来,首次对委内瑞拉陆地目标发动袭击。目前,美国军方对此未作出表态。
近期,美国以“缉毒”为由,在委内瑞拉附近加勒比海域部署多艘军舰。特朗普多次威胁,将把针对委内瑞拉“贩毒集团”的打击行动从海上扩大到陆地,美军将“很快”展开地面行动。12月16日,特朗普在社交媒体上发文,将委内瑞拉政府列为“外国恐怖组织”,并下令对所有进出委内瑞拉的受制裁油轮实施封锁。(完)
1. 当地时间12月17日,美国总统特朗普在白宫发表全国讲话。新华社/路透
2. 12月1日,委内瑞拉总统马杜罗在首都加拉加斯一场游行活动上挥舞国旗。新华社发

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.