Africa & Middle East
နိုင်ငံ ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများက ဂါဇာ၏ “ကပ်ဘေးသဖွယ်” လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအပေါ် လွန်စွာ စိုးရိမ်ပူပန်
လန်ဒန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊ ဂျပန်၊ နော်ဝေး၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက ပါလက်စတိုင်းဂါဇာကမ်းမြောင်ဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ထပ်မံဆိုးရွားလာခြင်းအပေါ် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး အစ္စရေးအစိုးရအနေဖြင့် အရေးပေါ် လိုအပ်သော အစီအမံများ ချက်ချင်းလုပ်ဆောင်ရန် တိုက်တွန်းထားသော ပူးတွဲကြေညာချက်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေသည် ကပ်ဘေးသဖွယ် အဆင့်တွင် ဆက်လက်တည်ရှိနေကြောင်း၊ ဆောင်းရာသီ ရောက်ရှိလာသည်နှင့်အမျှ အဆက်မပြတ် ပြင်းထန်စွာ မိုးရွာသွန်းမှု၊ အပူချိန် စဉ်ဆက်မပြတ် ကျဆင်းမှုများရှိလာရာ ဂါဇာကမ်းမြောင်ဒေသ အရပ်သားများသည် ဆိုးရွားသော အသက်ရှင်နေထိုင်ရန် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း၊ လက်ရှိတွင် လူဦးရေ ၁.၃ သန်းသည် နေထိုင်ရန်နေရာများ အရေးတကြီးလိုအပ်နေဆဲဖြစ်ကြောင်း၊ ဆေးကုသရေး အဆောက်အအုံများ၏ ထက်ဝက်ကျော်မှာ တစ်စိတ်တစ်ပိုင်းသာ လည်ပတ်နိုင်သေးပြီး အခြေခံဆေးကုသရေးဆိုင်ရာ ပစ္စည်းကိရိယာများနှင့် ထောက်ပံ့ရေးပစ္စည်းများ အလွန်ချို့တဲ့နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးများလာသော်လည်း အထောက်အပံ့ပစ္စည်းများ ဝင်ရောက်ခွင့် အတားအဆီးများစဉ်ဆက်မပြတ်ရှိနေသောကြောင့် အကူအညီပေးရေးလုပ်ငန်းတစ်ခုလုံးမှာ ပြင်းထန်သော အဟန့်အတားနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ဂါဇာကမ်းမြောင်ဒေသတွင် စဉ်ဆက်မပြတ်သော၊ ခန့်မှန်းနိုင်သော နည်းလမ်းဖြင့် လည်ပတ်နိုင်စေရန်အတွက် အရေးပေါ် လိုအပ်သော အစီအမံများ ချမှတ်ရန်၊ ကျိုးကြောင်းဆီလျော်မှုမရှိသော တင်သွင်းမှု ကန့်သတ်ချက်များကို ရုပ်သိမ်းရန်နှင့် နယ်စပ်ဂိတ်များကို ဖွင့်လှစ်ပြီး ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်မည့် ထောက်ပံ့ရေးပစ္စည်းများ ပမာဏကို သိသိသာသာ တိုးမြှင့်ရန် အစ္စရေးအစိုးရအား ကြေညာချက်တွင် တိုက်တွန်းထားသည်။ (Xinhua)

ဂါဇာမြို့ ယာယီနေထိုင်ရာ မိုးကာတဲအပြင်ဘက်တွင် ပါလက်စတိုင်းသားများအား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(Chinese Version)
十国外长对加沙“灾难性”人道主义局势表示严重关切
新华社伦敦12月30日电(记者郑博非 于艾岑)英国外交部30日发表由加拿大、丹麦、芬兰、法国、冰岛、日本、挪威、瑞典、瑞士和英国外交部长发布的联合声明,对巴勒斯坦加沙地带人道主义局势再次恶化表示严重关切,并敦促以色列政府立即采取紧急且必要措施。
声明说,当前加沙地带人道主义局势依然处于灾难性水平。随着冬季来临,强降雨不断、气温持续下降,加沙地带平民正面临恶劣生存条件,目前仍有130万人急需紧急住所援助。超过一半医疗设施仅能部分维持运转,并严重缺乏基本医疗设备和物资。
声明说,尽管停火以来进入加沙地带的人道主义援助有所增加,但由于持续存在的物资准入障碍,整体援助行动仍受到严重限制。
声明敦促以色列政府立即采取紧急且必要措施,确保联合国及国际非政府组织能够以持续、可预期的方式在加沙地带开展工作;解除不合理的进口限制;开放边境口岸并大幅增加进入加沙地带的物资数量。(完)
图说1:这是12月20日拍摄的暂住在加沙城一处垃圾场附近的巴勒斯坦儿童。 新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:12月12日,巴勒斯坦人站在加沙城临时栖身的帐篷外。新华社发(里泽克·阿卜杜勒贾瓦德摄)
