Asia
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မရှင် အထူးအစည်းအဝေး ကျင်းပရန်အခြေအနေ ယာယီမရှိသေးဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ဘန်ကောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
လက်ရှိ ထိုင်းနိုင်ငံအစိုးရသည် အိမ်စောင့်အစိုးရ အနေအထားဖြစ်ပြီး နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းများ ရှိနေဆဲဖြစ်ကာ လုံခြုံမှုမရှိသေးခြင်းကို ထောက်ရှု၍ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မရှင် အထူးအစည်းအဝေးကျင်းပရန် ယာယီမလုပ်ဆောင်နိုင်သေးဟု ယူဆကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မရှင် အထူးအစည်းအဝေး ကျင်းပရန်မှာ ကမ္ဘောဒီးယားဘက်က အစောပိုင်းတွင် အဆိုပြုထားခြင်းဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး မတိုင်မီက ဖြစ်ကြောင်း၊ လက်ရှိအခြေအနေမှာ ပြောင်းလဲသွားပြီဖြစ်ရာ သက်ဆိုင်ရာအဆိုပြုချက်ကို ပြန်လည်စဉ်းစားရန် လိုအပ်ကြောင်း Nikorndej က ဒီဇင်ဘာ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့အပြင် လက်ရှိ ထိုင်းနိုင်ငံအစိုးရသည် အိမ်စောင့်အစိုးရဖြစ်ပြီး သက်ဆိုင်ရာ နယ်နိမိတ်သတ်မှတ်ရေးဆိုင်ရာ အစည်းအဝေးကို တက်ရောက်ရန် သင့်လျော်သူ ရွေးချယ်စေလွှတ်နိုင်မှု မရှိခြင်းနှင့် နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်းအများအပြား ရှိသည့်အခြေအနေ၌ နှစ်ဖက်အနေဖြင့် တိုင်းတာမှတ်တမ်းကောက်ယူခြင်းနှင့် နယ်နိမိတ်သတ်မှတ်ရေးလုပ်ငန်းကို ဆောင်ရွက်နိုင်မှု မရှိခြင်းတို့ကြောင့် မိုင်းရှင်းလင်းရေးယန္တရားအား အတိအလင်းတည်ဆောက်ရန် လိုအပ်ကြောင်း၊ ထို့နောက်မှသာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မရှင် အထူးအစည်းအဝေးကျင်းပရန် အခြေအနေရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား နယ်စပ်ရေးရာအတွင်းရေးမှူးရုံးက ဒီဇင်ဘာ ၂၉ ရက် ထုတ်ပြန်သည့် သတင်းတွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံထံသို့ သံတမန်စာလွှာပေးပို့ပြီးဖြစ်ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမရက်သတ္တပတ်တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိ(ပ်)ပြည်နယ်၌ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရေးရာ ပူးတွဲကော်မရှင် အထူးအစည်းအဝေးကျင်းပရန် အဆိုပြုထားကြောင်း ဖော်ပြထားသည်။ (Xinhua)
——————-
(Chinese Version)
泰国外交部:暂不具备举行泰柬联合边界委员会特别会议条件
新华社曼谷12月30日电(记者夏康静 陈倩慈)泰国外交部发言人尼康德30日表示,鉴于当前泰国政府为看守状态以及边境地区仍有地雷尚不安全,泰方认为暂时无法举行泰柬联合边界委员会特别会议。
尼康德30日在例行新闻发布会上说,举行泰柬联合边界委员会特别会议是柬方早前的提议,早于东盟外长特别会议,当前形势已变,相关提议需要重新考虑。另外,鉴于当前泰国政府为看守政府,可能无法派出合适人选参加有关划界问题的会议,以及双方无法在边境地区仍有大量地雷的情况下进行勘测和划界工作,需建立明确排雷机制后,才具备举行泰柬联合边界委员会特别会议的条件。
柬埔寨边境事务国务秘书处29日发布新闻稿说,柬埔寨已向泰国发出外交照会,提议于2026年1月第一周在柬埔寨暹粒省举行柬泰联合边界委员会紧急特别会议。(完)
1. 12月30日,泰国外交部发言人尼康德在位于首都曼谷的外交部举行新闻发布会。新华社记者 常天童 摄
